ထုိင္းႏုိင္ငံမွာ ႏုိက္ကလပ္ပုိင္ရွင္ သူေဌးႀကီးတစ္ဦးဟာ သူ႕ရဲ႕အခ်စ္ကို ျငင္းဆန္ခဲ့တဲ့ အလွဘုရင္မေရြးခ်ယ္ပြဲမွာ သရဖူရရွိခဲ့ဖူးတဲ့ အလွဘုရင္မေလးနဲ႔ သူမရဲ႕ အခင္ဆုံးသူငယ္ခ်င္းကို ကြပ္မ်က္ခဲ့ေၾကာင္း သိရပါတယ္။ ေသဆုံးသူ ေကာင္မေလးရဲ႕အမည္ကေတာ့ Paweena Namueangruk (၂၀)ႏွစ္ျဖစ္ၿပီး၊ သူမရဲ႕ သူငယ္ခ်င္း Nantachai Jaritram (၂၁)ႏွစ္တုိ႔ ျဖစ္ပါတယ္။

ဒီအျဖစ္အပ်က္ဟာ ထုိင္းႏုိင္ငံ ေခ်ာင္ဘူရီမွာ ျဖစ္ခဲ့တာပါ။ တရားခံလုိ႔ယူဆရတဲ့ ကလပ္ပုိင္ရွင္ဆုိသူဟာ ဖူးခတ္မွာ အလြန္နာမည္ႀကီးတဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္ၿပီး သူဟာ Paweena ရဲ႕အခ်စ္ကုိရဖုိ႔ ေငြေၾကးနဲ႔ ၾသဇာအာဏာကို မ်ားစြာကုိအသုံးခ်ခဲ့ေပမယ့္ Paweena ရဲ႕အခ်စ္ကုိ ရရွိခဲ့ျခင္း မရွိပါဘူး။ ဒါေၾကာင့္ သူတုိ႔ကုိ ရက္ရက္စက္စက္ လုပ္ႀကံဖုိ႔ ေနာက္ကြယ္ကေန ေစခုိင္းခဲ့ပုံရပါတယ္။

ဒီမတုိင္ခင္ တစ္ရက္အလုိက Paweena ဟာ ေမြးေန႔ပြဲက်င္းပခဲ့ၿပီး ေနာက္တစ္ရက္မ်ာ သူငယ္ခ်င္းျဖစ္သူ Nantachai နဲ႔အတူ လူအမ်ားရဲ႕ေရွ႕ေမွာက္မွာပင္ ေသနတ္နဲ႔အပစ္သတ္ခံခဲ့ရတာ ျဖစ္ပါတယ္။ Paweena ဟာ ဦးေခါင္းကို ေသနတ္နဲ႔ေလးႀကိမ္အထိ ပစ္ခတ္ခံခဲ့ရသလုိ၊ ရင္ဘတ္ကုိတစ္ႀကိမ္ ပစ္ခတ္ခံခဲ့ရပါတယ္။

Nantachai ကေတာ့ ေသနတ္နဲ႔ (၃)ႀကိမ္ အပစ္ခံခဲ့ရတာပါ။ အလြန္ရက္စက္တဲ့ ျပစ္မႈကို က်ဴးလြန္ဖုိ႔ ေနာက္ကြယ္က ေစခုိင္းသူမွာ Panya Yingang (၄၃)ႏွစ္ျဖစ္ၿပီး ဖူးခတ္မွာဖြင့္လွစ္ထားတဲ့ ကလပ္မွာ ေသဆုံးသူ Paweena က အလွသရဖူမရခင္က အကမယ္အျဖစ္ အလုပ္လုပ္ခဲ့ဖူးပါတယ္။ သူမ အလွသရဖူရရွိခ်ိန္မွာ Panya က ျပန္ကပ္ျခင္းကို ခံခဲ့ရေပမယ့္ Paweena က လုံးဝျငင္းပယ္ခဲ့ပါတယ္။

