ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဗစ္တိုရီးယားဒယ္လ္ ဆိုတဲ့ ေကာင္မေလးကေတာ့ သူ႔အေနနဲ႔ ရိုးရိုး ဓါတ္ပံုေတြရိုက္တတ္တဲ့ ေမာ္ဒယ္ေလးပါ။ ဒါေပမဲ့လည္း သူ႔အေနနဲ႔ ဒီလိုမ်ိဳး ပ်င္းစရာေကာင္းတဲ့ ဓါတ္ပံုေတြကို ရိုက္ရတာ ျငီေငြ႔လာခဲ့ပါတယ္။ ဒီလိုနဲ႔သူမကေတာ့ သူမ်ားထက္ တမူထူးျခားျပီး အမ်ားနဲ႔မတူတဲ့ ဓါတ္ပံုေတြကို ဓါတ္ပံုဆရာနဲ႔ တိုင္ပင္ျပီး ရိုက္ခဲ့ပါတယ္။ သူဟာ ဒီလိုဆန္းျပားျပီး ခက္ခက္ခဲခဲရိုက္ရမယ့္ ဓါတ္ပံုေတြကို သူ႔ရဲ့ Instagram မွာတင္ခဲ့ပါတယ္။ ဒီလိုနဲ႔သူဟာ ခဏေလးအတြင္းမွာ နာမည္ၾကီးသြားခဲ့ပါတယ္။

ဗစ္တိုရီးယားအေနနဲ႔ ဘာေၾကာင့္ ဒီလိုဓါတ္ပံုေတြ တင္လိုက္လို႔ တခဏေလးအတြင္းမွာ နာမည္ၾကီးသြားလည္းဆိုတာကိုေတာ့ ေျပာခ်င္လြန္းလို႔ရဲ့ ပရိသတ္ၾကီးေတြဘဲ ကိုယ္တိုင္ၾကည့္လိုက္ပါ။ သာမန္လူအေနနဲ႔ လိုက္လုပ္ဖို႔မလြယ္ဘဲ ဆန္းျပားတဲ့သူမရဲ့ ဓါတ္ပံုဒီဇိုင္းေတြကေတာ့ တကယ္ကုိပညာသားပါလွပါတယ္။ သင္တုိ႔အေနနဲ႔လည္း ဒီလိုထူးထူးျခားျခား ဓါတ္ပံုေလးေတြ ရိုက္ဖူးရင္ Comment ေလးေတြေပးခဲ့ၾကပါဦး။

သူမကေတာ့ လြန္ခဲ့တဲ့ ၅ ႏွစ္တုန္းက လူေတြသိပ္မသိေသးတဲ့ ေကာင္မေလးတစ္ေယာက္ပါ။ ဒီလိုနဲ႔ ျမိဳ႕ေသးေလးတစ္ခုကေန ရုရွားနိုင္ငံကို ေျပာင္းလာခဲ့ပါတယ္။

ထို႔ေနာက္သူမဟာ ဒီဇိုင္းနာနဲ႔ 3D Graphics ပညာရပ္ဆိုင္ရာ တကၠသိုလ္ကို တက္ေရာက္ခဲ့ပါတယ္။ သူမကိုယ္တိုင္ကလည္း ဖန္တီးမႈေတြကို ဝါသနာပါသူတစ္ေယာက္ျဖစ္ပါတယ္။

ဒီလိုနဲ႔သူတဖက္တလွမ္းကေန ဝင္ေငြရွာဖို႔ ဓါတ္ပံုေမာ္ဒယ္လုပ္ခဲ့ပါတယ္။ သူကလည္း ေမာ္ဒယ္တစ္ေယာက္လုပ္လို႔ရတဲ့ ရုပ္ရည္အျပည့္အဝရွိတယ္ေလ။ ထို႔ေနာက္သူမဟာ ရိုးရိုးဓါတ္ပံုေတြကို ရိုက္မယ့္အစား ဆန္းျပားတဲ့ ဓါတ္ပံုေတြကို ရိုက္ဖို႔ စိတ္ကူးရခဲ့ပါတယ္။

ဒီလိုနဲ႔ သူမတတ္ထားတဲ့ ပညာနဲ႔ အေတြးေကာင္းေလးေတြေၾကာင့္ ဓါတ္ပံုဆရာေတြကလည္း သေဘာက်ခဲ့ျပီး သူမစိတ္ၾကိဳက္ဓါတ္ပံုေတြ ရုိက္ေပးခဲ့ပါတယ္။ သူမရဲ့ ဓါတ္ပံုအမ်ားစုကေတာ့ သူကိုယ္တိုင္ ခက္ခက္ခဲခဲ ၾကိဳးစားခဲ့ရျပီး Photoshop အကူညီကို အနည္းငယ္သာယူခဲ့တယ္လို႔ သိရတယ္။

