iMyanmarHouse.com - Best Property Website for Myanmar
×

တရုတ္ျပည္မွာ ကာလၾကာရွည္ ခ်မွတ္ထားခဲ့တဲ့ တစ္အိမ္ေထာင္ ကေလးႏွစ္ေယာက္ ကန္႔သတ္ခ်က္ကို ဖ်က္သိမ္းဖြယ္ရွိတယ္လို႔ ႏိုင္ငံပိုင္ သတင္းစာက ေဖၚျပပါတယ္။

အဲဒီ ကန္႔သတ္ခ်က္ မူ၀ါဒ ကို အဆံုးသတ္မယ့္ အဆင္ျမင့္တရားရံုးရဲ႕ ဥပေဒတရပ္ ထြက္ေပၚလာဖြယ္ ရွိတယ္လို႔ သတင္းမွာ ေဖၚျပပါတယ္။

ဒါေပမဲ့ ကေလးႏွစ္ေယာက္ထက္ပိုၿပီး ယူခြင့္ျပဳမွာလား၊ အကန္႔အသတ္မရွိ ယူခြင့္ျပဳမွာလားဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးဘူးလို႔ ဆိုပါတယ္။

အဲဒီ ဥပေဒမူၾကမ္းကို အမ်ိဳးသား ျပည္သူ႔ကြန္ဂရက္ အျမဲတမ္းေကာ္မတီမွာ ေဆြးေႏြးေနၿပီး၊ ၂၀၂၀ ျပည့္ႏွစ္မွာ ဥပေဒသစ္ ထြက္ေပၚလာဖို႔ စီစဥ္ထားပါတယ္။

ကမၻာ့လူဦးေရ အမ်ားဆံုးျဖစ္တဲ့ တရုတ္ျပည္မွာ ၁၉၇၉ ခုႏွစ္ကစလို႔ တစ္အိမ္ေထာင္ ကေလးတစ္ေယာက္သာ ယူခြင့္ျပဳခဲ့ၿပီး ၂၀၁၆ ခုႏွစ္မွာ ႏွစ္ေယာက္ ယူခြင့္ျပဳခဲ့ပါတယ္။

Photo: FRED DUFOUR / AFP
ဖိုးသူေတာ္ (www.phothutaw.com)
Credit: RFA Burmese
https://www.facebook.com/rfaburmese

#Unicode Version#

တရုတ်ပြည်မှာ ကာလကြာရှည် ချမှတ်ထားခဲ့တဲ့ တစ်အိမ်ထောင် ကလေးနှစ်ယောက် ကန့်သတ်ချက်ကို ဖျက်သိမ်းဖွယ်ရှိတယ်လို့ နိုင်ငံပိုင် သတင်းစာက ဖေါ်ပြပါတယ်။

အဲဒီ ကန့်သတ်ချက် မူဝါဒ ကို အဆုံးသတ်မယ့် အဆင်မြင့်တရားရုံးရဲ့ ဥပဒေတရပ် ထွက်ပေါ်လာဖွယ် ရှိတယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။

ဒါပေမဲ့ ကလေးနှစ်ယောက်ထက်ပိုပြီး ယူခွင့်ပြုမှာလား၊ အကန့်အသတ်မရှိ ယူခွင့်ပြုမှာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီ ဥပဒေမူကြမ်းကို အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီမှာ ဆွေးနွေးနေပြီး၊ ၂၀၂၀ ပြည့်နှစ်မှာ ဥပဒေသစ် ထွက်ပေါ်လာဖို့ စီစဉ်ထားပါတယ်။

ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်တဲ့ တရုတ်ပြည်မှာ ၁၉၇၉ ခုနှစ်ကစလို့ တစ်အိမ်ထောင် ကလေးတစ်ယောက်သာ ယူခွင့်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ နှစ်ယောက် ယူခွင့်ပြုခဲ့ပါတယ်။

Photo: FRED DUFOUR / AFP
ဖိုးသူတော် (www.phothutaw.com)
Credit: RFA Burmese
https://www.facebook.com/rfaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top