တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕ ေနာက္လယ္ရပ္ကြက္ ပိေတာက္ေရႊဝါလမ္းမႀကီးႏွင့္ ေနာက္လယ္ (၉)လမ္းေထာင့္ရိွ ကေမၻာဇဘဏ္ခဲြ(၃)၌ ယေန႔ ေန႔လယ္(၁၂)နာရီခန္႔က ဓါးရွည္ကိုင္ၿပီး ဘဏ္ အတြင္းဝင္ေရာက္ကာ ၿခိမ္းေျခာက္၍ စုစုေပါင္းေငြ(၅)သိန္း လုယူသြားသူအား ၿမိတ္ခရိုင္ရဲတပ္ဖဲြ႔မွ(၂)နာရီ အတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဓားျပၿခိမ္းေျခာက္ကာ ေငြလုယူသြားသူသည္ ၿမိတ္ၿမိဳ႕ ၿမိတ္ေတာင္နယ္ေျမ ၿမိဳ႕သစ္(၇)ရပ္ကြက္ ယုဇနလမ္းေန မင္းမင္းစိုး(ခ)မင္းစိုး ျဖစ္ေၾကာင္း ၿမိတ္ခရိုင္ရဲတပ္ဖဲြ႔မွ သိရသည္။ ၎အား အခင္းျဖစ္ပြားၿပီးေနာက္ ၿမိတ္ခ႐ိုင္ရဲတပ္ဖဲြ႔မွဴး ဒုတိယရဲမွဴးႀကီးတင္ထြန္း ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ ခရိုင္/ၿမိဳ႕နယ္/ၿမိဳ႕မစခန္း/နယ္ထိန္း/ နယ္ေျမ ရဲတပ္ဖဲြ႔ဝင္မ်ားသည္ ၎၏ေနအိမ္အား သြားေရာက္ရွာေဖြခဲ့ရာ ၎အားေနအိမ္အေရွ႕တြင္ ေတြ႔ရွိရ သျဖင့္ လိုက္လံဖမ္းဆီးစဥ္ ၎သည္ ဦးက်ားေမာင္ ေလွေဒါက္အတြင္း ေျပးဝင္သြားခဲ့ၿပီး ရဲတပ္ဖဲြ႔ဝင္မ်ားအား ၎ကိုင္ ေဆာင္ထားေသာ ဓားမေကာက္ျဖင့္ ခုခံေသာေၾကာင့္ ၿမိတ္ခရိုင္ရဲတပ္ဖဲြ႔ မႈခင္းအကူအဖဲြ႔မွ ရဲအုပ္ခင္ေမာင္ေအး က ၎ကိုင္ေဆာင္ေသာ ေသနတ္ျဖင့္ (၂) ခ်က္ ပစ္ေဖာက္ေျခာက္လန္႔ခဲ့ရာ ၎သည္ ေယာႀကီးဝေခ်ာင္း ေတာေလွဆိပ္ တံတားအေရွ႕ရိွ ငါးဝယ္ေဗာတြင္ တြယ္ကပ္ေနစဥ္ ဖမ္းဆီးရမိခဲ့ေၾကာင္း ၿမိတ္ခရိုင္ ရဲတပ္ဖဲြ႔မွ သိရသည္။

ျဖစ္စဥ္မွာ ဘဏ္အတြင္းသို႔ အသားေရာင္လွ်ာထိုး ဦးထုပ္ေဆာင္းကာ အနက္ေရာင္ ဂ်င္းေဘာင္းဘီ အရွည္ဝတ္ဆင္ၿပီး ၎လက္ထဲ၌ အ႐ိုး(၁)ေပခန္႔၊ အသြား(၁)ေပခန္႔ရိွ စတီး႐ိုးတပ္ ဓားမေကာက္အား ကိုင္ ေဆာင္ကာ ဘဏ္ေငြေကာင္တာ(၂)မွ တစ္ေထာင္က်ပ္တန္(၃)သိန္း၊ ေကာင္တာ (၅)မွ တစ္ေထာင္က်ပ္တန္ (၂)သိန္း၊ စုစုေပါင္း(၅)သိန္းအား ဓားျပၿခိမ္းေျခာက္၍ ယူေဆာင္ၿပီး ဆိုင္ကယ္ Dream 125 ေရႊလိုင္း အမ်ဳိး အစား ေက်ာက္စိမ္းေရာင္ နံပါတ္မပါ ဆိုင္ကယ္(ဒူးကာႏွစ္ဖက္မပါ)ျဖင့္ ေမာင္းႏွင္၍ ထြက္သြားခဲ့သည္။

