ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

လက္ေခ်ာင္းေလးေတြကေျပာတဲ့အေၾကာင္းအရာေတြကို ေဗဒင္၀ါသနာအိုး စာဖတ္သူတို႔သိၿပီးၾကေလာက္ၿပီထင္ပါတယ္။ ဒါေပမယ့္အခုကေတာ့ ေဗဒင္မဟုတ္ပါဘူး။ လက္ေခ်ာင္းေလးေတြကေျပာတဲ့ ကိုယ့္ရဲ႕အေၾကာင္းကို အေပ်ာ္သေဘာအေနနဲ႔ မွ်ေ၀ေပးခ်င္တာပါ။

ပံု ေအ (လက္သန္းၾကြယ္က လက္ညိဳးထက္ ရွည္ေနျခင္း)

လက္ကို အေရွ႕ျဖန္႔ၾကည့္လိုက္လို႔ လက္သန္းၾကြယ္က လက္ညိဳးထက္ရွည္ေနမယ္ဆိုရင္ သင္ဟာ ဆြဲေဆာင္မႈရွိတဲ့သူတစ္ဦးျဖစ္ပါတယ္။ စိတ္အေျပာင္းအလဲနည္းနည္းျမန္တယ္ေဒါသထြက္လြယ္တယ္။ သင္ဟာ သင့္ရဲ့လုပ္ငန္းခြင္မွာ ထူးခၽြန္ေအာင္ျမင္ေပါက္ေျမာက္သူတစ္ဦးလည္းျဖစ္ပါတယ္။ ပေဟဠိိကိုအေျဖရွာရာမွာေတာ့ တကကယ္ကို ဆရာႀကီးေတြပါပဲ။ သူတို႔ကို အင္ဂ်င္နီယာ၊ စစ္သား၊ စစ္တုရင္ကစားသမား၊ တျခားသူေတြထက္ စြန္႔စားတဲ့သူေတြအျဖစ္ ျမင္ေတြ႔ရေလ့ရွိပါတယ္။၀င္ေငြေကာင္းတဲ့သူလည္းျဖစ္ပါတယ္။

ပံု ဘီ (လက္ညိဳးက လက္သန္းၾကြယ္ထက္ရွည္ေနျခင္း)

လက္ညိဳးက လက္သန္းၾကြယ္ထက္ရွည္ေနရင္ေတာ့ သင္ဟာ သင့္ကိုယ္သင္ ယံုၾကည္မႈအျပည့္ရွိသူျဖစ္ပါတယ္။ တပါးသူက သင့္အေပၚမွာ ေလးစားတာ အာရံုစိုက္တာကို သေဘာက်သူျဖစ္ပါတယ္။ သင္ဟာ သူမ်ားရဲ့ ပုဂၢိဳလ္ေရးကိုေရာ ကိုယ့္ရဲ့ပုဂၢဳိလ္ေရးကိုေရာ ေလးစားတန္ဖိုးထားသူျဖစ္တစ္ဦးျဖစ္ပါတယ္။

ပဲု စီ (လက္ညိဳးနဲ႔ လက္သန္းၾကြယ္ညီေနျခင္း)

သင္ရဲ့လက္ညိဳးနဲ႔ လက္သန္းၾကြယ္က တေျပးညီျဖစ္ေနတယ္ဆိုရင္ေတာ့ သင္ဟာ ၿငိမ္းခ်မ္းေရးသမားျဖစ္ပါတယ္။ ျပႆနာျဖစ္တာ ပဋိပကၡျဖစ္တာကို ရြံမုန္းသူတစ္ဦးျဖစ္ပါတယ္။ ဘယ္သူတဦးတေယာက္နဲ႔မွ ျပႆနာမျဖစ္ခ်င္တဲ့သူျဖစ္ပါတယ္။ အလိုက္သင့္ ေပါင္းသင္းေနထိုင္တတ္သူျဖစ္ေပမယ့္လည္း တခါတေလ တေယာက္တည္း သီးသန္႔ေနရတာႀကိဳက္တဲ့သူပါ။ ဒါေပမယ့္ သူတို႔ဟာ အခ်စ္ေရးမွာ သိပ္ကို ၾကင္နာတတ္သူျဖစ္ပါတယ္။ သူတို႔ရဲ့ခ်စ္သူအေပၚမွာ အရမ္းကိုဂရုစိုက္ ၾကင္နာတတ္ပါတယ္။

