ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×



ကွယ်လွန်သူ နိုင်နိုင်(၂၁နှစ်)၏ ရုပ်အလောင်းအား ကျန်ရစ်သူမိသားစုများက သြဂုတ်လ ၂၀ ရက်နေ့တွင် ချွန်ဘူရီခရိုင် ဆီလခြားမြို့နယ် ဝပ်နောင်းခေါတွင် မီးသင်္ဂြိုံလ်ခဲ့ကြောင်းသတင်းရရှိသည်။
 
Credit:  Labour Hittai

#Unicode Version#
 သြဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲအချိန်ခန့်တွင် ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ချွန်ဘူရီမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သား ၃ ဦး ငြမ်းပေါ်မှ ပြုတ်ကျကာ ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အလုပ်သမားတစ်ဦးဖြစ်သူ ကိုနိုင်ဦး ၏ ပြောကြားချက်အရ ပြုတ်ကျခဲ့သည့် အလုပ်သမား(၃)ဦးမှာ နေ့စဉ်ပုံမှန်အတိုင်း အလုပ်လုပ်ကိုင်နေခဲ့ရာမှာ ယခုလို အမှတ်မထင်ပြုတ်ကျလာခဲ့ပြီး ဦးခေါင်းကွဲဒဏ်ရာများဖြင့် အလုပ်သမား ၂ ဦးမှာ သတိလစ်နေခဲ့သည်။
ငြမ်းပေါ်မှပြုတ်ကျ၍ ဒဏ်ရာရရှိခဲ့သူများမှာ အောင်စိုးဝင်း(၄၄နှစ်)၊ ဇေယျာအောင်
(၂၉နှစ်)နှင့် နိုင်နိုင်(၂၁နှစ်)တို့ ဖြစ်ကြကြောင်း သိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ထိုင်းကယ်ဆယ်ရေးအဖွဲ့များမှ ဆေးရုံသို့ပို့ဆောင်၍
ဆေးကုသမှုပေးခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ်သမား ၃ ဦးအနက် နိုင်နိုင်(၂၁နှစ်)သည် ရရှိခဲ့သည့်ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။
ကွယ်လွန်သူ နိုင်နိုင်(၂၁နှစ်)၏ ရုပ်အလောင်းအား ကျန်ရစ်သူမိသားစုများက သြဂုတ်လ ၂၀ ရက်နေ့တွင် ချွန်ဘူရီခရိုင် ဆီလခြားမြို့နယ် ဝပ်နောင်းခေါတွင် မီးသြင်္ဂိုံလ်ခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပါအလုပ်သမားများသည့် CIကိုင်ဆောင်ထားကြသည့် မြန်မာအလုပ်သမား
များ ဖြစ်ကြောင်းသိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  Labour Hittai
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top