ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

မႏၲေလးတိုင္းေဒသႀကီး မိတၳီလာၿမိဳ႕နယ္ ေရႀကိဳေက်းရြာရွိ အေျခခံပညာအထက္တန္း ေက်ာင္းတြင္ တက္ေရာက္ေန ေသာ ပထမတန္းေက်ာင္းသား သည္ စာသင္ခန္းအတြင္း ဆရာ ပစ္ေပါက္လိုက္ေသာ ဝါးျခမ္းျပား က မ်က္လံုးကို ထိမွန္၍ ေဆး႐ံု တက္  ကုသေနရျခင္းေၾကာင့္ ေက်ာင္းဆရာအား သတိေပးထားေၾကာင္း ေက်ာင္းအုပ္ဆရာႀကီး ဦးဝင္းဗိုလ္က ေျပာသည္။

ပထမတန္းစာသင္ေက်ာင္း ေဆာင္တြင္ ဇူလိုင္ ၃၁ ရက္ မြန္း လြဲ ၁ နာရီေက်ာ္၌ ဆရာတစ္ဦး က စာသင္ေနခုိက္ ဆူညံေန၍ ႏွစ္ေပခန္႔ရွိ ဝါးျခမ္းျပားျဖင့္ အုတ္နံရံကို ပစ္ေပါက္စဥ္ ဝါးျခမ္းျပားက်ဳိး၍ ကေလးတစ္ဦး၏  မ်က္လံုးကို ထိမွန္မႈျဖစ္ပြားခဲ့ေၾကာင္းေက်ာင္းအုပ္ဆရာႀကီး ဦးဝင္းဗိုလ္ကေျပာသည္။

‘‘ဆရာက ေရွ႕ကေန စာ ေထာက္ျပၿပီး သင္ေနရင္းမွာ ဆူ လို႔ နံရံကိုလွမ္းပစ္လိုက္တာ။ ဆရာက ေက်ာင္းဆရာျဖစ္တာ လည္းမၾကာေသးဘူး။ လုပ္ငန္း အေတြ႕အႀကံဳလည္းနည္းေသး တယ္။ ကေလးတစ္ေယာက္က မ်က္လံုးကိုထိၿပီး ေဆး႐ံုတက္ေန ရတယ္။ ဒါန႔ဲပတ္သက္ၿပီး ဆရာ ကိုလည္း သတိေပးထားတယ္။ ေနာက္ ဒါမ်ဳိးမျဖစ္ေအာင္လို႔ပါ။ အထက္ ဌာနေတြကလည္း ဒီဆရာကို အေရးယူထားတာမ်ဳိး လည္း မရွိပါဘူး။ ဆရာက ျပန္ ၿပီး စာသင္ေနပါၿပီ’’ဟု ၎က ေျပာသည္။

ယင္းေက်ာင္းဆရာသည္ ေရႀကိဳေက်းရြာ အထက္တန္း ေက်ာင္းသို႔ ယခု ပညာသင္ႏွစ္ တြင္ ေရာက္ရွိလာၿပီး တန္းျပ ေက်ာင္းဆင္းထားသည္မွာမၾကာေသးေၾကာင္း သိရသည္။

ပထမတန္းေက်ာင္းသား သည္ မ်က္လံုးထိမွန္မႈေၾကာင့္ မႏၲေလးၿမိဳ႕ရွိ မ်က္စိႏွင့္ နား၊ ႏွာ ေခါင္းေဆး႐ံုသို႔ တက္ေရာက္ ကုသေနၿပီး လတ္တေလာတြင္ ဘယ္ဘက္မ်က္လံုးမျမင္ရေသးဘဲ ေသြးယိုစိမ့္မႈရွိေနေသး ေၾကာင္း ကေလး၏ဖခင္ ဦးသက္ ေဆြဦးက ေျပာသည္။

‘‘ကေလးက ခြဲစိတ္ခန္းေတာ့ ဝင္ၿပီးၿပီ။ အေျခအေနကေတာ့ မသိရေသးဘူး။ ေစာင့္ၾကည့္ေနရ တုန္းပဲ။ ဆရာ့ဘက္ကိုလည္း ကိုယ္ခ်င္းစာပါတယ္။ သူတို႔ဘက္ ကေတာ့ ကေလးကို ေပ်ာက္တဲ့ အထိ ကုေပးမယ္ေျပာတယ္။ ပညာေရးမွဴးနဲ႔ ေက်ာင္းအုပ္က ေတာ့ လာသြားတယ္။ ေျပေျပ လည္လည္ျဖစ္ေအာင္ လုပ္ေပး မယ္တဲ့။ သူတို႔ဘက္က အလိုက္ သိမႈမရွိဘူးဆိုရင္ေတာ့ ကြၽန္ ေတာ္လည္း ေနာက္ပိုင္း ဆက္ လုပ္သင့္တာ လုပ္သြားရမွာေပါ့’’ ဟု ဦးသက္ေဆြဦးက ေျပာသည္။

သားျဖစ္သူ မ်က္လံုးထိမွန္၍ ေဆး႐ံုတက္ကုသေနသည္မွာ ရွစ္ရက္ခန္႔ၾကာျမင့္ေနၿပီး ပုံမွန္အေနအထားအထိ ျပန္လည္ေကာင္းမြန္လာေအာင္ ကုသေပး မည္ဟု ၎က ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရေကြိုကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းတွင် တက်ရောက်နေ သော ပထမတန်းကျောင်းသား သည် စာသင်ခန်းအတွင်း ဆရာ ပစ်ပေါက်လိုက်သော ဝါးခြမ်းပြား က မျက်လုံးကို ထိမှန်၍ ဆေးရုံ တက်  ကုသနေရခြင်းကြောင့် ကျောင်းဆရာအား သတိပေးထားကြောင်း ကျောင်းအုပ်ဆရာကြီး ဦးဝင်းဗိုလ်က ပြောသည်။

ပထမတန်းစာသင်ကျောင်း ဆောင်တွင် ဇူလိုင် ၃၁ ရက် မွန်း လွဲ ၁ နာရီကျော်၌ ဆရာတစ်ဦး က စာသင်နေခိုက် ဆူညံနေ၍ နှစ်ပေခန့်ရှိ ဝါးခြမ်းပြားဖြင့် အုတ်နံရံကို ပစ်ပေါက်စဉ် ဝါးခြမ်းပြားကျိုး၍ ကလေးတစ်ဦး၏  မျက်လုံးကို ထိမှန်မှုဖြစ်ပွားခဲ့ကြောင်းကျောင်းအုပ်ဆရာကြီး ဦးဝင်းဗိုလ်ကပြောသည်။

‘‘ဆရာက ရှေ့ကနေ စာ ထောက်ပြပြီး သင်နေရင်းမှာ ဆူ လို့ နံရံကိုလှမ်းပစ်လိုက်တာ။ ဆရာက ကျောင်းဆရာဖြစ်တာ လည်းမကြာသေးဘူး။ လုပ်ငန်း အတွေ့အကြုံလည်းနည်းသေး တယ်။ ကလေးတစ်ယောက်က မျက်လုံးကိုထိပြီး ဆေးရုံတက်နေ ရတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာ ကိုလည်း သတိပေးထားတယ်။ နောက် ဒါမျိုးမဖြစ်အောင်လို့ပါ။ အထက် ဌာနတွေကလည်း ဒီဆရာကို အရေးယူထားတာမျိုး လည်း မရှိပါဘူး။ ဆရာက ပြန် ပြီး စာသင်နေပါပြီ’’ဟု ၎င်းက ပြောသည်။

ယင်းကျောင်းဆရာသည် ရေကြိုကျေးရွာ အထက်တန်း ကျောင်းသို့ ယခု ပညာသင်နှစ် တွင် ရောက်ရှိလာပြီး တန်းပြ ကျောင်းဆင်းထားသည်မှာမကြာသေးကြောင်း သိရသည်။

ပထမတန်းကျောင်းသား သည် မျက်လုံးထိမှန်မှုကြောင့် မန္တလေးမြို့ရှိ မျက်စိနှင့် နား၊ နှာ ခေါင်းဆေးရုံသို့ တက်ရောက် ကုသနေပြီး လတ်တလောတွင် ဘယ်ဘက်မျက်လုံးမမြင်ရသေးဘဲ သွေးယိုစိမ့်မှုရှိနေသေး ကြောင်း ကလေး၏ဖခင် ဦးသက် ဆွေဦးက ပြောသည်။

‘‘ကလေးက ခွဲစိတ်ခန်းတော့ ဝင်ပြီးပြီ။ အခြေအနေကတော့ မသိရသေးဘူး။ စောင့်ကြည့်နေရ တုန်းပဲ။ ဆရာ့ဘက်ကိုလည်း ကိုယ်ချင်းစာပါတယ်။ သူတို့ဘက် ကတော့ ကလေးကို ပျောက်တဲ့ အထိ ကုပေးမယ်ပြောတယ်။ ပညာရေးမှူးနဲ့ ကျောင်းအုပ်က တော့ လာသွားတယ်။ ပြေပြေ လည်လည်ဖြစ်အောင် လုပ်ပေး မယ်တဲ့။ သူတို့ဘက်က အလိုက် သိမှုမရှိဘူးဆိုရင်တော့ ကျွန် တော်လည်း နောက်ပိုင်း ဆက် လုပ်သင့်တာ လုပ်သွားရမှာပေါ့’’ ဟု ဦးသက်ဆွေဦးက ပြောသည်။

သားဖြစ်သူ မျက်လုံးထိမှန်၍ ဆေးရုံတက်ကုသနေသည်မှာ ရှစ်ရက်ခန့်ကြာမြင့်နေပြီး ပုံမှန်အနေအထားအထိ ပြန်လည်ကောင်းမွန်လာအောင် ကုသပေး မည်ဟု ၎င်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top