ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×




Credit:Popolay

#Unicode Version#
သြဂုတ် ၈ ရက်နေ့က ထွက်ခွာလာတဲ့ အမှတ် ၁၃၁ လားရှိုးအဆန် မီးရထားပေါ်မှာ မြန်မာ့မီးရထားရဲ့ ဂုဏ်သိက္ခာကိုသာမက မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကြီးတစ်ခုလုံးရဲ့ ပုံရိပ်ကို ကျဆင်းစေတဲ့ လုပ်ရပ်ကို  မြန်မာ့မီးရထားမှ လက်မှတ်စစ်ဆိုသူတစ်ဦးမှ ပြုမူခဲ့ကြောင်း အဆိုပါမီးရထားပေါ်တွင် လိုက်ပါစီနင်းခဲ့သော ခရီးသည်တစ်ဦးမှ ဓါတ်ပုံများနဲ့တစ်ကွ ဖော်ပြထားပါတယ်။

ဓါတ်ပုံများတွင် တွေ့ရှိချက်အရ ရထားတွဲပေါ်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များ ပါရှိပြီး ခရီးသည်အများရှေ့မှာတင် စိတ်အနှောက်ယှက်ဖြစ်စေမည့် ပုံစံဖြင့်နေထိုင်ပြုမူခြင်း၊ တာဝန်ချိန်တွင် အရက်သေစာ သောက်စားနေခြင်း၊ မူးယစ်ပြီးနောက် အများသူငါများရှေ့တွင် အမြင်မသင့်တော်သည့် အနေအထိုင်များဖြင့် ရှိနေခဲ့သည်ကို တွေ့ရပါတယ်။

သို့ဖြစ်ပါ၍ မြန်မာ့မီးရထားနဲ့ အစိုးရဝန်ထမ်းလောကသားများ၏ ပုံရိပ်ကိုသာမက မြန်မာနိုင်ငံ၏ ပုံရိပ်ကိုပါ ကျဆင်းစေသော ယင်းဖြစ်ရပ်အား တာဝန်ရှိသူများအနေနဲ့ စိစစ်စုံစမ်းဆောင်ရွက်နိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Popolay


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top