


Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ” မီ ” ရုပ်ရှင်ဇာတ်ကားကြီးဟာ စာရေးဆရာမ ကြည်အေးရဲ့ လက်ရာတစ်ခုဖြစ်ပြီး အရမ်းကို အောင်မြင်ကျော်ကြားခဲ့တဲ့ ဝတ္ထုတစ်ပုဒ်လည်း ဖြစ်ပါတယ်။ အမိုက်စားဝတ္ထုဖြစ်တာနဲ့အညီ ပရိသတ်တွေဆီကို ဘယ်လိုပုံစံနဲ့ ရောက်ရှိ လာ မယ်ဆိုတာတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ပါပဲ။ ဒီဇာတ်ကားဟာ အချစ်ဝတ္ထု တစ်ခု ဖြစ်ပြီး သာမာန်ဇာတ်လမ်းတွေလိုမဟုတ်ပဲ ပရိသတ်ရင်ကို ဖမ်းစားနိုင်စေမယ့် ရသတွေကို လည်း ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း 70 ကျော်ကတည်းက ယနေ့ထက် တိုင် ရေပန်းစားနေဆဲ ခေတ်မှီနေဆဲဖြစ်တဲ့ ဝတ္ထုတစ်ပုဒ်လည်းဖြစ်ပါတယ်။
ဇာတ်ကားဇာတ်ဝင်ခန်းတစ်ချို့ရဲ့ ပုံရိပ်တစ်ခုကို တင်လိုက်ရာမှာ မင်းသမီးပိုင်ဖြိုးသုပုံနဲ့ ” ကျွန်မက မီ ” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ ဒီ Post အောက်မှာတော့ ပရိသတ်တွေ ဝိုင်းပြီး Ph Brand တွေနဲ့ စနောက်နေခဲ့ကြတာဖြစ်ပါတယ်။ ဒီနောက်မှာတော့ ပိုင်ဖြိုးသုရဲ့ မျက်နှာပုံကို ဖျက်ပြီး Mi ဖုန်းရဲ့ Logo ကပ်ကာ စနောက်ခဲ့တာဖြစ်ပါတယ်။ ဒီပုံကို ပိုင်ဖြိုးသုက ” ကဲ…..အေးရော… Salute to the one who made this This is Epic !!!! တကယ်တော့ ကျွန်မက “Oppo” ပါ ” ဆိုပြီး ပြန်လည်စနောက်ထားတာပဲဖြစ်ပါတယ်။
ပရိသတ်တွေက ဝိုင်းဝန်းစနောက်ခဲ့ကြတာဖြစ်ပြီး ဒီအပေါ်မှာလည်း အနုပညာရှင်တွေက စိတ်မကွက်ပဲ ပျော်ပျော်ရွှင်ရွှင် ပြန်လည်တုန့်ပြန်ပုံက ကြည်နူးစရာကောင်းလွန်းနေပါ တယ်။ ဆရာမ ကြည်အေးရဲ့ အကောင်းစားလက်ရာတစ်ခုကို ဝါရင့်အနုပညာရှင်တွေက ဘယ်လိုပုံစံနဲ့ ရင်ထဲထိအောင် ပုံဖော်မယ်ဆိုတာတော့ ပိတ်ကားထက်မှာရင်ခုန်စွာနဲ့ စောင့် ကြည့်ရမှာပါ ပရိသတ်ကြီးရေ။
Photo – Paing Phyoe Thu / မီရုပ်ရှင်ဇာတ်ကားကြီး
ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed