ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

လူငယ္ေပမယ့္ သနားညႇာတာစိတ္ရွိတဲ့ ေကာင္ေလးတစ္ေယာက္ဟာ ဘဲေလးကုိ သတ္မပစ္ဖုိ႔ မိခင္ကို ေတာင္းပန္ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ကို အိမ္နီးနားခ်င္းတစ္ဦးက အမွတ္တမဲ့ ႐ိုက္ကူးမွတ္တမ္းတင္ထားတာပါ။ မိခင္ျဖစ္သူဟာ အသားခုတ္ ဓားျပားႀကီးနဲ႔ ဘဲေလးကို ခုတ္မယ္ျဖတ္မယ္ တကဲကဲျျပဳလုပ္ခဲ့ပါတယ္။

သူမဟာ သားျဖစ္သူကို ဘဲရဲ႕လည္ပင္းကို ၿငိမ္ၿငိမ္ေလး ကုိင္ထားဖုိ႔၊ အဲဒီအေနအထားအတုိင္း သူမက ဘဲရဲ႕လည္ပင္းကို ဓားနဲ႔ ခုတ္ခ်မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေကာင္ေလးကေတာ့ ဘဲေလးကိုၾကည့္ကာ သနားၿပီး မသတ္ဖုိ႔ မိခင္ကိုေတာင္းပန္ခဲ့တာပါ။ ေကာင္ေလးဟာ ဘဲေလးကို ညင္သာစြာပြတ္သပ္ေနၿပီး မိခင္ကို အသနားခံအၾကည့္နဲ႔ ၾကည့္ေနပါတယ္။

ေကာင္ေလးကေတာ့ ဘဲေလးကုိ သတ္မယ္တကဲကဲလုပ္ေနတဲ့ မိခင္ကုိ ဘဲေလးကို ဓားနဲ႔မခုတ္မိေစဖုိ႔ ခႏၶာကုိယ္ေလးနဲ႔ေနာင္ ကာဗာေပးၿပီး ကာကြယ္ေနတာကို ေတြ႕ရပါတယ္။ မိခင္ဟာ ကင္မရာဆရာကို ၿပဳံးကာၾကည့္ေနၿပီး ေနာက္ဆုံးမွာေတာ့ သားအလုိက် ဘဲေလးကို ေဘးမဲ့ေပးလုိက္တယ္လုိ႔ သိရပါတယ္။

ဒီဗြီဒီယုိဟာ မည္သည့္ေဒသ၊ မည္သည့္ေနရာမွာ ႐ုိက္ကူးခဲ့တယ္ဆုိတာ ရွင္းရွင္းလင္းလင္း မသိရေပမယ့္ တ႐ုတ္ႏုိင္ငံကလုိ႔ ယူဆရပါတယ္။ လူမႈကြန္ယက္မွာေတာ့ ေကာင္ေလးရဲ႕ သတၱဝါေတြအေပၚ သနားစိတ္၊ အကာအကြယ္ေပးလုိစိတ္ကုိ အမ်ားက ခ်ီးက်ဴးေနၾကပါတယ္။ ဒီဗြီဒီယုိေလးဟာ လူမႈကြန္ယက္ေပၚမွာ ၾကည့္႐ႈမႈ သန္းခ်ီရွိေနပါတယ္။

source : metro.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
လူငယ်ပေမယ့် သနားညှာတာစိတ်ရှိတဲ့ ကောင်လေးတစ်ယောက်ဟာ ဘဲလေးကို သတ်မပစ်ဖို့ မိခင်ကို တောင်းပန်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို အိမ်နီးနားချင်းတစ်ဦးက အမှတ်တမဲ့ ရိုက်ကူးမှတ်တမ်းတင်ထားတာပါ။ မိခင်ဖြစ်သူဟာ အသားခုတ် ဓားပြားကြီးနဲ့ ဘဲလေးကို ခုတ်မယ်ဖြတ်မယ် တကဲကဲြပြုလုပ်ခဲ့ပါတယ်။

သူမဟာ သားဖြစ်သူကို ဘဲရဲ့လည်ပင်းကို ငြိမ်ငြိမ်လေး ကိုင်ထားဖို့၊ အဲဒီအနေအထားအတိုင်း သူမက ဘဲရဲ့လည်ပင်းကို ဓားနဲ့ ခုတ်ချမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကောင်လေးကတော့ ဘဲလေးကိုကြည့်ကာ သနားပြီး မသတ်ဖို့ မိခင်ကိုတောင်းပန်ခဲ့တာပါ။ ကောင်လေးဟာ ဘဲလေးကို ညင်သာစွာပွတ်သပ်နေပြီး မိခင်ကို အသနားခံအကြည့်နဲ့ ကြည့်နေပါတယ်။

ကောင်လေးကတော့ ဘဲလေးကို သတ်မယ်တကဲကဲလုပ်နေတဲ့ မိခင်ကို ဘဲလေးကို ဓားနဲ့မခုတ်မိစေဖို့ ခန္ဓာကိုယ်လေးနဲ့နောင် ကာဗာပေးပြီး ကာကွယ်နေတာကို တွေ့ရပါတယ်။ မိခင်ဟာ ကင်မရာဆရာကို ပြုံးကာကြည့်နေပြီး နောက်ဆုံးမှာတော့ သားအလိုကျ ဘဲလေးကို ဘေးမဲ့ပေးလိုက်တယ်လို့ သိရပါတယ်။

ဒီဗွီဒီယိုဟာ မည်သည့်ဒေသ၊ မည်သည့်နေရာမှာ ရိုက်ကူးခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် တရုတ်နိုင်ငံကလို့ ယူဆရပါတယ်။ လူမှုကွန်ယက်မှာတော့ ကောင်လေးရဲ့ သတ္တဝါတွေအပေါ် သနားစိတ်၊ အကာအကွယ်ပေးလိုစိတ်ကို အများက ချီးကျူးနေကြပါတယ်။ ဒီဗွီဒီယိုလေးဟာ လူမှုကွန်ယက်ပေါ်မှာ ကြည့်ရှုမှု သန်းချီရှိနေပါတယ်။

source : metro.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top