ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ျမန္မာ ႏိုင္ငံမွာ ၿပီးခဲ့တဲ့ သီတင္းပတ္ ေတြ အတြင္းမွာ ေရႀကီး ေရလွ်ံမႈေတြ တိုင္းနဲ႔ ျပည္နယ္ ၈ ခုမွာ ျဖစ္ပြား ခဲ့ပါတယ္။ ေရႀကီးမႈ ေနာက္ဆက္ တြဲ ကယ္ဆယ္ေရး လုပ္ငန္းေတြ၊ ျပန္လည္ ထူေထာင္ေရး လုပ္ငန္းေတြကို အစိုးရ ပိုင္း ကပံ့ပိုး ကူညီ ေျဖရွင္း ေပးေနရပါတယ္။

ျပည္နယ္နဲ႔ တိုင္း ၈ ခု မွာ ေရႀကီးတယ္ ဆိုေပမယ့္ အဲဒီ အထဲက ျပည္နယ္ နဲ႔ တိုင္း ၄ ခုမွာကေတာ့ သာမန္ေရႀကီးမႈေတြပဲ ျဖစ္တယ္လို႔ သဘာဝ ေဘးအႏၲရာယ္ ဆိုင္ရာ စီမံ ခန႔္ခြဲမႈ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ ကိုကို ႏိုင္က ေျပာပါတယ္။

ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ တနသၤာရီ တိုင္းနဲ႔ ပဲခူး တိုင္း တို႔ မွာ ေရႀကီးမႈ ဒဏ္ကို အမ်ားဆုံး ခံစား ခဲ့ရတာ ျဖစ္ပါတယ္။ အဲဒီမွာ ကယ္ဆယ္ေရး စခန္း ေပါင္း (၃၄၁) ခု ဖြင့္လွစ္ခဲ့ရပါတယ္။

ဒါေပမယ့္ လက္ရွိ အခ်ိန္မွာေတာ့ ကယ္ဆယ္ေရး စခန္း (၄၃) ခုပဲ က်န္ရွိေတာ့ေၾကာင္း ေဒါက္တာ ကိုကိုႏိုင္ က ဆိုပါတယ္။ လူဦးေရ တစ္သိန္း ခြဲေလာက္ ဟာ ေရေဘးေရွာင္ စခန္းေတြ မွာ ေနခဲ့ ရေပမယ့္ လက္ရွိ အခ်ိန္မွာေတာ့ လူ တစ္ေသာင္းခြဲပဲ ရွိေတာ့တယ္လို႔ သိရပါတယ္။

တႏိုင္ငံလုံး အတိုင္းအတာ အေနနဲ႔ ေရႀကီး နစ္ျမဳပ္မႈေတြ ေၾကာင့္ ေသဆုံးသူ စုစုေပါင္း လူ ၂၀ ဦး ရွိခဲ့တယ္လို႔ လည္း သူက ဆိုပါတယ္။

ေရႀကီးမႈဒဏ္ ကို အႀကီးအက်ယ္ ခံခဲ့ရတဲ့ ျပည္နယ္ေတြမွာ မိုး႐ြာသြန္းမႈ မ်ားျပားတာ၊ ျမစ္ေရ ႀကီးျမင့္ မႈေတြ ေၾကာင့္ ေရေဘးဒဏ္ ပိုမို ခံစား ခဲ့ရတာ ျဖစ္ပါတယ္။
ကယ္ဆယ္ေရး လုပ္ငန္းေတြ၊ ျပန္လည္ ထူေထာင္ေရး လုပ္ငန္းေတြကို အစိုးရ ပိုင္း ကပံ့ပိုး ကူညီ ေျဖရွင္း ေပးေနရ
အဲဒီ ေဒသ ေတြဟာ အရင္တုန္း ကလည္း ေရႀကီးမႈ ဒဏ္ကို ခံစား ခဲ့ရတဲ့ ေဒသ ေတြ ျဖစ္တယ္လို႔ ေဘး အႏၲရာယ္ စီမံခန႔္ခြဲမႈ ဦးစီးဌာန ၫႊန္ၾကား ေရးမႉးခ်ဳပ္ ေဒါက္တာ ကိုကိုႏိုင္ က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ အမ်ိဳးသား သဘာဝ ေဘး ဆိုင္ရာ စီမံခန႔္ခြဲမႈ ေကာ္မတီ ကို ဒုတိယ သမၼတ က ဦးေဆာင္ၿပီး လူမႈဝန္ထမ္း ကယ္ဆယ္ေရး နဲ႔ ျပန္လည္ ေနရခ်ထားေရး ဝန္ႀကီး၊ ျပည္ထဲေရး ဝန္ႀကီး တို႔ က ဒုတိယ ဥကၠ႒ ေတြ အျဖစ္ ပါဝင္ပါတယ္။