ၿမိတ္ၿမိဳ႕ ကေမၻာဇဘဏ္ခဲြ(၃)မွ ဓားျပၿခိမ္းေျခာက္ၿပီး ေငြလုယူသြားသူ မင္းမင္းစိုးအား ၿမိတ္ခ႐ိုင္ရဲတပ္ဖဲြ႔ မွ မြန္းလြဲ(၁)နာရီ(၅၅)မိနစ္တြင္ ဖမ္းဆီးရမိခဲ့ၿပီး ၎အား ၿမိတ္ၿမိဳ႕မရဲတပ္ဖဲြ႔ စခန္းမွ အမႈဖြင့္ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ခုိင္ထူး (ၿမိတ္ ျပန္/ဆက္)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
#Unicode Version#
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ နောက်လယ်ရပ်ကွက် ပိတောက်ရွှေဝါလမ်းမကြီးနှင့် နောက်လယ် (၉)လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ(၃)၌ ယနေ့ နေ့လယ်(၁၂)နာရီခန့်က ဓါးရှည်ကိုင်ပြီး ဘဏ် အတွင်းဝင်ရောက်ကာ ခြိမ်းခြောက်၍ စုစုပေါင်းငွေ(၅)သိန်း လုယူသွားသူအား မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ(၂)နာရီ အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဓားပြခြိမ်းခြောက်ကာ ငွေလုယူသွားသူသည် မြိတ်မြို့ မြိတ်တောင်နယ်မြေ မြို့သစ်(၇)ရပ်ကွက် ယုဇနလမ်းနေ မင်းမင်းစိုး(ခ)မင်းစိုး ဖြစ်ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။ ၎င်းအား အခင်းဖြစ်ပွားပြီးနောက် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးတင်ထွန်း ကြီးကြပ်ကွပ်ကဲမှုဖြင့် ခရိုင်/မြို့နယ်/မြို့မစခန်း/နယ်ထိန်း/ နယ်မြေ ရဲတပ်ဖွဲ့ဝင်များသည် ၎င်း၏နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ ၎င်းအားနေအိမ်အရှေ့တွင် တွေ့ရှိရ သဖြင့် လိုက်လံဖမ်းဆီးစဉ် ၎င်းသည် ဦးကျားမောင် လှေဒေါက်အတွင်း ပြေးဝင်သွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များအား ၎င်းကိုင် ဆောင်ထားသော ဓားမကောက်ဖြင့် ခုခံသောကြောင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့ မှုခင်းအကူအဖွဲ့မှ ရဲအုပ်ခင်မောင်အေး က ၎င်းကိုင်ဆောင်သော သေနတ်ဖြင့် (၂) ချက် ပစ်ဖောက်ခြောက်လန့်ခဲ့ရာ ၎င်းသည် ယောကြီးဝချောင်း တောလှေဆိပ် တံတားအရှေ့ရှိ ငါးဝယ်ဗောတွင် တွယ်ကပ်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်ခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဘဏ်အတွင်းသို့ အသားရောင်လျှာထိုး ဦးထုပ်ဆောင်းကာ အနက်ရောင် ဂျင်းဘောင်းဘီ အရှည်ဝတ်ဆင်ပြီး ၎င်းလက်ထဲ၌ အရိုး(၁)ပေခန့်၊ အသွား(၁)ပေခန့်ရှိ စတီးရိုးတပ် ဓားမကောက်အား ကိုင် ဆောင်ကာ ဘဏ်ငွေကောင်တာ(၂)မှ တစ်ထောင်ကျပ်တန်(၃)သိန်း၊ ကောင်တာ (၅)မှ တစ်ထောင်ကျပ်တန် (၂)သိန်း၊ စုစုပေါင်း(၅)သိန်းအား ဓားပြခြိမ်းခြောက်၍ ယူဆောင်ပြီး ဆိုင်ကယ် Dream 125 ရွှေလိုင်း အမျိုး အစား ကျောက်စိမ်းရောင် နံပါတ်မပါ ဆိုင်ကယ်(ဒူးကာနှစ်ဖက်မပါ)ဖြင့် မောင်းနှင်၍ ထွက်သွားခဲ့သည်။

မြိတ်မြို့ ကမ္ဘောဇဘဏ်ခွဲ(၃)မှ ဓားပြခြိမ်းခြောက်ပြီး ငွေလုယူသွားသူ မင်းမင်းစိုးအား မြိတ်ခရိုင်ရဲတပ်ဖွဲ့ မှ မွန်းလွဲ(၁)နာရီ(၅၅)မိနစ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား မြိတ်မြို့မရဲတပ်ဖွဲ့ စခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ခိုင်ထူး (မြိတ် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top