ကဲသင္ကဘယ္လိုလက္ေခ်ာင္းေလးေတြကို ပိုင္ဆိုင္ထားတဲ့သူပါလဲ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystyle

#Unicode Version#
လက်ချောင်းလေးတွေကပြောတဲ့အကြောင်းအရာတွေကို ဗေဒင်ဝါသနာအိုး စာဖတ်သူတို့သိပြီးကြလောက်ပြီထင်ပါတယ်။ ဒါပေမယ့်အခုကတော့ ဗေဒင်မဟုတ်ပါဘူး။ လက်ချောင်းလေးတွေကပြောတဲ့ ကိုယ့်ရဲ့အကြောင်းကို အပျော်သဘောအနေနဲ့ မျှဝေပေးချင်တာပါ။

ပုံ အေ (လက်သန်းကြွယ်က လက်ညိုးထက် ရှည်နေခြင်း)

လက်ကို အရှေ့ဖြန့်ကြည့်လိုက်လို့ လက်သန်းကြွယ်က လက်ညိုးထက်ရှည်နေမယ်ဆိုရင် သင်ဟာ ဆွဲဆောင်မှုရှိတဲ့သူတစ်ဦးဖြစ်ပါတယ်။ စိတ်အပြောင်းအလဲနည်းနည်းမြန်တယ်ဒေါသထွက်လွယ်တယ်။ သင်ဟာ သင့်ရဲ့လုပ်ငန်းခွင်မှာ ထူးချွန်အောင်မြင်ပေါက်မြောက်သူတစ်ဦးလည်းဖြစ်ပါတယ်။ ပဟေဠိကိုအဖြေရှာရာမှာတော့ တကကယ်ကို ဆရာကြီးတွေပါပဲ။ သူတို့ကို အင်ဂျင်နီယာ၊ စစ်သား၊ စစ်တုရင်ကစားသမား၊ တခြားသူတွေထက် စွန့်စားတဲ့သူတွေအဖြစ် မြင်တွေ့ရလေ့ရှိပါတယ်။ဝင်ငွေကောင်းတဲ့သူလည်းဖြစ်ပါတယ်။

ပုံ ဘီ (လက်ညိုးက လက်သန်းကြွယ်ထက်ရှည်နေခြင်း)

လက်ညိုးက လက်သန်းကြွယ်ထက်ရှည်နေရင်တော့ သင်ဟာ သင့်ကိုယ်သင် ယုံကြည်မှုအပြည့်ရှိသူဖြစ်ပါတယ်။ တပါးသူက သင့်အပေါ်မှာ လေးစားတာ အာရုံစိုက်တာကို သဘောကျသူဖြစ်ပါတယ်။ သင်ဟာ သူများရဲ့ ပုဂ္ဂိုလ်ရေးကိုရော ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးကိုရော လေးစားတန်ဖိုးထားသူဖြစ်တစ်ဦးဖြစ်ပါတယ်။

ပဲု စီ (လက်ညိုးနဲ့ လက်သန်းကြွယ်ညီနေခြင်း)

သင်ရဲ့လက်ညိုးနဲ့ လက်သန်းကြွယ်က တပြေးညီဖြစ်နေတယ်ဆိုရင်တော့ သင်ဟာ ငြိမ်းချမ်းရေးသမားဖြစ်ပါတယ်။ ပြဿနာဖြစ်တာ ပဋိပက္ခဖြစ်တာကို ရွံမုန်းသူတစ်ဦးဖြစ်ပါတယ်။ ဘယ်သူတဦးတယောက်နဲ့မှ ပြဿနာမဖြစ်ချင်တဲ့သူဖြစ်ပါတယ်။ အလိုက်သင့် ပေါင်းသင်းနေထိုင်တတ်သူဖြစ်ပေမယ့်လည်း တခါတလေ တယောက်တည်း သီးသန့်နေရတာကြိုက်တဲ့သူပါ။ ဒါပေမယ့် သူတို့ဟာ အချစ်ရေးမှာ သိပ်ကို ကြင်နာတတ်သူဖြစ်ပါတယ်။ သူတို့ရဲ့ချစ်သူအပေါ်မှာ အရမ်းကိုဂရုစိုက် ကြင်နာတတ်ပါတယ်။

ကဲသင်ကဘယ်လိုလက်ချောင်းလေးတွေကို ပိုင်ဆိုင်ထားတဲ့သူပါလဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top