ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ျမန္္မာအသင္းအေနနဲ႔ အီရန္ကို သေရကစားလို႔ မျဖစ္ပဲ အႏိုင္ရဖို႔ တစ္ခုတည္း ဦးတည္ကစားပါမွသာ ေနာက္တစ္ဆင့္ကို တက္ေရာက္မွာ ျဖစ္ ၿပီး သေရက်ခ့ဲပါက ထုိင္းအသင္းကို ႏွာတစ္ဖ်ားနစ္နာရဦးမွာ ျဖစ္ပါတယ္။


အာရွအားကစားၿပိဳင္ပြဲကို အင္ဒိုနီးရွားႏိုင္ငံမွာ က်င္းေနတာမွာ ျမန္မာ ယူ-၂၃ အမ်ိဳးသားေဘာလုံးအသင္းကေတာ့ ႏွစ္ေပါင္း ၂၀ ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ ၀င္ေရာက္ယွဥ္ၿပိဳင္ေနပါတယ္။ 


ျမန္မာအသင္းအေနနဲ႔ အုပ္စုတြင္းမွာ ေျမာက္ကိုရီးယား၊ေဆာ္ဒီ၊အီရန္တို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနလို႔ ခက္ခဲမႈေတြ ရွိေနပမယ့္လည္း လက္ရွိမွာေတာ့ ေျမာက္ကိုရီးယားကို တစ္ဂိုးစီ သေရကစားကာ ေဆာ္ဒီကုိေတာ့ ပင္နယ္တီဂိုးေတြေၾကာင့္ ၃-၀ ဂိုးနဲ႔ အေရးနိမ့္ထားပါတယ္။


ဒီကေန႔မွာေတာ့ လက္ရွိ အုပ္စုကို ဦးေဆာင္ေနတဲ့ အီရန္အသင္းနဲ႔ အုပ္စုေနာက္ဆုံးပြဲအျဖစ္ ကစားဖို႔ရွိေနၿပီး ျမန္မာအသင္းအတြက္ ေနာက္တစ္ ဆင့္တက္ေရး ဘယ္လို အခြင့္အေရးေတြ ရွိေနမလဲဆိုတာ ရင္ခုန္စရာေကာင္းေနပါတယ္။

ယခု အာရွအားကစားၿပိဳင္ပြဲကို အသင္း ၂၅ သင္းပါ၀င္တဲဲ့ အုပ္စု ၆ စုနဲ႔ က်င္းေနတာျဖစ္ၿပီး အုပ္စု (က)မွာေတာ့ ၅ သင္း ပါ၀င္ေနပါတယ္။


တစ္အုပ္စုမွာ ၂ သင္းစီ တက္ေရာက္မွာ ျဖစ္ေပမယ့္လည္း အေကာင္းဆုံး အုပ္စုတတိယေနရာကေန ၄ သင္းကေတာ့ ေနာက္တစ္ဆင့္ တက္ေရာက္ဖို႔ အခြင့္အေရး ရွိေနပါတယ္။

လက္ရွိမွာေတာ့ အုပ္စု(က)မွာ ပါလက္စတိုင္းက ၄ ပြဲကစား ၈ မွတ္နဲ႔ ေနာက္တစ္ဆင့္ တက္ေရာက္သြားၿပီျဖစ္ၿပီး ေဟာင္ေကာင္နဲ႔ အိမ္ရွင္ အင္ဒိုနီးရွားတို႔က အုပ္စုေနာက္ဆုံးပြဲမွာ ဘယ္သူတက္မလဲ အႏိုင္ကစားရမွာပါ။

အုပ္စု(ခ)မွာေတာ့ ဥဇဘတ္ကစၥတန္က အုပ္စုဗိုလ္နဲ႔ ေနာက္တစ္ဆင့္တက္ေရာက္သြားၿပီ ျဖစ္သလို ဘဂၤလားေဒ့ရွ္ကလည္း အုပ္စုဒုတိယနဲ႔ ေျခစြမ္းျပ တက္ေရာက္သြားပါတယ္။

