(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

တနသၤာရီၿမိဳ႕မွာ ဒီရက္ပိုင္း မိုးသည္းလို႔ ၾသဂုတ္လ ၆ ရက္ ညေနပိုင္းက စတင္ၿပီး တနသၤာရီ ျမစ္ေရဟာ စိုးရိမ္ေရမွတ္ထက္ ၅ ေပေက်ာ္ ျပန္ေရာက္လာပါတယ္။

အခုဆိုရင္ ၿမိဳ႕ရဲ႕အနိမ့္ပိုင္းနဲ႔ ေက်း႐ြာေတြမွာ ေရေတြ ျပန္ ဝင္ေနတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

ၾသဂုတ္ ၇ ရက္ ေနလယ္ပိုင္းမွာ တနသၤာရီ ျမစ္ေရဟာ ၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ ၁၇ ေပကို ေက်ာ္ လြန္ၿပီး အႏၲရာယ္မွတ္ ၂၃ ေပ ၇ လက္မအထိ ေရာက္လာတယ္လို႔ တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးရဲျမင့္ေဆြက ေျပာပါတယ္။

ဇူလိုင္ ၁၇ ရက္က စတင္ၿပီး တနသၤာရီၿမိဳ႕မွာ ေရႀကီးနစ္ျမဳပ္မႈေၾကာင့္ ေရေဘးေရွာင္ စခန္းေတြမွာ သြားခိုလႈံခဲ့တဲ့ ၿမိဳ႕ခံေတြက ၿပီးခဲ့တဲ့ ရက္ပိုင္းက ေရက်သြားလို႔ အိမ္ျပန္သြားခဲ့ၾကပါတယ္။
ေရေဘးကို ထိထိေရာက္ ကာကြယ္ တုံ႔ျပန္ႏိုင္ခဲ့သလား

ဒါေပမယ့္ အခုတခါ ေရျပန္တက္လာလို႔ ေဆြမ်ိဳးအိမ္ေတြမွာ သြားေနထိုင္ေနတဲ့ ၾကရသူေတြလည္း ရွိေနပါတယ္။

တနသၤာရီၿမိဳ႕ ဝကၤဘာေတာင္ေျခ ရပ္ကြက္မွာ ေနထိုင္တဲ့ ေဒၚႏွင္းႏွင္းေဝက သူ႔အိမ္မွာ ေရတက္ေနတာေၾကာင့္ ဘာတခုမွ လုပ္ကိုင္လို႔ မရသလို ကေလးေတြကိုလည္း စိုးရိမ္လို႔ ေက်ာင္းမလႊတ္ရဲဘူးလို႔ ေျပာပါတယ္။

လက္ရွိ တနသၤာရီၿမိဳ႕မွာ ေရေဘး ကယ္ဆယ္ေရး စခန္း ၇ ခုရွိၿပီး ေရေဘးသင့္သူ ၆ေထာင္ ေက်ာ္ ရွိေနပါတယ္။ ပထမအႀကိမ္ ေရႀကီးတုန္းက စခန္း ၁၃ ခုအထိ ဖြင့္ခဲ့ရၿပီး တခ်ိဳ႕က အိမ္ျပန္ သြားၾကလို႔ စခန္းတခ်ိဳ႕ကို ပိတ္ခဲ့လို႔ စခန္း ၇ ခုပဲ က်န္တာ ျဖစ္ပါတယ္။

အခုတခါ ေရျပန္တက္လာလို႔ ေဆြမ်ိဳးအိမ္ေတြမွာ သြားေနထိုင္ေနတဲ့ ၾကရသူေတြလည္း ရွိေန
အဲဒီစခန္းေတြက ေရေဘးသင့္သူေတြအတြက္ စားနပ္ရိကၡာေတြက ၾသဂုတ္ ၉ ရက္ အထိပဲ ေပးႏိုင္တာေၾကာင့္ ေရတေၾကာ့ ျပန္တက္လို႔ ေရေဘးသင့္သူေတြ ထပ္တိုးလာရင္ စားဖို႔ ေသာက္ဖို႔ အခက္အခဲေတြ ျဖစ္လာႏိုင္တယ္လို႔ တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးရဲျမင့္ေဆြက ေျပာပါတယ္။

တနသၤာရီမွာ ရက္ရွည္ေရႀကီးေနတာေၾကာင့္ အလႉရွင္ေတြလည္း မလႉဒါန္းႏိုင္ေတာ့ဘူးလို႔ သူက ေျပာပါတယ္။

 ၿပီးခဲ့တဲ့လက တနသၤာရီ ျမစ္ေရဟာ ၿမိဳ႕ရဲ႕အႏၲရာယ္ေရအမွတ္ ၂၇ ေပအထိ တက္ခဲ့

တနသၤာရီၿမိဳ႕မွာ ေရႀကီးေလ့ရွိေပမယ့္ အခုလိုမ်ိဳး ရက္ရွည္ ေရေဘးဒဏ္ခံရလို႔ လူေတြ ေျပာင္းေ႐ႊ႕ၿပီး လူအမ်ားနဲ႔ စုေပါင္း ေနထိုင္ရတာ၊ လမ္းေတြမွာ ေရႀကီးေနလို႔ ကေလးေတြကို ေက်ာင္းကို စိတ္ခ်လက္ခ် မလႊတ္ရဲတာေတြ၊ ကိုင္းေတြေရျမဳပ္ ကုန္လို႔ ဝင္ေငြ အခက္အခဲေတြ ႀကဳံေနရတာေတြေၾကာင့္ ေဒသခံေတြက ေရအျမန္ က်ဖို႔ ဆႏၵရွိေနပါတယ္။

