iMyanmarHouse.com - Best Property Website for Myanmar
×
Credit: saladmm.com
#Unicode Version#
နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီမင်းသမီး စိုးမြတ်နန္ဒာဟာဆိုရင် သူမရဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ ပရိသတ်တွေရင်ထဲရောက်အောင် သရုပ်ဆောင်ပြသနိုင်ခဲ့တဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝလက်ခံရယူပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး တစ်ယောက်ပဲဖြစ်ပါတယ်။
ယခုဆိုရင် မင်းသမီးချောလေး စိုးမြတ်နန္ဒာဟာ ချစ်သူစိုးသူရဲ့ ငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်ပြီး အခက်အခဲတစ်ခုကို ကြုံတွေ့နေရတာကြောင့် အမှုသည်ကို ရင်ဆိုင်ဖြေရှင်းနေရတာပဲဖြစ်ပါတယ်။ ကြေညာချက်ပါ ငွေကြေးကိစ္စကလည်း သူမနဲ့ လုံးဝသက်ဆိုင်မှုမရှိတဲ့အတွက် သူမရဲ့ဂုဏ်သိက္ခာကိုကျဆင်းစေခဲ့တာကြောင့် သူမဘက်ကနေတရားပြန်စွဲပြီး အဆုံးထိဆက်လျှောက်မယ့်အကြောင်းကို စိုးမြတ်နန္ဒာက သတင်းစာထဲကနေထုတ်ပြန်ကြေညာလိုက်တာပဲဖြစ်ပါတယ်။
“မလုပ်ချင်လဲ မလုပ်ဘူး …လုပ်ရင်လဲ သေသေကြေကြေ ပဲ … မှန်နေဖို့တော့လိုတာပေါ့ နော့ 😉” ဆိုတဲ့စာသားလေးနဲ့ ဆက်လက်ကြမ်းကြမ်းလုပ်တော့မှာ ဖြစ်တဲ့အကြောင်း စိုးမြတ်နန္ဒာရဲ့ ဖေ့ဘုတ်စာမျက်နှာကနေရေးသားဖော်ပြပေးထားတာပဲဖြစ်ပါတယ်။
” မိမိရဲ့ ဂုဏ်သိက္ခာကိုကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိတမင်လုပ်ဆောင်ခဲ့တာကြောင့် ရာဇဝတ်ကြောင်းအရတရားပြန်စွဲပြီး သူမရဲ့ဂုဏ်သိက္ခာကို ကျဆင်းနစ်နာစေခဲ့တဲ့အတွက် ငွေကျပ်သိန်း (၁၅၀၀၀) ကို ယနေ့မှစ၍ (၇)ရက်အတွင်း ပေးဆပ်ရန်တောင်းဆိုလိုက်ပြီး တောင်းဆိုချက်ကို မလိုက်နာပါကလည်း တည်ဆဲဥပဒေနှင့်အညီ တရားပြန်စွဲဆိုတော့မည် ဖြစ်ကြောင်းကို စိုးမြတ်နန္ဒာကိုယ်တိုင် ဖြေရှင်းကြေညာလိုက်တာပဲဖြစ်ပါတယ်။”
မိမိမသိတဲ့ ကိစ္စတစ်ခုကို စိုးမြတ်နန္ဒာမှ ပေးရန်ပျက်ကွက်ကြောင်းကြေညာခဲ့တဲ့ကြေညာချက်တစ်ခုဟာ မိမိရဲ့ ဂုဏ်သိက္ခာကိုကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိတမင်သက်သက် လုပ်ဆောင်ခဲ့တာဖြစ်တာကြောင့် စိုးမြတ်နန္ဒာဘက်ကနေ ရာဇဝတ်ကြောင်းအရ တရားစွဲဆိုပြန်တော့မှာဖြစ်တာကြောင့် ဘယ်လိုတွေဆက်ဖြစ်လာဦးမလဲဆိုတာကို ပရိသတ်ကြီးများက စိတ်ဝင်တစားစောင့်မျှော်ပေးကြပါဦးနော်။ ဖတ်ရှုအားပေးခဲ့ကြပါသော ပရိသတ်များအပေါင်းကို ကျေးဇူးအထူူးတင်ရှိပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: saladmm.com
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top