ထိုင္းကေတာ့ ရမွတ္ ၂ မွတ္သာရရွိထားတာေၾကာင့္ အေကာင္းဆုံး အုပ္စု တတိယေနရာအတြက္ ေမွ်ာ္လင့္ခြင့္ေတာ့ အနည္းငယ္ရွိေနေသးၿပီး နာမည္ႀကီး ကာတာကေတာ့ အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္လိုက္ရပါတယ္။

အုပ္စု(ဂ)မွာေတာ့ တရုတ္နဲ႔ ဆီးရီးယားတို႔ ေနာက္တစ္ဆင့္တက္ေရာက္ခဲ့ၿပီး UAE အသင္းက ရမွတ္ ၃ မွတ္နဲ႔ အေကာင္းဆုံး တတိယေနရာကို ရဖို႔ အခြင့္အေရးေကာင္းေနပါတယ္။

ဆက္လက္ၿပီးေတာ့လည္း အုပ္စု(ဃ)မွာ အာဆီယံဂုဏ္ေဆာင္ ဗီယက္နမ္အသင္းက အုပ္စုဗိုလ္နဲ႔ ၃ ပြဲကစား ၃ ပြဲႏိုင္ၿပီး ဂ်ပန္ကို ဦးေဆာင္ၿပီး ေနာက္တစ္ဆင့္ တက္ေရာက္ခဲ့ပါၿပီ။ဒီအုပ္စုမွာေတာ့ ပါကစၥတန္က ရမွတ္ ၃ မွတ္ရရွိထားလို႔ အေကာင္းဆုံး တတိယေနရာအတြက္ ေမွ်ာ္လင့္ လို႔ ရပါေသးတယ္။

အုပ္စု(င)မွာဆိုရင္လည္း မေလးရွားအသင္းက ၂ ပြဲကစား ၂ ပြဲႏိုင္ ၆ မွတ္ရထားလို႔ ေနာက္တစ္ဆင့္ကို ဘယ္လိုနည္းနဲ႔ ျဖစ္ျဖစ္ တက္ေရာက္သြား ၿပီျဖစ္သလို ေတာင္ကိုရီးယားအသင္းကလည္း ေနာက္တစ္ဆင့္တက္ေရးအတြက္ ကာဇက္စတန္ကို မျဖစ္မေန အႏိုင္ကစားဖို႔ လိုေနပါတယ္။

ကာဇက္စတန္ကလည္း ေတာင္ကိုရီးယားကို အႏိုင္ရပါက ေနာက္တစ္ဆင့္ တက္မွာမို႔ ဒီပြဲကေတာ့ ႏွစ္သင္းစလုံးအတြက္ တစ္ကယ္ကို အႀကိတ္ အနယ္ပြဲႀကီးပြဲေကာင္းျဖစ္လာမွာပါ။
ျမန္မာ အသင္းကေတာ့ အုပ္စု(စ)မွာ ႏွစ္ပြဲကစား တစ္ပြဲသေရ တစ္ပြဲရႈံးထားၿပီး အခု အုပ္စုေနာက္ဆုံးပြဲမွာ အီရန္နဲ႔ ဆက္ကစားရပါမယ္။အဆင့္ သတ္မွတ္ခ်က္အရ အီရန္အသင္းက ၄ မွတ္ရထားသလို ျမန္မာကလည္း ၁ မွတ္ရထားပါတယ္။ ဘာမဆို ျဖစ္ႏိုင္တဲ့ ေဘာလုံးမွာ ျမန္မာကေရာ အီရန္ကို ႏုိင္ေခ်မရွိဘူးလား?

ျမန္မာအသင္းအေနနဲ႔ အီရန္ကို သေရကစားႏိုင္ခဲ့မယ္ဆိုရင္ေတာ့ လက္ရွိမွာ ေပးဂိုး ၃ ဂိုးနဲ႔ ရမွတ္ ၁မွတ္သာရွိေနလို႔ ေပးဂိုး ၃ ဂိုး ရမွတ္ ၂ မွတ္ အေနအထားဆိုရင္ေတာ့ ေပးဂိုး ၁ ဂိုး ရမွတ္ ၂ မွတ္ရရွိထားတဲ့ ထိုင္းအသင္းကို ႏွာတစ္ဖ်ား နစ္နာရဦးမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ျမန္မာအတြက္ အီရန္ကို ေရကုန္ေရခမ္း ကစားၿပၿပီး အံံ့အားသင့္ဖြယ္ ေျခစြမ္းနဲ႔ စိတ္ဓာတ္ကို လွစ္ဟျပၿပီး အႏိုင္ယူျပမွသာ ေနာက္ တစ္ဆင့္ကို ေသခ်ာေပါက္ တက္ေရာက္မွာ ျဖစ္ပါတယ္။