ၿပီးခဲ့တဲ့လက တနသၤာရီ ျမစ္ေရဟာ ၿမိဳ႕ရဲ႕အႏၲရာယ္ေရအမွတ္ ၂၇ ေပအထိ တက္ခဲ့လို႔ ေဒသခံ ၂ ေသာင္း ေက်ာ္ဟာ ေရေဘးဒဏ္ ခံခဲ့ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC Burmese
# Unicode Version ျဖင့္ ဖတ္ပါ #
တနင်္သာရီမြို့မှာ ဒီရက်ပိုင်း မိုးသည်းလို့ သြဂုတ်လ ၆ ရက် ညနေပိုင်းက စတင်ပြီး တနင်္သာရီ မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ၅ ပေကျော် ပြန်ရောက်လာပါတယ်။

အခုဆိုရင် မြို့ရဲ့အနိမ့်ပိုင်းနဲ့ ကျေးရွာတွေမှာ ရေတွေ ပြန် ဝင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သြဂုတ် ၇ ရက် နေလယ်ပိုင်းမှာ တနင်္သာရီ မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၇ ပေကို ကျော် လွန်ပြီး အန္တရာယ်မှတ် ၂၃ ပေ ၇ လက်မအထိ ရောက်လာတယ်လို့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။

ဇူလိုင် ၁၇ ရက်က စတင်ပြီး တနင်္သာရီမြို့မှာ ရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးရှောင် စခန်းတွေမှာ သွားခိုလှုံခဲ့တဲ့ မြို့ခံတွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ရေကျသွားလို့ အိမ်ပြန်သွားခဲ့ကြပါတယ်။
ရေဘေးကို ထိထိရောက် ကာကွယ် တုံ့ပြန်နိုင်ခဲ့သလား

ဒါပေမယ့် အခုတခါ ရေပြန်တက်လာလို့ ဆွေမျိုးအိမ်တွေမှာ သွားနေထိုင်နေတဲ့ ကြရသူတွေလည်း ရှိနေပါတယ်။

တနင်္သာရီမြို့ ဝင်္ကဘာတောင်ခြေ ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်နှင်းနှင်းဝေက သူ့အိမ်မှာ ရေတက်နေတာကြောင့် ဘာတခုမှ လုပ်ကိုင်လို့ မရသလို ကလေးတွေကိုလည်း စိုးရိမ်လို့ ကျောင်းမလွှတ်ရဲဘူးလို့ ပြောပါတယ်။

လက်ရှိ တနင်္သာရီမြို့မှာ ရေဘေး ကယ်ဆယ်ရေး စခန်း ၇ ခုရှိပြီး ရေဘေးသင့်သူ ၆ထောင် ကျော် ရှိနေပါတယ်။ ပထမအကြိမ် ရေကြီးတုန်းက စခန်း ၁၃ ခုအထိ ဖွင့်ခဲ့ရပြီး တချို့က အိမ်ပြန် သွားကြလို့ စခန်းတချို့ကို ပိတ်ခဲ့လို့ စခန်း ၇ ခုပဲ ကျန်တာ ဖြစ်ပါတယ်။

အခုတခါ ရေပြန်တက်လာလို့ ဆွေမျိုးအိမ်တွေမှာ သွားနေထိုင်နေတဲ့ ကြရသူတွေလည်း ရှိနေ
အဲဒီစခန်းတွေက ရေဘေးသင့်သူတွေအတွက် စားနပ်ရိက္ခာတွေက သြဂုတ် ၉ ရက် အထိပဲ ပေးနိုင်တာကြောင့် ရေတကြော့ ပြန်တက်လို့ ရေဘေးသင့်သူတွေ ထပ်တိုးလာရင် စားဖို့ သောက်ဖို့ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။

တနင်္သာရီမှာ ရက်ရှည်ရေကြီးနေတာကြောင့် အလှူရှင်တွေလည်း မလှူဒါန်းနိုင်တော့ဘူးလို့ သူက ပြောပါတယ်။

 ပြီးခဲ့တဲ့လက တနင်္သာရီ မြစ်ရေဟာ မြို့ရဲ့အန္တရာယ်ရေအမှတ် ၂၇ ပေအထိ တက်ခဲ့

တနင်္သာရီမြို့မှာ ရေကြီးလေ့ရှိပေမယ့် အခုလိုမျိုး ရက်ရှည် ရေဘေးဒဏ်ခံရလို့ လူတွေ ပြောင်းရွှေ့ပြီး လူအများနဲ့ စုပေါင်း နေထိုင်ရတာ၊ လမ်းတွေမှာ ရေကြီးနေလို့ ကလေးတွေကို ကျောင်းကို စိတ်ချလက်ချ မလွှတ်ရဲတာတွေ၊ ကိုင်းတွေရေမြုပ် ကုန်လို့ ဝင်ငွေ အခက်အခဲတွေ ကြုံနေရတာတွေကြောင့် ဒေသခံတွေက ရေအမြန် ကျဖို့ ဆန္ဒရှိနေပါတယ်။

ပြီးခဲ့တဲ့လက တနင်္သာရီ မြစ်ရေဟာ မြို့ရဲ့အန္တရာယ်ရေအမှတ် ၂၇ ပေအထိ တက်ခဲ့လို့ ဒေသခံ ၂ သောင်း ကျော်ဟာ ရေဘေးဒဏ် ခံခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: BBC Burmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top