ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ေရေဘးသင့္ ျမန္မာျပည္သူေတြအတြက္ ဂ်ပန္ႏိုင္ငံက ေပးအပ္ လႉဒါန္းတဲ့သံုး ေယာက္အိပ္ မိုးကာတဲေတြနဲ႔ ေရေလွာင္ကန္ေတြ ၾသဂုတ္ ၇ ရက္က စင္ကာပူႏုိင္ငံကေနတဆင့္ ေလေၾကာင္းနဲ႔ ေရာက္ရွိလာပါတယ္။

ေရေဘးဒုကၡခံေနရသူေတြအတြက္ ဂ်ပန္ႏို္င္ငံတကာပူးေပါင္းေဆာင္ရြက္ေရးေအဂ်င္စီ (JICA) က လႉဒါန္းတဲ့ သံုးေယာက္အိပ္မိုးကာတဲ ၁၀၀၀ လုံးနဲ႔ ၃၅၀၀ လီတာ၀င္ ေရေလွာင္ကန္  ၂၅ လုံးတို႔ကို စင္ကာပူ ခ်န္ဂီေလဆိပ္ကေန ရန္ကုန္ေလဆိပ္ကို မေန႔မနက္က စင္ကာပူ ေလေၾကာင္းလိုင္းပိုင္ ေလယာဥ္နဲ႔ ေရာက္ရွိလာတာလို႔ JICA က သတင္းထုတ္ျပန္ပါတယ္။

အကူအညီေပးေရးပစၥည္းေတြကို ရန္ကုန္ၿမဳိ႕ မရမ္းကုန္းၿမိဳ႕နယ္ရွိ ရန္ကုန္တိုင္းေဒသႀကီး ေဘးအႏၲရာယ္ ဆိုင္ရာစီမံခန္႔ခြဲမႈရံုးကိုပို႔ေဆာင္ၿပီး ဂ်ပန္သံအမတ္ႀကီးက တာဝန္ရွိသူေတြကို လႊဲေျပာင္းေပးအပ္ခဲ့တယ္လို႔လည္း ဆိုပါတယ္။

ဂ်ပန္အစိုးရအေနနဲ႔ ေရေဘးသင့္ ျမန္မာျပည္သူေတြအတြက္   ေရတိုင္ကီနဲ႔ ရြက္ဖ်င္တဲေတြ ကူညီပံ့ပိုးလႉဒါန္းမယ္လို႔  ဂ်ပန္ႏုိင္ငံျခားေရးဝန္ႀကီး တာ႐ိုကိုႏိုက ၾသဂုတ္ ၆ ရက္က ေနျပည္ေတာ္မွာ  ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆံုစဥ္ ေျပာၾကားခဲ့ပါတယ္။

ဓာတ္ပံု- JICA

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ရေဘေးသင့် မြန်မာပြည်သူတွေအတွက် ဂျပန်နိုင်ငံက ပေးအပ် လှူဒါန်းတဲ့သုံး ယောက်အိပ် မိုးကာတဲတွေနဲ့ ရေလှောင်ကန်တွေ သြဂုတ် ၇ ရက်က စင်ကာပူနိုင်ငံကနေတဆင့် လေကြောင်းနဲ့ ရောက်ရှိလာပါတယ်။

ရေဘေးဒုက္ခခံနေရသူတွေအတွက် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က လှူဒါန်းတဲ့ သုံးယောက်အိပ်မိုးကာတဲ ၁၀၀၀ လုံးနဲ့ ၃၅၀၀ လီတာဝင် ရေလှောင်ကန်  ၂၅ လုံးတို့ကို စင်ကာပူ ချန်ဂီလေဆိပ်ကနေ ရန်ကုန်လေဆိပ်ကို မနေ့မနက်က စင်ကာပူ လေကြောင်းလိုင်းပိုင် လေယာဉ်နဲ့ ရောက်ရှိလာတာလို့ JICA က သတင်းထုတ်ပြန်ပါတယ်။

အကူအညီပေးရေးပစ္စည်းတွေကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရုံးကိုပို့ဆောင်ပြီး ဂျပန်သံအမတ်ကြီးက တာဝန်ရှိသူတွေကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဂျပန်အစိုးရအနေနဲ့ ရေဘေးသင့် မြန်မာပြည်သူတွေအတွက်   ရေတိုင်ကီနဲ့ ရွက်ဖျင်တဲတွေ ကူညီပံ့ပိုးလှူဒါန်းမယ်လို့  ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက သြဂုတ် ၆ ရက်က နေပြည်တော်မှာ  ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ- JICA

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top