ျမန္မာအသင္းရဲ႕ စိတ္ဓာတ္၊ေျခစြမ္းနဲ႔စြမ္းေဆာင္ရည္ေတြကိုေတာ့ ဒီကေန႔ ျမန္မာစံေတာ္ခ်ိန္ ညေန ၃ နာရီခြဲမွာ အားလုံး ေစာင့္ေမွ်ာ္ၾကည့္ရႈ ရမွာပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version #
မြန််မာအသင်းအနေနဲ့ အီရန်ကို သရေကစားလို့ မဖြစ်ပဲ အနိုင်ရဖို့ တစ်ခုတည်း ဦးတည်ကစားပါမှသာ နောက်တစ်ဆင့်ကို တက်ရောက်မှာ ဖြစ် ပြီး သရေကျခဲ့ပါက ထိုင်းအသင်းကို နှာတစ်ဖျားနစ်နာရဦးမှာ ဖြစ်ပါတယ်။


အာရှအားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းနေတာမှာ မြန်မာ ယူ-၂၃ အမျိုးသားဘောလုံးအသင်းကတော့ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။


မြန်မာအသင်းအနေနဲ့ အုပ်စုတွင်းမှာ မြောက်ကိုရီးယား၊ဆော်ဒီ၊အီရန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေလို့ ခက်ခဲမှုတွေ ရှိနေပမယ့်လည်း လက်ရှိမှာတော့ မြောက်ကိုရီးယားကို တစ်ဂိုးစီ သရေကစားကာ ဆော်ဒီကိုတော့ ပင်နယ်တီဂိုးတွေကြောင့် ၃-၀ ဂိုးနဲ့ အရေးနိမ့်ထားပါတယ်။


ဒီကနေ့မှာတော့ လက်ရှိ အုပ်စုကို ဦးဆောင်နေတဲ့ အီရန်အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲအဖြစ် ကစားဖို့ရှိနေပြီး မြန်မာအသင်းအတွက် နောက်တစ် ဆင့်တက်ရေး ဘယ်လို အခွင့်အရေးတွေ ရှိနေမလဲဆိုတာ ရင်ခုန်စရာကောင်းနေပါတယ်။

ယခု အာရှအားကစားပြိုင်ပွဲကို အသင်း ၂၅ သင်းပါ၀င်တဲဲ့ အုပ်စု ၆ စုနဲ့ ကျင်းနေတာဖြစ်ပြီး အုပ်စု (က)မှာတော့ ၅ သင်း ပါ၀င်နေပါတယ်။


တစ်အုပ်စုမှာ ၂ သင်းစီ တက်ရောက်မှာ ဖြစ်ပေမယ့်လည်း အကောင်းဆုံး အုပ်စုတတိယနေရာကနေ ၄ သင်းကတော့ နောက်တစ်ဆင့် တက်ရောက်ဖို့ အခွင့်အရေး ရှိနေပါတယ်။

လက်ရှိမှာတော့ အုပ်စု(က)မှာ ပါလက်စတိုင်းက ၄ ပွဲကစား ၈ မှတ်နဲ့ နောက်တစ်ဆင့် တက်ရောက်သွားပြီဖြစ်ပြီး ဟောင်ကောင်နဲ့ အိမ်ရှင် အင်ဒိုနီးရှားတို့က အုပ်စုနောက်ဆုံးပွဲမှာ ဘယ်သူတက်မလဲ အနိုင်ကစားရမှာပါ။

အုပ်စု(ခ)မှာတော့ ဥဇဘတ်ကစ္စတန်က အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့်တက်ရောက်သွားပြီ ဖြစ်သလို ဘင်္ဂလားဒေ့ရှ်ကလည်း အုပ်စုဒုတိယနဲ့ ခြေစွမ်းပြ တက်ရောက်သွားပါတယ်။