Nantachai Panya ဟာ လြန္ခဲ့တဲ့(၂)ႏွစ္ေလာက္ကတည္းက Paweena ကို လက္ထပ္ဖုိ႔ႀကိဳးစားခဲ့ေပမယ့္ ဘယ္လုိမွ မေအာင္ျမင္ခဲ့ပါဘူး။ ေနာက္ဆုံးေတာ့ အခ်စ္ႀကီးလုိ႔ အမ်က္ႀကီးခဲ့ၿပီး၊ Paweena ကုိ ေကာင္ေလးတစ္ေယာက္နဲ႔ အတူေတြ႕ရတုိင္း၊ အသက္အႏၱရာယ္ကို လုပ္ႀကံမွာလုိ႔ မၾကာခဏၿခိမ္းေျခာက္ခဲ့ေၾကာင္း ဆုိပါတယ္။

ယင္းေနာက္ မိသားစုဘဏ္စာရင္းထဲကို ေပါင္ (၂၃၀၀၀) တန္ဖုိးရွိ ထုိင္းေငြေတြကို လႊဲၿပီး Paweena ရဲ႕မိဘေတြကို ထပ္မံစည္းရုံးခဲ့ေပမယ့္ မိဘေတြကလည္း သမီးျဖစ္သူက မၾကည္ျဖဴတဲ့သူမုိ႔ ေငြေတြကို ျပန္လႊဲေပးခဲ့ပါတယ္။ ျပစ္မႈက်ဴးလြန္ခဲ့သူေတြအနက္ Sanyan Srisuk (၄၃)ႏွစ္ဆုိသူကို မၾကာမီဖမ္းမိခဲ့ၿပီး သူကေတာ့ လုပ္ႀကံမႈအတြက္ Panya ဆီက ေပါင္ (၄၆၀)သာ ရရွိခဲ့တယ္လုိ႔ ေျပာပါတယ္။

ရဲတပ္ဖြဲ႕က Panya နဲ႔ ျပစ္မႈက်ဴးလြန္ရာမွာ ပါဝင္ခဲ့ၿပီး ထြက္ေျပးလြတ္ေျမာက္ေနတဲ့ Jirasak Unaiban (၃၄)ႏွစ္တုိ႔ကုိ ဖမ္းဆီးဖုိ႔ ရဲတပ္ဖြဲ႕က ဖမ္းဝရမ္းထုတ္ထားပါတယ္။ Panya ဟာ Paweena တုိ႔ကုိ လုပ္ႀကံၿပီးေနာက္ ေနအိမ္ကေန ေရွာင္ပုန္းသြားသူျဖစ္ပါတယ္။ ထုိင္းမီဒီယာေတြကေတာ့ အခုလုိ လူမဆန္စြာက်ဴးလြန္ခဲ့တဲ့ ျပစ္မႈႀကီးအတြက္ တရားခံေတြကို ျပင္းထန္တဲ့ျပစ္ဒဏ္ေတြေပးဖုိ႔ ေတာင္းဆုိေနပါတယ္။

source : thesun.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံမှာ နိုက်ကလပ်ပိုင်ရှင် သူဌေးကြီးတစ်ဦးဟာ သူ့ရဲ့အချစ်ကို ငြင်းဆန်ခဲ့တဲ့ အလှဘုရင်မရွေးချယ်ပွဲမှာ သရဖူရရှိခဲ့ဖူးတဲ့ အလှဘုရင်မလေးနဲ့ သူမရဲ့ အခင်ဆုံးသူငယ်ချင်းကို ကွပ်မျက်ခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူ ကောင်မလေးရဲ့အမည်ကတော့ Paweena Namueangruk (၂၀)နှစ်ဖြစ်ပြီး၊ သူမရဲ့ သူငယ်ချင်း Nantachai Jaritram (၂၁)နှစ်တို့ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ ချောင်ဘူရီမှာ ဖြစ်ခဲ့တာပါ။ တရားခံလို့ယူဆရတဲ့ ကလပ်ပိုင်ရှင်ဆိုသူဟာ ဖူးခတ်မှာ အလွန်နာမည်ကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သူဟာ Paweena ရဲ့အချစ်ကိုရဖို့ ငွေကြေးနဲ့ သြဇာအာဏာကို များစွာကိုအသုံးချခဲ့ပေမယ့် Paweena ရဲ့အချစ်ကို ရရှိခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် သူတို့ကို ရက်ရက်စက်စက် လုပ်ကြံဖို့ နောက်ကွယ်ကနေ စေခိုင်းခဲ့ပုံရပါတယ်။

