iMyanmarHouse.com - Best Property Website for Myanmar
×

ဦးကိုနီလုပ္ႀကံခံရမႈတြင္ တရားရင္ဆိုင္ေနရသည့္ ေဇယ်ာၿဖိဳးက တရားလိုေရွ႕ေန ဦးေရာဘတ္စန္းေအာင္ကို တရားရံုးမထီမဲ့ျမင္မႈ အပါအဝင္ ပုဒ္မ ၃ ခုျဖင့္ တရားစြဲရန္ စီစဥ္ေနေၾကာင္း သူ၏ေရွ ႔ေနက ေျပာသည္။

စကားလံုးအသံုးအႏႈန္းတစ္ခုႏွင့္ ပတ္သက္ၿပီး ထိုသို႔ စဲြဆုိရန္ စီစဥ္ေနျခင္းျဖစ္သည္ဟု ဦးေဇယ်ာၿဖိဳး၏ ေရွ႕ေန ေဒၚပပဝင္းက ဆိုသည္။

“ဦးေရာဘတ္စန္းေအာင္က ဦးကိုနီကို သတ္တဲ့ ေဇယ်ာၿဖိဳးဆိုၿပီး တရားရံုးက စီရင္ခ်က္ မခ်ေသးတာကို သူက ေျပာတာေၾကာင့္ပါ” ဟု ေဒၚပပဝင္းက ရွင္းျပသည္။

ဦးေရာဘတ္စန္းေအာင္သည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥပေဒအႀကံေပး တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးကိုနီကို လုပ္ႀကံမႈတြင္ ေသဆံုးခဲ့ရသည့္ အငွားယာဥ္ေမာင္း ဦးေနဝင္း၏ မိသားစုအတြက္ အက်ဳိးေဆာင္ေပးလ်က္ရိွသည္။

တရားရံုးမ်ား မထီမဲ့ျမင္မႈ ပုဒ္မ(၃)၊ ျပစ္မႈဆိုင္ရာ ဥပေဒ ပုဒ္မ ၂၂၈ တရားရံုးကို မထီမဲ့ျမင့္ ျပဳမႈ၊ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅ဝ၄ ၿငိမ္ဝပ္ပိျပားမႈကို ထိခိုက္ေအာင္ လုပ္မႈမ်ားျဖင့္ တရားစြဲရန္ စီစဥ္ေနေၾကာင္း ေဒၚပပဝင္းက ေျပာသည္။

ယေန႔ (ၾသဂုတ္ ၉)တရားခြင္တြင္ အထူးခံုရံုးတရားသူႀကီးက တရားရံုး မထီမဲ့ျမင္ျပဳမႈကို တရားလႊတ္ေတာ္ကသာ စီရင္ပိုင္ခြင့္ရွိသည္ဟု အမိန္႔ခ်မွတ္ခဲ့သည့္ အတြက္ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္သို႔ ရံုးေျပာင္း ေလွ်ာက္ထားရမည္ ျဖစ္သည္။

ဦးေရာဘတ္စန္းေအာင္က လူသတ္မႈျဖင့္ စြပ္စဲြခံေနရသူမ်ားသည္ ၎တို႔ကို ၿခိမ္းေျခာက္ေနသည့္ သေဘာမ်ိဳးရွိေနေၾကာင္း၊ တရားရံုးမွာလည္း လံုၿခံဳေရး အားနည္းေနေၾကာင္း ေျပာသည္။

“အစကတည္းက ထမင္းဝေအာင္စားထားတို႔ ဘာတို႔ညာတို႔ အႀကိမ္ေပါင္းမ်ားစြာ လႈပ္ရွားမႈေတြ ရွိခဲ့တယ္။ ရဲက လံုၿခံဳေရးကို ထိန္းသိမ္းတဲ့ အခါ အားနည္းခ်က္ေတြ ရွိတယ္” ဟု ၎က တရားခြင္မွ အထြက္တြင္ သတင္းေထာက္မ်ားကို ေျပာသည္။

ၿပီးခဲ့သည့္ တစ္ပတ္ရံုးခ်ိန္းတြင္ တရားလိုေရွ႕ေန ဦးေနလက ေအာင္ဝင္းေဇာ္ကို စစ္ေဆးရာတြင္ ၾကည္လင္းမွာ ေတာသားျဖစ္ျခင္းေၾကာင့္ ေအာင္ဝင္းေဇာ္က ေလဆိပ္ႏွင့္ဦးကိုနီေနအိမ္၊ ရံုးခန္မ်ားကို လိုက္ပို႔ သလားဟု ေမးျမန္းခဲ့သည္။ ထိုေမးခြန္းေၾကာင့္ တရားလိုေရွ႕ေနမ်ားႏွင့္ လူသတ္မႈသံသယျဖင့္ ထိန္းသိမ္းခံေနရသူမ်ားၾကား အျပန္အလွန္ စြပ္စြဲေျပာဆိုမႈမ်ား ရွိခဲ့သည္။

