ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ကခ်င္ျပည္နယ္ မိုးညႇင္းခ႐ိုင္ ဖားကန္႕ၿမိဳ႕နယ္၌ ဩဂုတ္၂၅ရက္ မြန္းတည့္၁၂နာရီခန္႔က ေနအိမ္အတြင္းဝင္ေရာက္ကာ ဆယ္တန္းေက်ာင္းသူတစ္ဦးအား သတ္ျဖတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဖားကန္႔ၿမိဳ႕နယ္၊လံုးခင္းေက်းရြာအုပ္စု၊ၿငိမ္းခ်မ္းသာယာ အပိုင္း(၁၀)ရိွ ေနအိမ္ျခံဝင္းအတြင္း၌ မိန္းကေလးတစ္ဦး လဲက်ေသဆံုးေနေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမွ ဖုန္းဆက္အေၾကာင္းၾကားခဲ့၍ လံုးခင္းနယ္ေျမရဲစခန္းမွဴး ဒုတိယရဲမႉးစိန္ျမင့္ထြန္းႏွင့္ တာဝန္ရိွသူမ်ားက သြားေရာက္ၾကည့္႐ႈရာ ေသဆံုးသူမွာ ဒသမတန္းေက်ာင္းသူ(ေအာင္ပန္းခင္းေဘာ္ဒါ ေဆာင္ေန)မသဲႏုေအာင္(၁၆)ႏွစ္ ျဖစ္ၿပီး ခႏၶာကိုယ္ထိုးသြင္းဒဏ္ရာႏွင့္ ျပတ္ရွဒဏ္ရာမ်ားျဖင့္ လဲက်ေသဆံုးေနသည္ကို ေတြ႔ရိွရေၾကာင္း သိရသည္။

ေဒၚမိမိေထြး(ေသဆံုးသူ၏မိခင္)၏ ေျပာျပခ်က္အရ ဩဂုတ္ ၂၅ ရက္ နံနက္ ၁၁နာရီခြဲက ေမာင္ဝမ္းကြဲ၏ဇနီးအား ေဆးခန္းသို႔ပို႔ေဆာင္ရန္ ေနအိမ္မွကားျဖင့္ထြက္ခြာစဥ္ သမီးျဖစ္သူ မသဲႏုေအာင္(ဆယ္တန္း ေက်ာင္းသူ)သည္ ေနအိမ္၌တစ္ဦးတည္းက်န္ရိွခဲ့ေၾကာင္း၊မြန္းလြဲ ၂ နာရီခြဲက ေဆးခန္းမွ ေနအိမ္သို႔ျပန္လည္ေရာက္ရိွခ်ိန္တြင္ မသဲႏုေအာင္မွာ ေနအိမ္ျခံဝင္းအတြင္း ဒဏ္ရာမ်ားျဖင့္ လဲက်ေသဆံုး ေနသည္ကို ေတြ႔ရိွရေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ လံုးခင္းနယ္ေျမရဲစခန္းတြင္ မသဲႏုေအာင္ ေသဆံုးမႈအေပၚ ေသမႈေသခင္းေရးဖြင့္ၿပီး လူသတ္မႈက်ဴးလြန္သူအား စံုစမ္းေဖာ္ထုတ္လ်က္ရိွေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဝင္းႏိုင္(ကခ်င္ေျမ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
#Unicode Version#
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်၌ ဩဂုတ်၂၅ရက် မွန်းတည့်၁၂နာရီခန့်က နေအိမ်အတွင်းဝင်ရောက်ကာ ဆယ်တန်းကျောင်းသူတစ်ဦးအား သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ငြိမ်းချမ်းသာယာ အပိုင်း(၁၀)ရှိ နေအိမ်ခြံဝင်းအတွင်း၌ မိန်းကလေးတစ်ဦး လဲကျသေဆုံးနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဖုန်းဆက်အကြောင်းကြားခဲ့၍ လုံးခင်းနယ်မြေရဲစခန်းမှူး ဒုတိယရဲမှူးစိန်မြင့်ထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုရာ သေဆုံးသူမှာ ဒသမတန်းကျောင်းသူ(အောင်ပန်းခင်းဘော်ဒါ ဆောင်နေ)မသဲနုအောင်(၁၆)နှစ် ဖြစ်ပြီး ခန္ဓာကိုယ်ထိုးသွင်းဒဏ်ရာနှင့် ပြတ်ရှဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

ဒေါ်မိမိထွေး(သေဆုံးသူ၏မိခင်)၏ ပြောပြချက်အရ ဩဂုတ် ၂၅ ရက် နံနက် ၁၁နာရီခွဲက မောင်ဝမ်းကွဲ၏ဇနီးအား ဆေးခန်းသို့ပို့ဆောင်ရန် နေအိမ်မှကားဖြင့်ထွက်ခွာစဉ် သမီးဖြစ်သူ မသဲနုအောင်(ဆယ်တန်း ကျောင်းသူ)သည် နေအိမ်၌တစ်ဦးတည်းကျန်ရှိခဲ့ကြောင်း၊မွန်းလွဲ ၂ နာရီခွဲက ဆေးခန်းမှ နေအိမ်သို့ပြန်လည်ရောက်ရှိချိန်တွင် မသဲနုအောင်မှာ နေအိမ်ခြံဝင်းအတွင်း ဒဏ်ရာများဖြင့် လဲကျသေဆုံး နေသည်ကို တွေ့ရှိရကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လုံးခင်းနယ်မြေရဲစခန်းတွင် မသဲနုအောင် သေဆုံးမှုအပေါ် သေမှုသေခင်းရေးဖွင့်ပြီး လူသတ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဝင်းနိုင်(ကချင်မြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top