ဒီမတိုင်ခင် တစ်ရက်အလိုက Paweena ဟာ မွေးနေ့ပွဲကျင်းပခဲ့ပြီး နောက်တစ်ရက်မျာ သူငယ်ချင်းဖြစ်သူ Nantachai နဲ့အတူ လူအများရဲ့ရှေ့မှောက်မှာပင် သေနတ်နဲ့အပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ Paweena ဟာ ဦးခေါင်းကို သေနတ်နဲ့လေးကြိမ်အထိ ပစ်ခတ်ခံခဲ့ရသလို၊ ရင်ဘတ်ကိုတစ်ကြိမ် ပစ်ခတ်ခံခဲ့ရပါတယ်။

Nantachai ကတော့ သေနတ်နဲ့ (၃)ကြိမ် အပစ်ခံခဲ့ရတာပါ။ အလွန်ရက်စက်တဲ့ ပြစ်မှုကို ကျူးလွန်ဖို့ နောက်ကွယ်က စေခိုင်းသူမှာ Panya Yingang (၄၃)နှစ်ဖြစ်ပြီး ဖူးခတ်မှာဖွင့်လှစ်ထားတဲ့ ကလပ်မှာ သေဆုံးသူ Paweena က အလှသရဖူမရခင်က အကမယ်အဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။ သူမ အလှသရဖူရရှိချိန်မှာ Panya က ပြန်ကပ်ခြင်းကို ခံခဲ့ရပေမယ့် Paweena က လုံးဝငြင်းပယ်ခဲ့ပါတယ်။

Nantachai Panya ဟာ လွန်ခဲ့တဲ့(၂)နှစ်လောက်ကတည်းက Paweena ကို လက်ထပ်ဖို့ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှ မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးတော့ အချစ်ကြီးလို့ အမျက်ကြီးခဲ့ပြီး၊ Paweena ကို ကောင်လေးတစ်ယောက်နဲ့ အတူတွေ့ရတိုင်း၊ အသက်အန္တရာယ်ကို လုပ်ကြံမှာလို့ မကြာခဏခြိမ်းခြောက်ခဲ့ကြောင်း ဆိုပါတယ်။

ယင်းနောက် မိသားစုဘဏ်စာရင်းထဲကို ပေါင် (၂၃၀၀၀) တန်ဖိုးရှိ ထိုင်းငွေတွေကို လွှဲပြီး Paweena ရဲ့မိဘတွေကို ထပ်မံစည်းရုံးခဲ့ပေမယ့် မိဘတွေကလည်း သမီးဖြစ်သူက မကြည်ဖြူတဲ့သူမို့ ငွေတွေကို ပြန်လွှဲပေးခဲ့ပါတယ်။ ပြစ်မှုကျူးလွန်ခဲ့သူတွေအနက် Sanyan Srisuk (၄၃)နှစ်ဆိုသူကို မကြာမီဖမ်းမိခဲ့ပြီး သူကတော့ လုပ်ကြံမှုအတွက် Panya ဆီက ပေါင် (၄၆၀)သာ ရရှိခဲ့တယ်လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့က Panya နဲ့ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ Jirasak Unaiban (၃၄)နှစ်တို့ကို ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားပါတယ်။ Panya ဟာ Paweena တို့ကို လုပ်ကြံပြီးနောက် နေအိမ်ကနေ ရှောင်ပုန်းသွားသူဖြစ်ပါတယ်။ ထိုင်းမီဒီယာတွေကတော့ အခုလို လူမဆန်စွာကျူးလွန်ခဲ့တဲ့ ပြစ်မှုကြီးအတွက် တရားခံတွေကို ပြင်းထန်တဲ့ပြစ်ဒဏ်တွေပေးဖို့ တောင်းဆိုနေပါတယ်။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top