ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

နာတာရွည္ ေက်ာက္ကပ္ေရာဂါက လအေတာ္ၾကာ၊ ႏွစ္အေတာ္ၾကာမွ ျဖည္းျဖည္းခ်င္း ပိုဆိုးလာၿပီး အမ်ားအားျဖင့္ ေနာက္ခံက်န္းမာေရး အေျခအေနတစ္ခုခုနဲ႔ ဆက္စပ္ေနပါတယ္။ ေရာဂါ 3 ပံု 2 ပံုေလာက္က ေသြးတိုး (သို႔) ဆီးခ်ိဳေရာဂါေၾကာင့္ ျဖစ္ရပါတယ္။

          ေသြးတိုးေရာဂါက လူလတ္ပိုင္းအရြယ္ေတြမွာ အဓိကျဖစ္တဲ့ အျဖစ္မ်ားဆံုးေသာ ႏွလံုးေသြးေၾကာေရာဂါတစ္မ်ိဳးပါ။ လူတစ္ေယာက္က -

●        က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ ခႏၶာကိုယ္ပံုစံရွိရင္

●        မိသားစုထဲမွာ ေသြးတိုးေရာဂါရာဇ၀င္ရွိရင္

●        အသက္အရြယ္ႀကီးရင္

          ေသြးတိုးေရာဂါ ပိုျဖစ္ႏိုင္ေျခ ရွိပါတယ္။

          ေသြးတိုးေရာဂါကို မထိန္းခ်ဳပ္ႏိုင္ျခင္းက နာတာရွည္ ေက်ာက္ကပ္ေရာဂါ ျဖစ္ေစႏုိင္တဲ့ အေၾကာင္းအရင္း ျဖစ္တဲ့အတြက္ ေသြးတိုးသမားေတြမွာ ကုသမႈ ေသခ်ာခံယူဖို႔ အေရးႀကီးပါတယ္။

          ဆီးခ်ိဳေရာဂါက ေက်ာက္ကပ္ထိခိုက္ေစၿပီး လုပ္ငန္းေဆာင္ရြက္မႈေတြကို က်ဆင္းေစျခင္းအားျဖင့္ နာတာရွည္ ေက်ာက္ကပ္ေရာဂါ ျဖစ္ေစပါတယ္။

        အျခားျဖစ္ႏုိင္ေျခရွိတဲ့ အေၾကာင္းအရာေတြကေတာ့ -

●        ႏွလံုးေရာဂါ

●        ေက်ာက္ကပ္ကို ေရာဂါပိုး မ်ားစြာ၀င္ျခင္း

●        ဆီးမ်ား ေက်ာက္ကပ္ထဲ ျပန္ဆန္တက္ျခင္း

●        ေသြးတြင္း ကိုလက္စထေရာဓာတ္ မ်ားျခင္း

●        အ၀လြန္ျခင္း

●        ေဆးလိပ္ေသာက္ျခင္း

●        အရက္ေသာက္ျခင္း

●        မူးယစ္ေဆး သံုးစြဲျခင္း

●        အကိုက္အခဲေပ်ာက္ေဆး အလြန္အကၽြံ သံုးစြဲျခင္း (ibuprofen, acetaminophen)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Drmyanmar

#Unicode Version#
နာတာရှည် ကျောက်ကပ်ရောဂါက လအတော်ကြာ၊ နှစ်အတော်ကြာမှ ဖြည်းဖြည်းချင်း ပိုဆိုးလာပြီး အများအားဖြင့် နောက်ခံကျန်းမာရေး အခြေအနေတစ်ခုခုနဲ့ ဆက်စပ်နေပါတယ်။ ရောဂါ 3 ပုံ 2 ပုံလောက်က သွေးတိုး (သို့) ဆီးချိုရောဂါကြောင့် ဖြစ်ရပါတယ်။

          သွေးတိုးရောဂါက လူလတ်ပိုင်းအရွယ်တွေမှာ အဓိကဖြစ်တဲ့ အဖြစ်များဆုံးသော နှလုံးသွေးကြောရောဂါတစ်မျိုးပါ။ လူတစ်ယောက်က -

●        ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ခန္ဓာကိုယ်ပုံစံရှိရင်

●        မိသားစုထဲမှာ သွေးတိုးရောဂါရာဇဝင်ရှိရင်

●        အသက်အရွယ်ကြီးရင်

          သွေးတိုးရောဂါ ပိုဖြစ်နိုင်ခြေ ရှိပါတယ်။

          သွေးတိုးရောဂါကို မထိန်းချုပ်နိုင်ခြင်းက နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း ဖြစ်တဲ့အတွက် သွေးတိုးသမားတွေမှာ ကုသမှု သေချာခံယူဖို့ အရေးကြီးပါတယ်။

          ဆီးချိုရောဂါက ကျောက်ကပ်ထိခိုက်စေပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို ကျဆင်းစေခြင်းအားဖြင့် နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်စေပါတယ်။

        အခြားဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရာတွေကတော့ -

●        နှလုံးရောဂါ

●        ကျောက်ကပ်ကို ရောဂါပိုး များစွာဝင်ခြင်း

●        ဆီးများ ကျောက်ကပ်ထဲ ပြန်ဆန်တက်ခြင်း

●        သွေးတွင်း ကိုလက်စထရောဓာတ် များခြင်း

●        အဝလွန်ခြင်း

●        ဆေးလိပ်သောက်ခြင်း

●        အရက်သောက်ခြင်း

●        မူးယစ်ဆေး သုံးစွဲခြင်း

●        အကိုက်အခဲပျောက်ဆေး အလွန်အကျွံ သုံးစွဲခြင်း (ibuprofen, acetaminophen)


ဖိုးသူတော် (www.phothutaw.com)
Credit: Drmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top