ဒီလို ဆန္းျပားတာေတြကို သူမ်ားနဲ႔မတူေအာင္ လုပ္နိုင္ခဲ့တဲ့ ဗစ္တိုရီးယားဒယ္လ္ကေတာ့ ခ်ီးက်ဴးစရာေကာင္းလွပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
ဗစ်တိုရီးယားဒယ်လ် ဆိုတဲ့ ကောင်မလေးကတော့ သူ့အနေနဲ့ ရိုးရိုး ဓါတ်ပုံတွေရိုက်တတ်တဲ့ မော်ဒယ်လေးပါ။ ဒါပေမဲ့လည်း သူ့အနေနဲ့ ဒီလိုမျိုး ပျင်းစရာကောင်းတဲ့ ဓါတ်ပုံတွေကို ရိုက်ရတာ ငြီငွေ့လာခဲ့ပါတယ်။ ဒီလိုနဲ့သူမကတော့ သူများထက် တမူထူးခြားပြီး အများနဲ့မတူတဲ့ ဓါတ်ပုံတွေကို ဓါတ်ပုံဆရာနဲ့ တိုင်ပင်ပြီး ရိုက်ခဲ့ပါတယ်။ သူဟာ ဒီလိုဆန်းပြားပြီး ခက်ခက်ခဲခဲရိုက်ရမယ့် ဓါတ်ပုံတွေကို သူ့ရဲ့ Instagram မှာတင်ခဲ့ပါတယ်။ ဒီလိုနဲ့သူဟာ ခဏလေးအတွင်းမှာ နာမည်ကြီးသွားခဲ့ပါတယ်။

ဗစ်တိုရီးယားအနေနဲ့ ဘာကြောင့် ဒီလိုဓါတ်ပုံတွေ တင်လိုက်လို့ တခဏလေးအတွင်းမှာ နာမည်ကြီးသွားလည်းဆိုတာကိုတော့ ပြောချင်လွန်းလို့ရဲ့ ပရိသတ်ကြီးတွေဘဲ ကိုယ်တိုင်ကြည့်လိုက်ပါ။ သာမန်လူအနေနဲ့ လိုက်လုပ်ဖို့မလွယ်ဘဲ ဆန်းပြားတဲ့သူမရဲ့ ဓါတ်ပုံဒီဇိုင်းတွေကတော့ တကယ်ကိုပညာသားပါလှပါတယ်။ သင်တို့အနေနဲ့လည်း ဒီလိုထူးထူးခြားခြား ဓါတ်ပုံလေးတွေ ရိုက်ဖူးရင် Comment လေးတွေပေးခဲ့ကြပါဦး။

သူမကတော့ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက လူတွေသိပ်မသိသေးတဲ့ ကောင်မလေးတစ်ယောက်ပါ။ ဒီလိုနဲ့ မြို့သေးလေးတစ်ခုကနေ ရုရှားနိုင်ငံကို ပြောင်းလာခဲ့ပါတယ်။

ထို့နောက်သူမဟာ ဒီဇိုင်းနာနဲ့ 3D Graphics ပညာရပ်ဆိုင်ရာ တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ သူမကိုယ်တိုင်ကလည်း ဖန်တီးမှုတွေကို ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။

ဒီလိုနဲ့သူတဖက်တလှမ်းကနေ ဝင်ငွေရှာဖို့ ဓါတ်ပုံမော်ဒယ်လုပ်ခဲ့ပါတယ်။ သူကလည်း မော်ဒယ်တစ်ယောက်လုပ်လို့ရတဲ့ ရုပ်ရည်အပြည့်အဝရှိတယ်လေ။ ထို့နောက်သူမဟာ ရိုးရိုးဓါတ်ပုံတွေကို ရိုက်မယ့်အစား ဆန်းပြားတဲ့ ဓါတ်ပုံတွေကို ရိုက်ဖို့ စိတ်ကူးရခဲ့ပါတယ်။

ဒီလိုနဲ့ သူမတတ်ထားတဲ့ ပညာနဲ့ အတွေးကောင်းလေးတွေကြောင့် ဓါတ်ပုံဆရာတွေကလည်း သဘောကျခဲ့ပြီး သူမစိတ်ကြိုက်ဓါတ်ပုံတွေ ရိုက်ပေးခဲ့ပါတယ်။ သူမရဲ့ ဓါတ်ပုံအများစုကတော့ သူကိုယ်တိုင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး Photoshop အကူညီကို အနည်းငယ်သာယူခဲ့တယ်လို့ သိရတယ်။

ဒီလို ဆန်းပြားတာတွေကို သူများနဲ့မတူအောင် လုပ်နိုင်ခဲ့တဲ့ ဗစ်တိုရီးယားဒယ်လ်ကတော့ ချီးကျူးစရာကောင်းလှပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top