မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ဂ်က္စတင္ဘီဘာနဲ႕ ဆလီနာတို႕ရဲ႕ ပံုသစ္ေတြ မေန႕ညက Instagram မွာတင္ခဲ့ပါတယ္။ ပထမဆံုး ဘီဘာက သူ႕ရဲ႕လက္ရွိခ်စ္သူ ေဟလီဘယ္လ္၀င္ တို႕မရႊင္မျပျဖစ္ေနတဲ့ပံုကို တင္ခဲ့ပါတယ္။ သူတို႕မဂၤလာေဆာင္ကို ေနာက္ဆုတ္လိုက္ေၾကာင္း သတင္းထြက္ေပၚၿပီးေနာက္ တင္လိုက္တဲ့ပံုျဖစ္ပါတယ္။

အဲ့ဒီပံုတင္ၿပီး ေနာက္ တစ္နာရီ၀န္းက်င္ေလာက္မွာ ဆလီနာဂိုးမက္ဇ္ က ‘ဘ၀ဟာ ေပ်ာ္စရာပါ’ လို႕ေခါင္းစဥ္တပ္ထားတဲ့ ကမ္းေျခမွာ ေပ်ာ္ေနတဲ့ ပံုေတြကိုတက္လာခဲ့ပါတယ္။ ဆလီနာရဲ႕ ပထမပံုမွာေတာ့ သူ(မ)ရဲ႕သူငယ္ခ်င္းေတြနဲ႕ ရြက္ေလွစီးေနတဲ့ပံုတင္တာျဖစ္ၿပီး ေနာက္တစ္ပံုကေတာ့ ေရကူး၀တ္စံု၀တ္ဆင္ထားၿပီး ဆံပင္ရွည္ရွည္ေလးနဲ႕ ခ်စ္စရာေကာင္းေနတဲ့ ဆလီနာတစ္ေယာက္တည္းပံု တင္ထားတာျဖစ္ပါတယ္။

ေနာက္ၿပီး ဆလီနာရဲ႕သူငယ္ခ်င္းျဖစ္သူ Caleb Stevens နဲ႕တြဲရိုက္ထားတဲ့ပံုတင္ထားပါတယ္။

ေနာက္ၿပီး ကားေပၚမွာလည္း သူငယ္ခ်င္းေတြနဲ႕အတူ ေပ်ာ္ေပ်ာ္ပါးပါး live လႊင့္ရင္း သူ(မ)ရဲ႕ အႏုပညာလႈပ္ရွားမႈေတြ အေၾကာင္းကို ပရိသတ္ကို အသိေပးသြားပါေသးတယ္။ ဆလီနာရဲ႕ခ်စ္သူေဟာင္း ေဂ်ဘီ ကေတာ့သူ႕ရဲ႕အခ်စ္သစ္နဲ႕ မဂၤလာေဆာင္ကို ေနာက္ႏွစ္အထိ ေရႊ႕လိုက္တယ္ လို႕သိရပါတယ္။

သူတို႕ရဲ႕မဂၤလာပြဲ ျဖစ္လာမွာမဟုတ္ဘူးလို႕လည္းထင္ေၾကးေပး ေျပာေနၾကတာေတြ ရွိေနပါတယ္။ ဘာလို႕လည္းဆိုေတာ့ ၿပီးခဲ့တဲ့တစ္ပတ္က သူတို႕ရဲ႕ဆက္ဆံေရးနဲ႕ပတ္သက္ၿပီး ငိုေနရတဲ့ ပံုကိုလူမႈမီဒီယာေတြမွာ တင္ခဲ့လို႕ျဖစ္ပါတယ္။

သူတို႕ရဲ႕ႏွလံုးသားေတြ ေျပာင္းလည္းသြားသည္ျဖစ္ေစ မေျပာင္းလဲသည္ျဖစ္ေစ ဆလီနာကေတာ့ တစ္ေယာက္တည္းလည္း ေပ်ာ္ရႊင္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မိုးစက္ေလး- MyanmarNote
# Unicode Version ျဖင့္ ဖတ္ပါ #
ဂျက်စတင်ဘီဘာနဲ့ ဆလီနာတို့ရဲ့ ပုံသစ်တွေ မနေ့ညက Instagram မှာတင်ခဲ့ပါတယ်။ ပထမဆုံး ဘီဘာက သူ့ရဲ့လက်ရှိချစ်သူ ဟေလီဘယ်လ်ဝင် တို့မရွှင်မပြဖြစ်နေတဲ့ပုံကို တင်ခဲ့ပါတယ်။ သူတို့မင်္ဂလာဆောင်ကို နောက်ဆုတ်လိုက်ကြောင်း သတင်းထွက်ပေါ်ပြီးနောက် တင်လိုက်တဲ့ပုံဖြစ်ပါတယ်။

အဲ့ဒီပုံတင်ပြီး နောက် တစ်နာရီဝန်းကျင်လောက်မှာ ဆလီနာဂိုးမက်ဇ် က ‘ဘဝဟာ ပျော်စရာပါ’ လို့ခေါင်းစဉ်တပ်ထားတဲ့ ကမ်းခြေမှာ ပျော်နေတဲ့ ပုံတွေကိုတက်လာခဲ့ပါတယ်။ ဆလီနာရဲ့ ပထမပုံမှာတော့ သူ(မ)ရဲ့သူငယ်ချင်းတွေနဲ့ ရွက်လှေစီးနေတဲ့ပုံတင်တာဖြစ်ပြီး နောက်တစ်ပုံကတော့ ရေကူးဝတ်စုံဝတ်ဆင်ထားပြီး ဆံပင်ရှည်ရှည်လေးနဲ့ ချစ်စရာကောင်းနေတဲ့ ဆလီနာတစ်ယောက်တည်းပုံ တင်ထားတာဖြစ်ပါတယ်။

နောက်ပြီး ဆလီနာရဲ့သူငယ်ချင်းဖြစ်သူ Caleb Stevens နဲ့တွဲရိုက်ထားတဲ့ပုံတင်ထားပါတယ်။

နောက်ပြီး ကားပေါ်မှာလည်း သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး live လွှင့်ရင်း သူ(မ)ရဲ့ အနုပညာလှုပ်ရှားမှုတွေ အကြောင်းကို ပရိသတ်ကို အသိပေးသွားပါသေးတယ်။ ဆလီနာရဲ့ချစ်သူဟောင်း ဂျေဘီ ကတော့သူ့ရဲ့အချစ်သစ်နဲ့ မင်္ဂလာဆောင်ကို နောက်နှစ်အထိ ရွှေ့လိုက်တယ် လို့သိရပါတယ်။

သူတို့ရဲ့မင်္ဂလာပွဲ ဖြစ်လာမှာမဟုတ်ဘူးလို့လည်းထင်ကြေးပေး ပြောနေကြတာတွေ ရှိနေပါတယ်။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့တစ်ပတ်က သူတို့ရဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီး ငိုနေရတဲ့ ပုံကိုလူမှုမီဒီယာတွေမှာ တင်ခဲ့လို့ဖြစ်ပါတယ်။

သူတို့ရဲ့နှလုံးသားတွေ ပြောင်းလည်းသွားသည်ဖြစ်စေ မပြောင်းလဲသည်ဖြစ်စေ ဆလီနာကတော့ တစ်ယောက်တည်းလည်း ပျော်ရွှင်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မိုးစက်လေး- MyanmarNote
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top