iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္း ပိုမိုတိုးတက္လာေစဖို႔အတြက္ MMA ေရႊခါးပတ္ႏွစ္ခုခ်န္ပီယံ ေအာင္လအန္ဆန္ကို သံတမန္အေနနဲ႔ခန္႔အပ္ဖို႔ ညွုိႏႈိင္းေနပါတယ္။ ျမန္မာႏိုင္ငံဟိုတယ္ႏွင္႔ခရီးသြားလာေရးဝန္ႀကီးဌာနက ေအာင္လအန္ဆန္ကို ကမ္းလွမ္းထားတာျဖစ္ၿပီးအေသးစိတ္အခ်က္အလက္ေတြကို ညွုိႏႈိင္းေနၾကတာပါ။

ျမန္မာ႔စပါးအံုးလို႔ ကမာၻကသိတဲ႔ MMA ဖိုက္တာ ေအာင္လအန္ဆန္တစ္ေယာက္ ျမန္မာႏိုင္ငံရဲ႕ခရီးသြားသံတမန္ျဖစ္လာဖို႔ရွိေနပါတယ္။ ေအာင္လအန္ဆန္ဟာ ျမန္မာႏိုင္ငံမွာ အခ်ိန္တိုအတြင္း လူသိမ်ားလာၿပီး တစ္ႏိုင္ငံလံုးအားေပးတဲ႔ အားကစားသမားတစ္ဦးျဖစ္သလို ျမန္မာႏိုင္ငံအတြက္ လူမႈအက်ိဳးျပဳ လုပ္ငန္းအခ်ိဳ႕ကိုလည္းေဆာင္ရြက္ေနသူျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဟိုတယ္နဲ႔ခရီးသြားလာေရးဝန္ႀကီးဌာနက ျမန္မာ႔ခရီးသြားလုပ္ငန္းတိုးတက္လာဖို႔အတြက္ သံတမန္ေတြ ခန္႔အပ္ဖို႔စီစဥ္ေနတဲ႔စာရင္းမွာ ေအာင္လရဲ႕အမည္ပါဝင္ခဲ႔တာပါ။ လက္ရွိအခ်ိန္မွာေတာ႔ ဝန္ႀကီးဌာန နဲ႔ ကစားသမားတို႔ အေသးစိတ္ညွုိႏႈိင္းမႈေတြလုပ္ေနၿပီး ၾသဂုတ္လအတြင္းမွာ တရားဝင္သတင္းထုတ္ျပန္ဖို႔ရွိေနပါတယ္။

ေအာင္လအန္ဆန္ကို သံတမန္ခန္႔အပ္ဖို႔ ညွုိႏႈိင္းေနတဲ႔ ရည္ရြယ္ခ်က္နဲ႔ပတ္သက္ၿပီး “ကိုေအာင္လကို ခရီးသြားသံတမန္အေနနဲ႔ခန္႔ဖို႔အတြက္ ဝန္ႀကီးဌာနနဲ႔ညွုိေနတယ္လို႔ကြ်န္ေတာ္တို႔သိရပါတယ္။ အတည္ျပဳလို႔ ေတာ႔မရေသးပါဘူး။ ျမန္မာ႔ခရီးသြားလုပ္ငန္းတိုးတက္ဖို႔ ေဆာင္ရြက္ေနတဲ႔ စီမံကိန္းရဲ႕အစိတ္အပိုင္းတစ္ရပ္အေနနဲ႔ပါ။”လို႔ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္း တြဲဖက္အတြင္းေရးမွဴး ကိုၿဖိဳးေဇာ္ေဝက ေျပာပါတယ္။

ေအာင္လအန္ဆန္ဟာ အေမရိကန္ႏိုင္ငံသားခံယူထားတဲ႔ ကခ်င္လူမ်ိဳးတစ္ဦးျဖစ္ၿပီး MMA ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဳင္ေနသူပါ။ လက္ရွိအခ်ိန္မွာ ေအာင္လအန္ဆန္ဟာ One Middleweight World Champion နဲ႔ ONE Light Heavyweight World Champion ေရႊခါးပတ္ႏွစ္ခုခ်န္ပီယံလည္းျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာစေဖို့အတွက် MMA ရွှေခါးပတ်နှစ်ခုချန်ပီယံ အောင်လအန်ဆန်ကို သံတမန်အနေနဲ့ခန့်အပ်ဖို့ ညှိုနှိုင်းနေပါတယ်။ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အောင်လအန်ဆန်ကို ကမ်းလှမ်းထားတာဖြစ်ပြီးအသေးစိတ်အချက်အလက်တွေကို ညှိုနှိုင်းနေကြတာပါ။

မြန်မာ့စပါးအုံးလို့ ကမ္ဘာကသိတဲ့ MMA ဖိုက်တာ အောင်လအန်ဆန်တစ်ယောက် မြန်မာနိုင်ငံရဲ့ခရီးသွားသံတမန်ဖြစ်လာဖို့ရှိနေပါတယ်။ အောင်လအန်ဆန်ဟာ မြန်မာနိုင်ငံမှာ အချိန်တိုအတွင်း လူသိများလာပြီး တစ်နိုင်ငံလုံးအားပေးတဲ့ အားကစားသမားတစ်ဦးဖြစ်သလို မြန်မာနိုင်ငံအတွက် လူမှုအကျိုးပြု လုပ်ငန်းအချို့ကိုလည်းဆောင်ရွက်နေသူဖြစ်ပါတယ်။

မြန်မာနိုင်ငံဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်လာဖို့အတွက် သံတမန်တွေ ခန့်အပ်ဖို့စီစဉ်နေတဲ့စာရင်းမှာ အောင်လရဲ့အမည်ပါဝင်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဝန်ကြီးဌာန နဲ့ ကစားသမားတို့ အသေးစိတ်ညှိုနှိုင်းမှုတွေလုပ်နေပြီး သြဂုတ်လအတွင်းမှာ တရားဝင်သတင်းထုတ်ပြန်ဖို့ရှိနေပါတယ်။

အောင်လအန်ဆန်ကို သံတမန်ခန့်အပ်ဖို့ ညှိုနှိုင်းနေတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး “ကိုအောင်လကို ခရီးသွားသံတမန်အနေနဲ့ခန့်ဖို့အတွက် ဝန်ကြီးဌာနနဲ့ညှိုနေတယ်လို့ကျွန်တော်တို့သိရပါတယ်။ အတည်ပြုလို့ တော့မရသေးပါဘူး။ မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ဖို့ ဆောင်ရွက်နေတဲ့ စီမံကိန်းရဲ့အစိတ်အပိုင်းတစ်ရပ်အနေနဲ့ပါ။”လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ကိုဖြိုးဇော်ဝေက ပြောပါတယ်။

အောင်လအန်ဆန်ဟာ အမေရိကန်နိုင်ငံသားခံယူထားတဲ့ ကချင်လူမျိုးတစ်ဦးဖြစ်ပြီး MMA ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နေသူပါ။ လက်ရှိအချိန်မှာ အောင်လအန်ဆန်ဟာ One Middleweight World Champion နဲ့ ONE Light Heavyweight World Champion ရွှေခါးပတ်နှစ်ခုချန်ပီယံလည်းဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top