ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

Myanmar Idol Top 2 ထိ တစ္ဆင့္ခ်င္းႀကိဳးစား ယွဥ္ၿပိဳင္လာခဲ့တဲ့ ျပည္သူခ်စ္တဲ့ ၿပိဳင္ပြဲဝင္ေလး ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ ပရိသတ္ေတြရဲ႕ ေဝဖန္မႈကို အျပင္းထန္ခံစားေနရတဲ့ ကာလ မွာအရမ္းကို စိတ္ဓာတ္ေတြက်ေနခဲ့တာပါ ။

သူမရဲ႕စိတ္ဓာတ္ေတြက်ၿပီး စိတ္ေထာင္းကိုယ္ေၾက ျဖစ္ေနတဲ့ ပုံနဲ႔အတူ သူမရဲ႕အစ္ကိုျဖစ္သူ သူရက စိတ္မေကာင္းျဖစ္ေနေၾကာင္းကို သူ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာကေနေရးသားေဖာ္ျပခဲ့ပါတယ္ ။

” ၿပိဳင္ပြဲျမန္ျမန္ ၿပီးမွပဲ ညီမေလးရယ္ အသက္နဲ႔ ဖိအားေတြနဲ႔ စကားလုံးေတြနဲ႔ မလိုက္ဘူးရက္စက္လြန္းၾကတယ္ မေန႔မနက္က သူ႔အမကိုေျပာတယ္ သူမၿပိဳင္ခ်င္ေတာ့ဘူး ထြက္ေျပးခ်င္ၿပီတဲ့ ” ဆိုတဲ့ စာသားနဲ႔အတူ ေဖာ္ျပေရးသားခဲ့တာျဖစ္ပါတယ္

မၿပိဳင္ခ်င္ေတာ့ဘူး ထြက္ေျပးခ်င္ၿပီဆိုတဲ့ စကားကိုေျပာၿပီး ညေနပိုင္းမွာေတာ့ အခုလို ဝွီးခ်ဲနဲ႔သတိလစ္ၿပီး ေဆးခန္းျပရတဲ့ထိ ျဖစ္ခဲ့တာပါ ။

သူမအစ္ကို သူရက လည္း winner ရရမယ္ဆိုၿပီး ဘယ္သူမွလည္းေျပာမေနပါဘူး.. သူစိတ္လႈပ္ရွားၿပီးလြဲသြားတယ္ အားလုံးလက္ခံတယ္ က်ေနာ္တို႔လည္းလက္ခံတယ္

သူကိုယ္တိုင္လည္းလက္ခံတယ္ ဘာလိုရလဒ္ေတြပဲရပါေစ ဘာလာလာလက္ခံၿပီးသားပါ လို႔ ေျပာခဲ့ပါတယ္ ။

ခ်မ္းေျမ့ေမာင္ခ်ိဳေလး အျမန္ဆုံး စိတ္သက္သာရာရၿပီး ေနေကာင္းပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: TheSlad

#Unicode Version#
Myanmar Idol Top 2 ထိ တစ်ဆင့်ချင်းကြိုးစား ယှဉ်ပြိုင်လာခဲ့တဲ့ ပြည်သူချစ်တဲ့ ပြိုင်ပွဲဝင်လေး ချမ်းမြေ့မောင်ချိုကတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို အပြင်းထန်ခံစားနေရတဲ့ ကာလ မှာအရမ်းကို စိတ်ဓာတ်တွေကျနေခဲ့တာပါ ။

သူမရဲ့စိတ်ဓာတ်တွေကျပြီး စိတ်ထောင်းကိုယ်ကြေ ဖြစ်နေတဲ့ ပုံနဲ့အတူ သူမရဲ့အစ်ကိုဖြစ်သူ သူရက စိတ်မကောင်းဖြစ်နေကြောင်းကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေရေးသားဖော်ပြခဲ့ပါတယ် ။

” ပြိုင်ပွဲမြန်မြန် ပြီးမှပဲ ညီမလေးရယ် အသက်နဲ့ ဖိအားတွေနဲ့ စကားလုံးတွေနဲ့ မလိုက်ဘူးရက်စက်လွန်းကြတယ် မနေ့မနက်က သူ့အမကိုပြောတယ် သူမပြိုင်ချင်တော့ဘူး ထွက်ပြေးချင်ပြီတဲ့ ” ဆိုတဲ့ စာသားနဲ့အတူ ဖော်ပြရေးသားခဲ့တာဖြစ်ပါတယ်

မပြိုင်ချင်တော့ဘူး ထွက်ပြေးချင်ပြီဆိုတဲ့ စကားကိုပြောပြီး ညနေပိုင်းမှာတော့ အခုလို ဝှီးချဲနဲ့သတိလစ်ပြီး ဆေးခန်းပြရတဲ့ထိ ဖြစ်ခဲ့တာပါ ။

သူမအစ်ကို သူရက လည်း winner ရရမယ်ဆိုပြီး ဘယ်သူမှလည်းပြောမနေပါဘူး.. သူစိတ်လှုပ်ရှားပြီးလွဲသွားတယ် အားလုံးလက်ခံတယ် ကျနော်တို့လည်းလက်ခံတယ်

သူကိုယ်တိုင်လည်းလက်ခံတယ် ဘာလိုရလဒ်တွေပဲရပါစေ ဘာလာလာလက်ခံပြီးသားပါ လို့ ပြောခဲ့ပါတယ် ။

ချမ်းမြေ့မောင်ချိုလေး အမြန်ဆုံး စိတ်သက်သာရာရပြီး နေကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။


ဖိုးသူတော် (www.phothutaw.com)
Credit: TheSlad
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top