iMyanmarHouse.com - Best Property Website for Myanmar
×
Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
နိုင်ငံကျော် အနုပညာရှင်တွေကို မွေးဖွားရာနေရာလို့ တင်စားကြတဲ့ Star And Model Agency ကို တည်ထောင်ထားတဲ့ ဂျွန်လွင်ဟာ တပည့်ဖြစ်သူရွှေမှုန်ရတီနဲ့ ပတ်သက်ပြီး မီဒီယာတစ်ခုမှာ ပြောလာပါတယ်။ ရွှေမှုန်ရတီကို လိမ္မာတဲ့တပည့်ထဲမှာ မပါသလို အလုပ်ကိုလဲ ကလန်ကဆန်လုပ်တယ်လို့ ဆိုထားပါတယ်။
” သူက အသက်အရမ်းငယ်တဲ့ထဲမှာပါတယ်။ကျနော် ထင်ဒယ် အသက် ၁၈ ဒါမှမဟုတ် ၁၉။သူ့မှာလည်း သူလွတ်လပ်ပိုင်ခွင့်တွေရှိပါတယ်။ သူ့မိသားစုနဲ့ တသက်လုံးနေလာခဲ့တာ လွတ်လပ်ပိုင်ခွင့်ရှိသလို သူဟာ ဘယ်သူ့ကိုမဆို ချစ်ချင်လဲ ချစ်လို့ရပါတယ်။
လိမ္မာတဲ့တပည့်ထဲမှာပါလားဆိုတဲ့မေးခွန်းအပေါ်မှာတော့ ဂျွန်လွင်က ” လိမ္မာတဲ့ထဲတော့ မပါဖူး သူက အလုပ်ကို ကလန်ကဆန်လုပ်တယ်။ ကျနော်သူ့ကို အမြဲဆုံးမတယ်။ ပိုက်ဆံဆိုတာ ကောင်းကင်က ကျလာတာ မဟုတ်ဘူးဆိုပြီးတော့ ဆုံးမရတယ်။
လတ်တလော ရွှေထူးနဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ဂျွန်လွင်က ” သူတိူ့ကလေးတွေ သူတို့ခံစားချက်နဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုရင် ကြိုက်ပိုင်ခွင့်ရှိတာပေါ့။သူတို့မှာလဲသူတို့ ပေးဆပ်ခဲ့ရတာလေးတွေရှိတယ်။ ဒါပေမယ့် ဘယ်အရာမှ အမြဲတည်မြဲတည်ဆိုတာမရှိဖူး။ အသိနဲ့ သတိကို အမြဲထားပါ လို့ပြောပြခဲ့ပါတယ်။ထို့နောက်မှာတော့ မိုးဟေကိုဟာ ကျနော့်စကားကို နားထောင်တဲ့အတွက် အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းနိုင်တယ်လို့ ပြောပြခဲ့ပါတယ်။ ရွှေမှုန်က ငယ်သေးတော့ ကလေးအရမ်းဆန်တဲ့အတွက် လမ်းမှားမရောက်အောင် ထိန်းသိမ်းပေးနေရတယ်လို့ တစ်ဆက်တည်းမှာပဲ ဂျွန်လွင်ကပြောပြခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top