ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ဂႏၳဝင္လူဆုိးႀကီး Billy Ray Irick အမည္ရ ေသဒဏ္က်အက်ဥ္းသားဟာ ေသဒဏ္မစီရင္ခင္မွာ ေနာက္ဆုံးေတာင္းဆုိႏုိင္တဲ့ အထူးအခြင့္အေရးအျဖစ္ စပါယ္ရွယ္ညစာကုိ ေတာင္းဆုိခဲ့ပါတယ္။ ဒီအစားအစာ စားၿပီးတာနဲ႔ သူဟာ (၂၄)နာရီအၾကာမွာ ေဆးထုိးကြပ္မ်က္ခံခဲ့ရပါတယ္။ Ray ကေတာ့ သူသိပ္ႀကိဳက္တဲ့ အစားအစာကိုေေတာင္းဆုိခဲ့တာပါ။

Ray ဟာ ညစာအျဖစ္ ဘာဂါ၊ ၾကက္သြန္ကြင္းေၾကာ္၊ Pepsi အခ်ိဳရည္တုိ႔ကုိ ေတာင္းဆုိခဲ့ပါတယ္။ သူ႔ရဲ႕ ဓားစာခံျဖစ္ခဲ့တဲ့ အသက္(၇)ႏွစ္အရြယ္ Paula Dyer အမည္ရ ကေလးမေလးရဲ႕ ေနာက္ဆုံး ညစာကေတာ့ ေအးစက္ေနတဲ့ညစာေတြနဲ႔ ေျပာင္းဖူးသံဘူးသြပ္၊ ဗုိလ္စားပဲတစ္ခ်ိဳ႕ျဖစ္ပါတယ္။ Ray ဟာ Dyer ကုိ အဓမၼက်င့္သတ္ျဖတ္ခဲ့ပါတယ္။

Ray ဟာ Dyer ကုိ (၁၉၈၅)ခုႏွစ္ ဧၿပီလက ႏွစ္ႀကိမ္တုိုင္ အဓမၼက်င့္ၿပီးမွ လည္ပင္းကို ညႇစ္သတ္ခဲ့တာပါ။ အခုဆုိရင္ သူဟာ (၅၉)ႏွစ္ရွိၿပီျဖစ္ၿပီး ေထာင္ဒဏ္အႏွစ္(၃၀) ခ်မွတ္ခံရၿပီးေနာက္ ပူးတြဲေသဒဏ္ျပစ္ဒဏ္ကုိပါ ခံယူခဲ့ရပါတယ္။ သူရဲ႕ေနာက္ဆုံးညစာကုိ သူ စိတ္ႀကိဳက္စားၿပီတာနဲ႔ (၂၄)နာရီအတြင္းမွာ သူ႕ကုိ ၾသဂုတ္(၉)ရက္ ၾကာသပေတးေန႔မွာ) ေထာင္အာဏာပုိင္ေတြက ေဆးထုိးစီရင္ခဲ့ပါတယ္။

အထူးၾကားနာမႈကုိ အမ်ိဳးသားတရားသူႀကီး (၈)ဦး၊ အမ်ိဳးသမီးတရားသူႀကီး (၄)ဦးနဲ႔ ေနာက္ဆုံးအႀကိမ္ ျပဳလုပ္ခဲ့ၿပီး၊ အားလုံးက Ray ဟာ ေသဒဏ္က်ခံထုိက္သူျဖစ္တယ္လုိ႔ သုံးသပ္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ Ray ဟာ ကနဦးဆုံး ေထာင္ဒဏ္ ႏွစ္(၃၀) က်ခံခဲ့ရပါတယ္။ သူရဲ႕ ေနာက္ဆုံး ညစာကုိ စားၿပီးတာနဲ႔ သူ႔ေနာက္ဆုံးနာရီေတြကို သူ ထုိင္ၿပီး ေရတြက္ေနခဲ့ပါတယ္။