အေရးေပၚ အေျခအေန မွာ အဲဒီ ေကာ္မတီ အေနနဲ႔ အစည္းအေဝး ထိုင္ၿပီး ကယ္ဆယ္ေရး လုပ္ငန္းေတြ ကို ေဆာင္႐ြက္ တယ္လို႔ ေျပာပါတယ္။ သဘာဝ ေဘးအႏၲရာယ္ ႀကဳံလာမယ္ ဆိုရင္ ျပည္သူေတြ အေနနဲ႔ ၀၆၇ ၃၄၀၄ ၆၆၆ နဲ႔ ၀၆၇ ၃၄၀၄၇၇၇ တို႔ ကို အခ်ိန္မေ႐ြး ဆက္သြယ္ ႏိုင္တယ္လို႔ ထုတ္ျပန္ ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC Burmese
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာ နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် တွေ အတွင်းမှာ ရေကြီး ရေလျှံမှုတွေ တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ ဖြစ်ပွား ခဲ့ပါတယ်။ ရေကြီးမှု နောက်ဆက် တွဲ ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို အစိုးရ ပိုင်း ကပံ့ပိုး ကူညီ ဖြေရှင်း ပေးနေရပါတယ်။

ပြည်နယ်နဲ့ တိုင်း ၈ ခု မှာ ရေကြီးတယ် ဆိုပေမယ့် အဲဒီ အထဲက ပြည်နယ် နဲ့ တိုင်း ၄ ခုမှာကတော့ သာမန်ရေကြီးမှုတွေပဲ ဖြစ်တယ်လို့ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကို နိုင်က ပြောပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းနဲ့ ပဲခူး တိုင်း တို့ မှာ ရေကြီးမှု ဒဏ်ကို အများဆုံး ခံစား ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီမှာ ကယ်ဆယ်ရေး စခန်း ပေါင်း (၃၄၁) ခု ဖွင့်လှစ်ခဲ့ရပါတယ်။

ဒါပေမယ့် လက်ရှိ အချိန်မှာတော့ ကယ်ဆယ်ရေး စခန်း (၄၃) ခုပဲ ကျန်ရှိတော့ကြောင်း ဒေါက်တာ ကိုကိုနိုင် က ဆိုပါတယ်။ လူဦးရေ တစ်သိန်း ခွဲလောက် ဟာ ရေဘေးရှောင် စခန်းတွေ မှာ နေခဲ့ ရပေမယ့် လက်ရှိ အချိန်မှာတော့ လူ တစ်သောင်းခွဲပဲ ရှိတော့တယ်လို့ သိရပါတယ်။

တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ရေကြီး နစ်မြုပ်မှုတွေ ကြောင့် သေဆုံးသူ စုစုပေါင်း လူ ၂၀ ဦး ရှိခဲ့တယ်လို့ လည်း သူက ဆိုပါတယ်။

ရေကြီးမှုဒဏ် ကို အကြီးအကျယ် ခံခဲ့ရတဲ့ ပြည်နယ်တွေမှာ မိုးရွာသွန်းမှု များပြားတာ၊ မြစ်ရေ ကြီးမြင့် မှုတွေ ကြောင့် ရေဘေးဒဏ် ပိုမို ခံစား ခဲ့ရတာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို အစိုးရ ပိုင်း ကပံ့ပိုး ကူညီ ဖြေရှင်း ပေးနေရ
အဲဒီ ဒေသ တွေဟာ အရင်တုန်း ကလည်း ရေကြီးမှု ဒဏ်ကို ခံစား ခဲ့ရတဲ့ ဒေသ တွေ ဖြစ်တယ်လို့ ဘေး အန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင် က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား သဘာဝ ဘေး ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ကို ဒုတိယ သမ္မတ က ဦးဆောင်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရချထားရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး တို့ က ဒုတိယ ဥက္ကဋ္ဌ တွေ အဖြစ် ပါဝင်ပါတယ်။

အရေးပေါ် အခြေအနေ မှာ အဲဒီ ကော်မတီ အနေနဲ့ အစည်းအဝေး ထိုင်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ကို ဆောင်ရွက် တယ်လို့ ပြောပါတယ်။ သဘာဝ ဘေးအန္တရာယ် ကြုံလာမယ် ဆိုရင် ပြည်သူတွေ အနေနဲ့ ၀၆၇ ၃၄၀၄ ၆၆၆ နဲ့ ၀၆၇ ၃၄၀၄၇၇၇ တို့ ကို အချိန်မရွေး ဆက်သွယ် နိုင်တယ်လို့ ထုတ်ပြန် ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: BBC Burmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top