ထိုင်းကတော့ ရမှတ် ၂ မှတ်သာရရှိထားတာကြောင့် အကောင်းဆုံး အုပ်စု တတိယနေရာအတွက် မျှော်လင့်ခွင့်တော့ အနည်းငယ်ရှိနေသေးပြီး နာမည်ကြီး ကာတာကတော့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

အုပ်စု(ဂ)မှာတော့ တရုတ်နဲ့ ဆီးရီးယားတို့ နောက်တစ်ဆင့်တက်ရောက်ခဲ့ပြီး UAE အသင်းက ရမှတ် ၃ မှတ်နဲ့ အကောင်းဆုံး တတိယနေရာကို ရဖို့ အခွင့်အရေးကောင်းနေပါတယ်။

ဆက်လက်ပြီးတော့လည်း အုပ်စု(ဃ)မှာ အာဆီယံဂုဏ်ဆောင် ဗီယက်နမ်အသင်းက အုပ်စုဗိုလ်နဲ့ ၃ ပွဲကစား ၃ ပွဲနိုင်ပြီး ဂျပန်ကို ဦးဆောင်ပြီး နောက်တစ်ဆင့် တက်ရောက်ခဲ့ပါပြီ။ဒီအုပ်စုမှာတော့ ပါကစ္စတန်က ရမှတ် ၃ မှတ်ရရှိထားလို့ အကောင်းဆုံး တတိယနေရာအတွက် မျှော်လင့် လို့ ရပါသေးတယ်။

အုပ်စု(င)မှာဆိုရင်လည်း မလေးရှားအသင်းက ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်ရထားလို့ နောက်တစ်ဆင့်ကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် တက်ရောက်သွား ပြီဖြစ်သလို တောင်ကိုရီးယားအသင်းကလည်း နောက်တစ်ဆင့်တက်ရေးအတွက် ကာဇက်စတန်ကို မဖြစ်မနေ အနိုင်ကစားဖို့ လိုနေပါတယ်။

ကာဇက်စတန်ကလည်း တောင်ကိုရီးယားကို အနိုင်ရပါက နောက်တစ်ဆင့် တက်မှာမို့ ဒီပွဲကတော့ နှစ်သင်းစလုံးအတွက် တစ်ကယ်ကို အကြိတ် အနယ်ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။
မြန်မာ အသင်းကတော့ အုပ်စု(စ)မှာ နှစ်ပွဲကစား တစ်ပွဲသရေ တစ်ပွဲရှုံးထားပြီး အခု အုပ်စုနောက်ဆုံးပွဲမှာ အီရန်နဲ့ ဆက်ကစားရပါမယ်။အဆင့် သတ်မှတ်ချက်အရ အီရန်အသင်းက ၄ မှတ်ရထားသလို မြန်မာကလည်း ၁ မှတ်ရထားပါတယ်။ ဘာမဆို ဖြစ်နိုင်တဲ့ ဘောလုံးမှာ မြန်မာကရော အီရန်ကို နိုင်ချေမရှိဘူးလား?

မြန်မာအသင်းအနေနဲ့ အီရန်ကို သရေကစားနိုင်ခဲ့မယ်ဆိုရင်တော့ လက်ရှိမှာ ပေးဂိုး ၃ ဂိုးနဲ့ ရမှတ် ၁မှတ်သာရှိနေလို့ ပေးဂိုး ၃ ဂိုး ရမှတ် ၂ မှတ် အနေအထားဆိုရင်တော့ ပေးဂိုး ၁ ဂိုး ရမှတ် ၂ မှတ်ရရှိထားတဲ့ ထိုင်းအသင်းကို နှာတစ်ဖျား နစ်နာရဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာအတွက် အီရန်ကို ရေကုန်ရေခမ်း ကစားပြပြီး အံံ့အားသင့်ဖွယ် ခြေစွမ်းနဲ့ စိတ်ဓာတ်ကို လှစ်ဟပြပြီး အနိုင်ယူပြမှသာ နောက် တစ်ဆင့်ကို သေချာပေါက် တက်ရောက်မှာ ဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ စိတ်ဓာတ်၊ခြေစွမ်းနဲ့စွမ်းဆောင်ရည်တွေကိုတော့ ဒီကနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှာ အားလုံး စောင့်မျှော်ကြည့်ရှု ရမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top