မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ေရႊထူးနဲ႔ေရႊမံႈရတီတို႔ဟာ ခ်စ္သူေတြျဖစ္ေနၾကျပီဆုိတဲ့ ေကာလဟလေတြက လြန္ခဲ့တဲ့တစ္လေလာက္ကတည္းက ပ်ံ႕နွံ႕ေနတာျဖစ္ေပမယ့္လည္း ေရႊထူးက ေရႊထူးရယ္လို႔စျပီးျဖစ္လာကတည္းက ေဘးနားမွာအာေပးခ်စ္ျမတ္နိုးလာခဲ့တဲ့ ေျခာက္နွစ္ၾကာေအာင္တြဲခဲ့တဲ့ ခ်စ္သူေကာင္မေလး ပန္ကိတ္ဒါဒါနဲ႔ ျပတ္စဲထားတာမၾကာေသးတာေၾကာင့္ေရာ ေရႊမံႈက တစ္ေမာင္တည္း ေမာင္ေနခဲ့တဲ့ခ်စ္သူနဲ႔ ဘယ္လိုအေျခအေနရွိသလဲ ခန္႔မွန္းရခက္တာေၾကာင့္ပါ ပရိသတ္ေတြက ေရေရရာရာမေျပာနို္င္ခဲ့ပဲ သို႔ေလာသို႔ေလာပဲျဖစ္ေနခဲ့ၾကရတာပါ။ ဒါေပမယ့္ သိပ္မၾကာခင္ရက္ပိုင္းကစျပီး ေရႊထူးနဲ႕ေရႊမံႈတုိ႔ခ်စ္သူေတြျဖစ္ေနၾကေၾကာင္း ဓာတ္ပံုသက္ေသေတြ ပလူပ်ံေအာင္ထြက္ေပၚလာခဲ့တဲ့အျပင္ သူတို႔နွစ္ဦးဘန္ေကာက္မွာ ေလွ်ာက္လည္ေနတဲ့ပံုေတြပါ ထြက္ေပၚလာတာေၾကာင့္ သူတုိ႔နွစ္ေယာက္ခ်စ္သူေတြ ျဖစ္ေနၾကျပီဆိုတာ ေသခ်ာသထက္ ေသခ်ာလာပါေတာ့တယ္။

ေရႊထူးရဲ႕ခ်စ္သူေဟာင္း ပန္ကိတ္ဒါဒါေလးကေတာ့ ေရႊထူးရဲ႕လုပ္ရပ္အတြက္ စက္ဆုပ္မိေၾကာင္းကို အရင္ေန႔က သူမရဲ႕ Facebook Story မွာ ဓာတ္ပံုေလးတင္ျပီး တုန္႔ျပန္ထားခဲ့ပါတယ္။ အဲဒါကလြဲလို႔ Status တစ္ေၾကာင္းေတာင္မတင္ပဲ သူမ ဘြဲ႕ရတဲ့ ဘြဲ႕ဝတ္စံုနဲ႔ဓာတ္ပံုေလးကိုသာ Profile Picture တင္ျပီး ေအးေဆးျငိမ္သက္စြာပဲရွိေနခဲ့တာပါ။

တစ္ဖက္မွာေတာ့ ေရႊထူးနဲ႔ေရႊမံႈတို႔က သူတုိ႔နွစ္ဦးရဲ႕အခ်စ္ေရးကို ပရိသတ္ေတြသိသြားျပီျဖစ္လို႔ ဖံုးကြယ္စရာမရွိေတာ့ဘူးလုိ႔ ယူဆထားၾကပံုပါပဲ။ ေရႊထူးက သူ႔ရဲ႕ခႏၶာကိုယ္မွာ တက္တူးအသစ္ေလးတစ္္ခုထိုးထားခဲ့ျပီးအဲဒါက ေရႊမံႈ႕အတြက္ျဖစ္တယ္လုိ႔ ပရိသတ္ေတြကေဝဖန္ေနၾကပါတယ္။ ဘာေၾကာင့္လဲဆိုုေတာ့.. ေရႊမံႈက သူ႔ုကိုယ္သူ သဲ..သဲ နဲ႔ေျပာေနတာျဖစ္ျပီး ေရႊထူးရဲ႕တက္တူးအသစ္ေလးကလည္း အနက္ေရာင္နဲ႔ အနီေရာင္ေရာယွက္ထားတဲ့ အသည္းပံုေလးျဖစ္တာေၾကာင့္ပါ။ ေနာက္ျပီး ေရႊမႈံကလည္း သူမရဲ႕ My Day မွာ တင္ထားတဲ့ဓာတ္ပံုကုိ ေရႊထူးရဲ႕ သီခ်င္းအသစ္ Candy ကုိ ရည္ညႊန္းတဲ့ သၾကားလံုးပံု စုပ္ျပားပံုစတစ္ကာေလးေတြနဲ႔ တင္ထားခဲ့တာေၾကာင့္ အသစ္စက္စက္ေရႊစံုတြဲကေတာ့ အခ်စ္နာလန္ထေနၾကျပီလို႔ ပရိသတ္ေတြက ထင္ျမင္ယူဆလ်က္ရွိၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say

