ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

မႏၲေလး၊ ၾသဂုတ္ ၂၀ ။           ။ မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ကမ္းနားလမ္း႐ွိ အငွားအိမ္ယာတိုက္ခန္းမ်ားတြင္ မူးယစ္အထူးအဖြဲ႔ အပါအဝင္ ပူးေပါင္းအဖြဲ႔တို႔မွ ၾသဂုတ္လ ၂၀ ရက္မြန္းလြဲပိုင္းက ဝင္ေရာက္႐ွာေဖြဖမ္းဆီးမႈမ်ားျပဳလုပ္ခဲ့ရာ ယေန႔ ညေနပိုင္းတြင္ ေဆးသံုးသည္ဟုသံသယ႐ွိသူ ၄ ဦးတို႔ကို ဖမ္းဆီးရမိခဲ့သည္။
ထို႔ေၾကာင့္ မူးယစ္ေဆးဝါးတားဆီးႏိွမ္နင္းေရးအတြက္ ရည္ရြယ္ေသာ အဆိုပါ႐ွာေဖြဖမ္းဆီးမႈတြင္ သံုးစြဲသူ ၁၀ ဦး( ေဆးသံုးသူဟု သံသယရိွသူ ၄ ဦး အပါအ၀င္) ႏွင့္ ေရာင္းခ်သူ ၂ ဦး ဖမ္းဆီးရမိသည္။
ေသာ့ပိတ္ထားေသာအခန္းမ်ားကို မူးယစ္တပ္ဖြဲ႕မွ ဆက္လက္႐ွာေဖြရာတြင္ ဆက္စပ္ပစၥည္းမ်ားကိုလည္း ဖမ္းဆီးရမိသည္။
ျဖစ္စဥ္မွာ လူမႈကြန္ယက္စာမ်က္ႏွာေပၚတြင္ ရဲတပ္ဖြဲ႕ကို စိန္ေခၚေနသည္ဟု ဆိုႏိုင္ေသာ ေရေပၚ မူးယစ္ေရာင္းခ်ေနေသာ ေနရာ (မင္းတဲအီကင္းရပ္ကြက္၊ ကမ္းနားလမ္း အငွားအိမ္ရာအနီးရွိ က်ဴးေက်ာ္ ေနအိမ္မ်ားတြင္ မူးယစ္ေဆးဝါး ျဖန္႕ခ်ိေရာင္းဝယ္သည္ဟု ယူဆရေသာ ေနရာတစ္ခု) ဟု ၾသဂုတ္လ ၁၉ ရက္ သတင္းပ်ံ႕ႏွံ႔လ်က္ရွိရာ ၾသဂုတ္လ ၂၀ ရက္တြင္ ယခုကဲ့သို႔ ဝင္ေရာက္စစ္ေဆး ဖမ္းဆီးျခင္းျဖစ္သည္။
မႏၱေလးၿမိဳ႕တြင္ ဇြန္လ ၂ ရက္က ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္းရွိ ဇီးအုပ္ေက်းရြာ ကြက္သစ္နွင့္ ကံႀကီးကုန္း ေက်းရြာကြက္သစ္အတြင္းရွိ မူးယစ္ေဆးဝါးမ်ား ျဖန္႔ျဖဴးေရာင္းခ်ေနသည့္ ေနအိမ္မ်ားအား ရဲတပ္ဖြဲ႕မွ ဝင္ေရာက္ဖမ္းဆီးခဲ့ရာ ေနအိမ္အလုံး ၁၀၀ ေက်ာ္အား ရွင္းလင္းႏိုင္ခဲ့သည္။
ထို႔ျပင္ ဇြန္ ၅ ရက္က ေအာင္ေျမသာစံၿမိဳ႕နယ္ ဧရာဝတီျမစ္ကမ္းနား ၁၉ လမ္းႏွင့္ ၂၂ လမ္းၾကားရွိ မူးယစ္ေဆးဝါး ျဖန္႔ျဖဴးေရာင္းခ်သည့္ အေဆာက္အဦ ၈ လံုး အား ရွင္းလင္းျခင္းမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Mizzima
#Unicode Version #

မန္တလေး၊ သြဂုတ် ၂၀ ။           ။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ကမ်းနားလမ်းရှိ အငှားအိမ်ယာတိုက်ခန်းများတွင် မူးယစ်အထူးအဖွဲ့ အပါအဝင် ပူးပေါင်းအဖွဲ့တို့မှ သြဂုတ်လ ၂၀ ရက်မွန်းလွဲပိုင်းက ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ ယနေ့ ညနေပိုင်းတွင် ဆေးသုံးသည်ဟုသံသယရှိသူ ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် ရည်ရွယ်သော အဆိုပါရှာဖွေဖမ်းဆီးမှုတွင် သုံးစွဲသူ ၁၀ ဦး( ဆေးသုံးသူဟု သံသယရှိသူ ၄ ဦး အပါအဝင်) နှင့် ရောင်းချသူ ၂ ဦး ဖမ်းဆီးရမိသည်။

သော့ပိတ်ထားသောအခန်းများကို မူးယစ်တပ်ဖွဲ့မှ ဆက်လက်ရှာဖွေရာတွင် ဆက်စပ်ပစ္စည်းများကိုလည်း ဖမ်းဆီးရမိသည်။

ဖြစ်စဉ်မှာ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရဲတပ်ဖွဲ့ကို စိန်ခေါ်နေသည်ဟု ဆိုနိုင်သော ရေပေါ် မူးယစ်ရောင်းချနေသော နေရာ (မင်းတဲအီကင်းရပ်ကွက်၊ ကမ်းနားလမ်း အငှားအိမ်ရာအနီးရှိ ကျူးကျော် နေအိမ်များတွင် မူးယစ်ဆေးဝါး ဖြန့်ချိရောင်းဝယ်သည်ဟု ယူဆရသော နေရာတစ်ခု) ဟု သြဂုတ်လ ၁၉ ရက် သတင်းပျံ့နှံ့လျက်ရှိရာ သြဂုတ်လ ၂၀ ရက်တွင် ယခုကဲ့သို့ ဝင်ရောက်စစ်ဆေး ဖမ်းဆီးခြင်းဖြစ်သည်။

မန္တလေးမြို့တွင် ဇွန်လ ၂ ရက်က ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဇီးအုပ်ကျေးရွာ ကွက်သစ်နှင့် ကံကြီးကုန်း ကျေးရွာကွက်သစ်အတွင်းရှိ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေသည့် နေအိမ်များအား ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ နေအိမ်အလုံး ၁၀၀ ကျော်အား ရှင်းလင်းနိုင်ခဲ့သည်။

ထို့ပြင် ဇွန် ၅ ရက်က အောင်မြေသာစံမြို့နယ် ဧရာဝတီမြစ်ကမ်းနား ၁၉ လမ်းနှင့် ၂၂ လမ်းကြားရှိ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသည့် အဆောက်အဦ ၈ လုံး အား ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit:Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top