ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

သမာအာဇီ၀ အလုပ္ေလးေတြ လုပ္ကိုင္စားေပမယ့္ အထင္ေသးအျမင္ေစာင္းခံရတဲ့ လူးႀကမ္းေတြရဲ႕ ဘဝကို ဝမ္းနည္းမ်က္ရည္ေလးနဲ႕သရုပ္ေဆာင္ အရုိင္းမင္း မင္းစိန္ စိုးတင့္ တို့ကေျပာျပလာပါတယ္။

မိုးတြင္းမွာ ရိုက္ကြင္းအခက္အခဲေလးေတြနဲ႕ပတ္သတ္ျပီးေမးျမန္းတဲ့အခါမွာေတာ့ ” အခက္အခဲေတာ့ရွိတယ္ ေတာ္ေတာ္ရွိတယ္။ အခုဟာမိုးတြင္းမွ မဟုတ္ပဲ ဗီဒီယုိေလာကက ပ်က္သေလာက္ျဖစ္သြားျပီ ေတာ္ေတာ္ေလးမရိုက္ႀကေတာ့ဘူးေလ အဲ့ေတာ့ ဘဝကိုေတာ္ေတာ္ေလးႀကိဳးစားျပီးျဖတ္သန္းေနရပါတယ္” လို့လူႀကမ္းသရုပ္ေဆာင္မင္းစိန္က စိတ္မေကာင္းစြာေျပာျပလာပါတယ္။

“အႏုပညာအလုပ္ေတြ လုပ္ပိုင္ခြင့္ မရေတာ့တဲ့ အခ်ိန္မွာ ကိုယ္ပိုင္ သမာအာဇီ၀ အလုပ္ေလးေတြ လုပ္ကိုင္စားတယ္။ ဒါေပမယ့္ က်ေနာ္တို႔ကို ႐ုပ္ရွင္ထဲက လူၾကမ္းစ႐ိုက္လို႔ ထင္ၾကတယ္။ တစ္ခါတစ္ေလ ကိုယ္ေတြကို အျမင္ေစာင္းၾကတယ္ ကြ်န္ေတာ္ တစ္ခါ Taxi ကားထြက္ေမာင္းမယ္

လူေတြကငွားတယ္ ငွားျပီးမွ ကားေပၚေရာက္ျပီးမွ ဟာရွင္က ရုပ္ရွင္လူျကမ္းသရုပ္ေဆာင္မို့လား ရပ္ ရပ္ ရပ္ ဆင္းမယ္ဆိုေတာ့ ကြ်န္ေတာ္တို့ရင္ထဲမွာခံစားရပါတယ္” လူျကမ္းသရုပ္ေဆာင္ အရိုင္းမင္းကလဲ သူ့ကိုေတြ႕ေလးကိုစိတ္မေကာင္းစြာေျပာလာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Celebrity Update: A Yaing Min, Min Sein, Soe Tint #MyanmarActor #MinSein #AYaingMin #SoeTint

#Unicode Version#
သမာအာဇီ၀ အလုပ်လေးတွေ လုပ်ကိုင်စားပေမယ့် အထင်သေးအမြင်စောင်းခံရတဲ့ လူးကြမ်းတွေရဲ့ ဘဝကို ဝမ်းနည်းမျက်ရည်လေးနဲ့သရုပ်ဆောင် အရိုင်းမင်း မင်းစိန် စိုးတင့် တို့ကပြောပြလာပါတယ်။

မိုးတွင်းမှာ ရိုက်ကွင်းအခက်အခဲလေးတွေနဲ့ပတ်သတ်ပြီးမေးမြန်းတဲ့အခါမှာတော့ ” အခက်အခဲတော့ရှိတယ် တော်တော်ရှိတယ်။ အခုဟာမိုးတွင်းမှ မဟုတ်ပဲ ဗီဒီယိုလောကက ပျက်သလောက်ဖြစ်သွားပြီ တော်တော်လေးမရိုက်ကြတော့ဘူးလေ အဲ့တော့ ဘဝကိုတော်တော်လေးကြိုးစားပြီးဖြတ်သန်းနေရပါတယ်” လို့လူကြမ်းသရုပ်ဆောင်မင်းစိန်က စိတ်မကောင်းစွာပြောပြလာပါတယ်။

“အနုပညာအလုပ်တွေ လုပ်ပိုင်ခွင့် မရတော့တဲ့ အချိန်မှာ ကိုယ်ပိုင် သမာအာဇီ၀ အလုပ်လေးတွေ လုပ်ကိုင်စားတယ်။ ဒါပေမယ့် ကျနော်တို့ကို ရုပ်ရှင်ထဲက လူကြမ်းစရိုက်လို့ ထင်ကြတယ်။ တစ်ခါတစ်လေ ကိုယ်တွေကို အမြင်စောင်းကြတယ် ကျွန်တော် တစ်ခါ Taxi ကားထွက်မောင်းမယ်

လူတွေကငှားတယ် ငှားပြီးမှ ကားပေါ်ရောက်ပြီးမှ ဟာရှင်က ရုပ်ရှင်လူကြမ်းသရုပ်ဆောင်မို့လား ရပ် ရပ် ရပ် ဆင်းမယ်ဆိုတော့ ကျွန်တော်တို့ရင်ထဲမှာခံစားရပါတယ်” လူကြမ်းသရုပ်ဆောင် အရိုင်းမင်းကလဲ သူ့ကိုတွေ့လေးကိုစိတ်မကောင်းစွာပြောလာခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar Celebrity Update: A Yaing Min, Min Sein, Soe Tint #MyanmarActor #MinSein #AYaingMin #SoeTint
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top