iMyanmarHouse.com - Best Property Website for Myanmar
×

ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္းပိုင္း ျဖဴးၿမိဳ႕နယ္ မိုင္တိုင္ ၁၁၃/၄ ႏွင့္ ၅ အၾကား၌ ၾသဂုတ္ ၉ ရက္ နံနက္ ၁ နာရီ မိနစ္ ၅ဝ ခန္႔က အိမ္စီးယာဥ္ငယ္တစ္စီး အရွိန္လြန္ကာ လမ္းႏွစ္ခုအၾကားရွိ ျဖဴးေခ်ာင္းေရလႊဲဆည္ ေရလႊတ္ေျမာင္း အတြင္းသို႔ ထိုးက်ခဲ့ရာ ႏွစ္ဦးေရနစ္ ေသဆံုး၍ က်န္တစ္ဦးမွာ ရဲတပ္ဖြဲ႕ဝင္မ်ား အခ်ိန္မီ ေရာက္ရွိကယ္ဆယ္ႏုိင္ခဲ့သည့္ အတြက္ အသက္ရွင္္ခဲ့ေၾကာင္း ျဖဴး အျမန္လမ္းရဲစခန္းမွ စခန္းမွဴး ရဲအုပ္ လိႈင္ေဇာ္ဦးက ေျပာသည္။

ရန္ကုန္မွ ေနျပည္ေတာ္ဘက္သို႔ ေမာင္းႏွင္လာေသာ အိမ္စီးယာဥ္ငယ္ တစ္စီး တံတားလက္ရန္းကို တိုက္မိကာ ေျမာင္းအတြင္း ျပဳတ္က်သြားေၾကာင္း သတင္းအရ ျဖဴးအျမန္လမ္းရဲစခန္းမွ စခန္းမွဴး ရဲအုပ္ လိႈင္ေဇာ္ဦးႏွင့္ အဖြဲ႕၊ အျမန္လမ္းမီးသတ္တပ္ဖြဲ႕မွ ဒုဦးစီးမွဴး သိန္းထြန္း ဦးစီးအဖြဲ႕ႏွင့္အတူ အခင္း ျဖစ္ေနရာကို သြားေရာက္စစ္ေဆးရာ 1G/-----SURF ယာဥ္သည္ ေရေျမာင္းအတြင္း ထုိးက်ေနသည္ကို ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

အဆုိပါယာဥ္ကို စစ္ေဆးရာ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ (ဃ-၁)လမ္း၊ ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္ေနသူ ယာဥ္ေမာင္း တင္ေရႊ၊ အင္းစိန္ၿမိဳ႕နယ္ေနသူ ဦးႏွင္းေဝ ေအာင္တုိ႔အား ေသဆုံးလ်က္ေတြ႕ရွိရၿပီး ေရမြန္းနစ္ျမဳပ္ေနေသာ ေျမာက္ဒဂံုၿမိဳ႕နယ္ (၃၁)ရပ္ကြက္ေနသူ ဦးေက်ာ္မင္း (၄၁ႏွစ္)ကုိ အခ်ိန္မီ ကယ္ထုတ္ႏုိင္ခဲ့ သည္။ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ျဖဴး အျမန္လမ္းရဲစခန္းက အမႈဖြင့္စစ္ေဆး လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကိုလြင္(ဆြာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

#Unicode Version#
ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်း ဖြူးမြို့နယ် မိုင်တိုင် ၁၁၃/၄ နှင့် ၅ အကြား၌ သြဂုတ် ၉ ရက် နံနက် ၁ နာရီ မိနစ် ၅ဝ ခန့်က အိမ်စီးယာဉ်ငယ်တစ်စီး အရှိန်လွန်ကာ လမ်းနှစ်ခုအကြားရှိ ဖြူးချောင်းရေလွှဲဆည် ရေလွှတ်မြောင်း အတွင်းသို့ ထိုးကျခဲ့ရာ နှစ်ဦးရေနစ် သေဆုံး၍ ကျန်တစ်ဦးမှာ ရဲတပ်ဖွဲ့ဝင်များ အချိန်မီ ရောက်ရှိကယ်ဆယ်နိုင်ခဲ့သည့် အတွက် အသက်ရှင်ခဲ့ကြောင်း ဖြူး အမြန်လမ်းရဲစခန်းမှ စခန်းမှူး ရဲအုပ် လှိုင်ဇော်ဦးက ပြောသည်။

ရန်ကုန်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော အိမ်စီးယာဉ်ငယ် တစ်စီး တံတားလက်ရန်းကို တိုက်မိကာ မြောင်းအတွင်း ပြုတ်ကျသွားကြောင်း သတင်းအရ ဖြူးအမြန်လမ်းရဲစခန်းမှ စခန်းမှူး ရဲအုပ် လှိုင်ဇော်ဦးနှင့် အဖွဲ့၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ ဒုဦးစီးမှူး သိန်းထွန်း ဦးစီးအဖွဲ့နှင့်အတူ အခင်း ဖြစ်နေရာကို သွားရောက်စစ်ဆေးရာ 1G/-----SURF ယာဉ်သည် ရေမြောင်းအတွင်း ထိုးကျနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်ကို စစ်ဆေးရာ ယုဇနဥယျာဉ်မြို့တော် (ဃ-၁)လမ်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်နေသူ ယာဉ်မောင်း တင်ရွှေ၊ အင်းစိန်မြို့နယ်နေသူ ဦးနှင်းဝေ အောင်တို့အား သေဆုံးလျက်တွေ့ရှိရပြီး ရေမွန်းနစ်မြုပ်နေသော မြောက်ဒဂုံမြို့နယ် (၃၁)ရပ်ကွက်နေသူ ဦးကျော်မင်း (၄၁နှစ်)ကို အချိန်မီ ကယ်ထုတ်နိုင်ခဲ့ သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖြူး အမြန်လမ်းရဲစခန်းက အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top