လုပ္ႀကံသတ္ျဖတ္မႈအတြက္ ေၾကးစားငွားရန္ ေငြေပးသူအျဖစ္ စြပ္စြဲခံထားရသူ ဦးေဇယ်ာၿဖိဳးကို ၾသဂုတ္လ ၁ဝ ရက္ေန႔တြင္ မနက္ပိုင္းတြင္ စတင္ စစ္ေဆးသြားမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Now
# Unicode Version ျဖင့္ ဖတ္ပါ #
ဦးကိုနီလုပ်ကြံခံရမှုတွင် တရားရင်ဆိုင်နေရသည့် ဇေယျာဖြိုးက တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်ကို တရားရုံးမထီမဲ့မြင်မှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် တရားစွဲရန် စီစဉ်နေကြောင်း သူ၏ရှေ့နေက ပြောသည်။

စကားလုံးအသုံးအနှုန်းတစ်ခုနှင့် ပတ်သက်ပြီး ထိုသို့ စွဲဆိုရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဦးဇေယျာဖြိုး၏ ရှေ့နေ ဒေါ်ပပဝင်းက ဆိုသည်။

“ဦးရောဘတ်စန်းအောင်က ဦးကိုနီကို သတ်တဲ့ ဇေယျာဖြိုးဆိုပြီး တရားရုံးက စီရင်ချက် မချသေးတာကို သူက ပြောတာကြောင့်ပါ” ဟု ဒေါ်ပပဝင်းက ရှင်းပြသည်။

ဦးရောဘတ်စန်းအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံမှုတွင် သေဆုံးခဲ့ရသည့် အငှားယာဉ်မောင်း ဦးနေဝင်း၏ မိသားစုအတွက် အကျိုးဆောင်ပေးလျက်ရှိသည်။

တရားရုံးများ မထီမဲ့မြင်မှု ပုဒ်မ(၃)၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၂၈ တရားရုံးကို မထီမဲ့မြင့် ပြုမှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၄ ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်အောင် လုပ်မှုများဖြင့် တရားစွဲရန် စီစဉ်နေကြောင်း ဒေါ်ပပဝင်းက ပြောသည်။

ယနေ့ (သြဂုတ် ၉)တရားခွင်တွင် အထူးခုံရုံးတရားသူကြီးက တရားရုံး မထီမဲ့မြင်ပြုမှုကို တရားလွှတ်တော်ကသာ စီရင်ပိုင်ခွင့်ရှိသည်ဟု အမိန့်ချမှတ်ခဲ့သည့် အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ရုံးပြောင်း လျှောက်ထားရမည် ဖြစ်သည်။

ဦးရောဘတ်စန်းအောင်က လူသတ်မှုဖြင့် စွပ်စွဲခံနေရသူများသည် ၎င်းတို့ကို ခြိမ်းခြောက်နေသည့် သဘောမျိုးရှိနေကြောင်း၊ တရားရုံးမှာလည်း လုံခြုံရေး အားနည်းနေကြောင်း ပြောသည်။

“အစကတည်းက ထမင်းဝအောင်စားထားတို့ ဘာတို့ညာတို့ အကြိမ်ပေါင်းများစွာ လှုပ်ရှားမှုတွေ ရှိခဲ့တယ်။ ရဲက လုံခြုံရေးကို ထိန်းသိမ်းတဲ့ အခါ အားနည်းချက်တွေ ရှိတယ်” ဟု ၎င်းက တရားခွင်မှ အထွက်တွင် သတင်းထောက်များကို ပြောသည်။

ပြီးခဲ့သည့် တစ်ပတ်ရုံးချိန်းတွင် တရားလိုရှေ့နေ ဦးနေလက အောင်ဝင်းဇော်ကို စစ်ဆေးရာတွင် ကြည်လင်းမှာ တောသားဖြစ်ခြင်းကြောင့် အောင်ဝင်းဇော်က လေဆိပ်နှင့်ဦးကိုနီနေအိမ်၊ ရုံးခန်များကို လိုက်ပို့ သလားဟု မေးမြန်းခဲ့သည်။ ထိုမေးခွန်းကြောင့် တရားလိုရှေ့နေများနှင့် လူသတ်မှုသံသယဖြင့် ထိန်းသိမ်းခံနေရသူများကြား အပြန်အလှန် စွပ်စွဲပြောဆိုမှုများ ရှိခဲ့သည်။

လုပ်ကြံသတ်ဖြတ်မှုအတွက် ကြေးစားငှားရန် ငွေပေးသူအဖြစ် စွပ်စွဲခံထားရသူ ဦးဇေယျာဖြိုးကို သြဂုတ်လ ၁ဝ ရက်နေ့တွင် မနက်ပိုင်းတွင် စတင် စစ်ဆေးသွားမည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar Now
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top