Ray ကုိ ကြပ္မ်က္ခ်ိန္ ေရာက္လာတဲ့အခါမွာ သူ႕ကို အက်ဥ္းခန္းထဲကေန ထုတ္ၿပီး Riverbend Maximum Security Institution ဆီကုိ ေဆာင္ယူသြားပါတယ္။ ၾသဂုတ္လ(၉)ရက္ ၾကာသပေတးေန႔ အေမရိကန္စံေတာ္ခ်ိန္ ည (၇)နာရီမွာ သူ႕ကို ေဆးထုိးၿပီး မုိက္ဇာတ္သိမ္းေပးခဲ့ေၾကာင္း သိရပါတယ္။

source : mirror.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ဂန္ထဝင်လူဆိုးကြီး Billy Ray Irick အမည်ရ သေဒဏ်ကျအကျဉ်းသားဟာ သေဒဏ်မစီရင်ခင်မှာ နောက်ဆုံးတောင်းဆိုနိုင်တဲ့ အထူးအခွင့်အရေးအဖြစ် စပါယ်ရှယ်ညစာကို တောင်းဆိုခဲ့ပါတယ်။ ဒီအစားအစာ စားပြီးတာနဲ့ သူဟာ (၂၄)နာရီအကြာမှာ ဆေးထိုးကွပ်မျက်ခံခဲ့ရပါတယ်။ Ray ကတော့ သူသိပ်ကြိုက်တဲ့ အစားအစာကိုေတောင်းဆိုခဲ့တာပါ။

Ray ဟာ ညစာအဖြစ် ဘာဂါ၊ ကြက်သွန်ကွင်းကြော်၊ Pepsi အချိုရည်တို့ကို တောင်းဆိုခဲ့ပါတယ်။ သူ့ရဲ့ ဓားစာခံဖြစ်ခဲ့တဲ့ အသက်(၇)နှစ်အရွယ် Paula Dyer အမည်ရ ကလေးမလေးရဲ့ နောက်ဆုံး ညစာကတော့ အေးစက်နေတဲ့ညစာတွေနဲ့ ပြောင်းဖူးသံဘူးသွပ်၊ ဗိုလ်စားပဲတစ်ချို့ဖြစ်ပါတယ်။ Ray ဟာ Dyer ကို အဓမ္မကျင့်သတ်ဖြတ်ခဲ့ပါတယ်။

Ray ဟာ Dyer ကို (၁၉၈၅)ခုနှစ် ဧပြီလက နှစ်ကြိမ်တိုင် အဓမ္မကျင့်ပြီးမှ လည်ပင်းကို ညှစ်သတ်ခဲ့တာပါ။ အခုဆိုရင် သူဟာ (၅၉)နှစ်ရှိပြီဖြစ်ပြီး ထောင်ဒဏ်အနှစ်(၃၀) ချမှတ်ခံရပြီးနောက် ပူးတွဲသေဒဏ်ပြစ်ဒဏ်ကိုပါ ခံယူခဲ့ရပါတယ်။ သူရဲ့နောက်ဆုံးညစာကို သူ စိတ်ကြိုက်စားပြီတာနဲ့ (၂၄)နာရီအတွင်းမှာ သူ့ကို သြဂုတ်(၉)ရက် ကြာသပတေးနေ့မှာ) ထောင်အာဏာပိုင်တွေက ဆေးထိုးစီရင်ခဲ့ပါတယ်။

အထူးကြားနာမှုကို အမျိုးသားတရားသူကြီး (၈)ဦး၊ အမျိုးသမီးတရားသူကြီး (၄)ဦးနဲ့ နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး၊ အားလုံးက Ray ဟာ သေဒဏ်ကျခံထိုက်သူဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ဒါကြောင့် Ray ဟာ ကနဦးဆုံး ထောင်ဒဏ် နှစ်(၃၀) ကျခံခဲ့ရပါတယ်။ သူရဲ့ နောက်ဆုံး ညစာကို စားပြီးတာနဲ့ သူ့နောက်ဆုံးနာရီတွေကို သူ ထိုင်ပြီး ရေတွက်နေခဲ့ပါတယ်။

Ray ကို ကွပ်မျက်ချိန် ရောက်လာတဲ့အခါမှာ သူ့ကို အကျဉ်းခန်းထဲကနေ ထုတ်ပြီး Riverbend Maximum Security Institution ဆီကို ဆောင်ယူသွားပါတယ်။ သြဂုတ်လ(၉)ရက် ကြာသပတေးနေ့ အမေရိကန်စံတော်ချိန် ည (၇)နာရီမှာ သူ့ကို ဆေးထိုးပြီး မိုက်ဇာတ်သိမ်းပေးခဲ့ကြောင်း သိရပါတယ်။

source : mirror.co.uk


ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top