ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕နယ္ မဟင္ေက်းရြာအုပ္စု ဥယ်ာဥ္စုေက်းရြာအနီး ရန္ကုန္-မႏၲေလးကားလမ္းေဟာင္းတြင္ ယေန႔နံနက္ ၂ နာရီခြဲအခ်ိန္ခန္႔က လမ္းေဘးခ်ရပ္ထား ေသာ ၂၂ ဘီးေထြလာယာဥ္အား ၁၂ ဘီးကုန္တင္ယာဥ္မွ အရွိန္လြန္ဝင္ေရာက္ တိုက္မိခဲ့ရာ ယာဥ္ေမာင္းႏွင္သူေသဆံုးကာ တစ္ဦးဒါဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။

 ယာဥ္တိုက္မႈျဖစ္ပြားေၾကာင္းသတင္းအရ ကြၽန္းကုန္းနယ္ေျမရဲစခန္းမွ တာဝန္မွဴး ဒုရဲအုပ္ တိုးေဝေက်ာ္ ႏွင့္အဖြဲ႕ကသြားေရာက္စစ္ေဆးခဲ့ရာ ရန္ကုန္-မႏၲေလးကားလမ္းအတိုင္း ေျမာက္မွေတာင္သို႔ ၿဖိဳးေက်ာ္(၃ဝ)ႏွစ္၊ ဥယ်ဥ္စုရြာ၊ ေတာင္ငူၿမိဳ႕နယ္ ေနသူေမာင္းႏွင္ၿပီး ေဇာ္လြင္ဦး(၂ဝ)ႏွစ္၊ အလံုၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕ေနသူလိုက္ပါလာေသာYGN-6E/---- ၂၂ ဘီးေထြလာ ယာဥ္သည္ အခ်က္ျပမီးမ်ားျပလ်က္ လမ္းေဘးတြင္ခ်ရပ္ထားစဥ္ လမ္းေၾကာင္းတူ ေအာင္ဝင္း စိုး(၃၅)ႏွစ္၊(အမည္၊ေနရပ္စံုစမ္းဆဲ)၊ ေမာင္းႏွင္ၿပီး၊ ထြန္းသိန္း(၃၆)ႏွစ္၊ ခ်မ္းေျမ႕သာစံၿမိဳ႕နယ္၊ မႏၲေလးၿမိဳ႕ ေနသူလိုက္ပါလာေသာ 7B/-------နီဆန္း ၁၂ ဘီးကုန္တင္ယာဥ္မွ အရွိန္လြန္ဝင္ေရာက္တိုက္မိခဲ့ျခင္းျဖစ္သည္။

ယာဥ္တိုက္မႈေၾကာင့္ ယာဥ္ေမာင္း ေအာင္ဝင္းစိုး ၏ ဦးေခါင္းတြင္ေပါက္ၿပဲဒါဏ္ရာမ်ားျဖင့္ ေသဆံုးခဲ့ၿပီး ထြန္းသိန္း တြင္(မစိုးရိမ္ရ)ဒါဏ္ရာမ်ားရရွိခဲ့ေၾကာင္းသိရ၍ ကြၽန္းကုန္းနယ္ေျမရဲစခန္းမွ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္းသိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:ကိုလြင္(ဆြာ)
#Unicode Version #
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် မဟင်ကျေးရွာအုပ်စု ဥယျာဉ်စုကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့နံနက် ၂ နာရီခွဲအချိန်ခန့်က လမ်းဘေးချရပ်ထား သော ၂၂ ဘီးထွေလာယာဉ်အား ၁၂ ဘီးကုန်တင်ယာဉ်မှ အရှိန်လွန်ဝင်ရောက် တိုက်မိခဲ့ရာ ယာဉ်မောင်းနှင်သူသေဆုံးကာ တစ်ဦးဒါဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ကျွန်းကုန်းနယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် တိုးဝေကျော် နှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း မြောက်မှတောင်သို့ ဖြိုးကျော်(၃ဝ)နှစ်၊ ဥယျဉ်စုရွာ၊ တောင်ငူမြို့နယ် နေသူမောင်းနှင်ပြီး ဇော်လွင်ဦး(၂ဝ)နှစ်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့နေသူလိုက်ပါလာသောYGN-6E/---- ၂၂ ဘီးထွေလာ ယာဉ်သည် အချက်ပြမီးများပြလျက် လမ်းဘေးတွင်ချရပ်ထားစဉ် လမ်းကြောင်းတူ အောင်ဝင်း စိုး(၃၅)နှစ်၊(အမည်၊နေရပ်စုံစမ်းဆဲ)၊ မောင်းနှင်ပြီး၊ ထွန်းသိန်း(၃၆)နှစ်၊ ချမ်းမြေ့သာစံမြို့နယ်၊ မန္တလေးမြို့ နေသူလိုက်ပါလာသော 7B/-------နီဆန်း ၁၂ ဘီးကုန်တင်ယာဉ်မှ အရှိန်လွန်ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း အောင်ဝင်းစိုး ၏ ဦးခေါင်းတွင်ပေါက်ပြဲဒါဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ထွန်းသိန်း တွင်(မစိုးရိမ်ရ)ဒါဏ်ရာများရရှိခဲ့ကြောင်းသိရ၍ ကျွန်းကုန်းနယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ကိုလွင်(ဆွာ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top