# Unicode Version ျဖင့္ ဖတ္ပါ #

ရွှေထူးနဲ့ရွှေမှုံရတီတို့ဟာ ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့ ကောလဟလတွေက လွန်ခဲ့တဲ့တစ်လလောက်ကတည်းက ပျံ့နှံ့နေတာဖြစ်ပေမယ့်လည်း ရွှေထူးက ရွှေထူးရယ်လို့စပြီးဖြစ်လာကတည်းက ဘေးနားမှာအာပေးချစ်မြတ်နိုးလာခဲ့တဲ့ ခြောက်နှစ်ကြာအောင်တွဲခဲ့တဲ့ ချစ်သူကောင်မလေး ပန်ကိတ်ဒါဒါနဲ့ ပြတ်စဲထားတာမကြာသေးတာကြောင့်ရော ရွှေမှုံက တစ်မောင်တည်း မောင်နေခဲ့တဲ့ချစ်သူနဲ့ ဘယ်လိုအခြေအနေရှိသလဲ ခန့်မှန်းရခက်တာကြောင့်ပါ ပရိသတ်တွေက ရေရေရာရာမပြောနိုင်ခဲ့ပဲ သို့လောသို့လောပဲဖြစ်နေခဲ့ကြရတာပါ။ ဒါပေမယ့် သိပ်မကြာခင်ရက်ပိုင်းကစပြီး ရွှေထူးနဲ့ရွှေမှုံတို့ချစ်သူတွေဖြစ်နေကြကြောင်း ဓာတ်ပုံသက်သေတွေ ပလူပျံအောင်ထွက်ပေါ်လာခဲ့တဲ့အပြင် သူတို့နှစ်ဦးဘန်ကောက်မှာ လျှောက်လည်နေတဲ့ပုံတွေပါ ထွက်ပေါ်လာတာကြောင့် သူတို့နှစ်ယောက်ချစ်သူတွေဖြစ်နေကြပြီဆိုတာ သေချာသထက် သေချာလာပါတော့တယ်။

ရွှေထူးရဲ့ချစ်သူဟောင်း ပန်ကိတ်ဒါဒါလေးကတော့ ရွှေထူးရဲ့လုပ်ရပ်အတွက် စက်ဆုပ်မိကြောင်းကို အရင်နေ့က သူမရဲ့ Facebook Story မှာ ဓာတ်ပုံလေးတင်ပြီး တုန့်ပြန်ထားခဲ့ပါတယ်။ အဲဒါကလွဲလို့ Status တစ်ကြောင်းတောင်မတင်ပဲ သူမ ဘွဲ့ရတဲ့ ဘွဲ့ဝတ်စုံနဲ့ဓာတ်ပုံလေးကိုသာ Profile Picture တင်ပြီး အေးဆေးငြိမ်သက်စွာပဲရှိနေခဲ့တာပါ။

တစ်ဖက်မှာတော့ ရွှေထူးနဲ့ရွှေမှုံတို့က သူတို့နှစ်ဦးရဲ့အချစ်ရေးကို ပရိသတ်တွေသိသွားပြီဖြစ်လို့ ဖုံးကွယ်စရာမရှိတော့ဘူးလို့ ယူဆထားကြပုံပါပဲ။ ရွှေထူးက သူ့ရဲ့ခန္ဓာကိုယ်မှာ တက်တူးအသစ်လေးတစ်ခုထိုးထားခဲ့ပြီးအဲဒါက ရွှေမှုံ့အတွက်ဖြစ်တယ်လို့ ပရိသတ်တွေကဝေဖန်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့.. ရွှေမှုံက သူ့ုကိုယ်သူ သဲ..သဲ နဲ့ပြောနေတာဖြစ်ပြီး ရွှေထူးရဲ့တက်တူးအသစ်လေးကလည်း အနက်ရောင်နဲ့ အနီရောင်ရောယှက်ထားတဲ့ အသည်းပုံလေးဖြစ်တာကြောင့်ပါ။ နောက်ပြီး ရွှေမှုံကလည်း သူမရဲ့ My Day မှာ တင်ထားတဲ့ဓာတ်ပုံကို ရွှေထူးရဲ့ သီချင်းအသစ် Candy ကို ရည်ညွှန်းတဲ့ သကြားလုံးပုံ စုပ်ပြားပုံစတစ်ကာလေးတွေနဲ့ တင်ထားခဲ့တာကြောင့် အသစ်စက်စက်ရွှေစုံတွဲကတော့ အချစ်နာလန်ထနေကြပြီလို့ ပရိသတ်တွေက ထင်မြင်ယူဆလျက်ရှိကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top