ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×






Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
ပြီးခဲ့တဲ့ရက်မှာ ကိုကိုလင်းမောင်တစ်ယောက် သူတင်ခဲ့တဲ့ ပိုစ်တစ်ခုကြောင့် ဝေဖန်မှုတွေများစွာမြင့်တက်ခဲ့ပါတယ် ။ မနေ့ညက…ခုလတ်တလော လူတိုင်းနီးပါးက စိတ်ဝင်စားနေကြတဲ့ MMID နောက်ဆုံးအဆင့်ကို ပြိုင်ကြမဲ့ကလေး၂ယောက်ထဲက ချမ်းမြေ့မောင်ချိုလေးရဲ့ vdoဖိုင်လေးတတ်လာလို့ ကြည့်ဖြစ်သွားယင်း

သူတို့FAN တွေ အနေအထား သိချင်တာရယ်ကြောင့်… အပျော်သဘောအနေနဲ့ #ဆေးထိုးလတ်အူးမယ်နော်# ဆိုပီး status လေးတစ်ခု အပြောင်အပျက် စ’နောက်ပီး တင်လိုက်ပါတာဖြစ်ပေမယ့် တချို့သောသူတွေက ကိုကိုလင်းမောင်ကို စကားလုံးကြမ်းကြမ်းတမ်းတမ်းတွေနဲ့တိုက်ခိုက်ခဲ့ကြတာပါ။

ဒီကိစ္စ နဲ့ ပတ်သက်ပြီး ကိုကို လင်းမောင်က ဒီနေ့ဖြေရှင်းလိုက်ပါတာကတော့ ဒီလိုပါ ……ကိုကိုလင်းမောင်က “အဲဒီ status နဲ့ပတ်သက်ပီး ပထမဆုံးပြောချင်တာက …မည်သည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်/အကြာင်းအရာကိုမှ ထိခိုက်စေလိုသည့် ရည်ရွယ်ချက်နဲ့တင်တာ မဟုတ်ကြောင်းကို ဖတ်ကြည့်ရုံနဲ့ လူတော်တော်များများ နားလည်လိမ့်မယ်လို့ ထင်မိပါတယ်. နောက်တစ်ခု က ကျနော့သမီးအကြီးနဲ့မှ ရွယ်တူဖြစ်တဲ့ ချမ်းမြေ့မောင်ချိုရဲ့ နေမကောင်းတဲ့ ပုံလေးတွေ FB မှာ တက်လာတာ ထပ်တွေ့လိုက်တော့ ..အော်.. ငါ့တင်လိုက်တဲ့ status ကြောင့် အနှောင့်အယှက်ပိုဖြစ်သွားယင်..ဆိုတဲ့စိတ်နဲ့ စိတ်မကောင်းဖြစ်မိပါတယ်…အဲ့ဒီအတွက် so sorry ပါ သမီးလေးရေ.. ဖြိုးမြတ်အောင် လည်းကြိုးစားနေတဲ့.. သူ့အရည်အချင်းနဲ့သူရှိနေတဲ့ ကလေးတစ်ယောက်ပါ… လို့ရေးသားထားတာကို တွေ့ရပါတယ်… ပတ္တမြားမှန်ယင် နွံမနစ်ပါဖူး…. ” လို့အားပေးထားတာဖြစ်ပါတယ်။

ကိုကိုလင်းမောင်က ” ဒီ status ကြောင့် ရလိုက်တဲ့အကျိုးအမြတ်ကတော့…comments လာရေးတဲ့သူတွေရဲ့အတွင်းစိတ်(အဇ္စုတ)ကိုအားလုံးမြင်လိုက်ရခြင်းပါပဲ…(မည်သူ့ကိုမှ unfriend မလုပ်ပေးပါ၊ ကိုယ်အထှာနှင့်ကိုယ်သဘောပေါက်ကြပါရန်)/ အကောင့်အတုများ /profile ပုံအမှန်မတင်ရဲပဲ comments ပေးသူများကိုလည်းသူရဲကောင်းများအဖြစ် ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါဒယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်

ပြိုင်ပွဲတစ်ခုအားပေးရာမှာ ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်ကို ဂုဏ်သိက္ခာရှိရှိ မဲပေးရွေးချယ်နိုင်တာဖြစ်ပေမယ့် ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ အားပေးသူတွေလည်း ရှိနေသူတွေကြောင့်လည်း တခြားသောသူတွေ အနှောင့်အယှက်ဖြစ်ရတာ ကောင်းသလားဆိုတာ မှတ်ချက်မှာပြောပြပေးလိုက်ကြပါနော်

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top