ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

Cosmetics ေတြကုိ Honest Review ေတြေပးတတ္ျပီး ကုိယ္ဝင္တဲ့နယ္ပယ္မွာကုိယ္ ကြ်မ္းက်င္ပိုင္နုိင္မႈအျပည့္ရွိတဲ့အျပင္ ခ်စ္စဖြယ္ဟန္ပန္အမူအရာေလးေတြနဲ႔ပြင့္လင္းရိုးသားမႈေလးေတြေၾကာင့္ ပရိသတ္ေတြရဲ႕အခ်စ္ကုိ အခ်ိန္တိုေလးအတြင္းမွာ အပုိင္သိမ္းလိုက္နုိင္တဲ့ ေနျခည္ဦးဆိုတဲ့ Beauty Blogger ေလးဟာ အခုဆိုရင္ ရုပ္ရွင္နယ္ပယ္ကုိပါေျခခ်လာခဲ့ပါျပီ။ သရုပ္ေဆာင္ေတြမွာ မ်က္နွာအလွတရားကအေရးပါတဲ့အရာျဖစ္တဲ့အတိုင္း ေနျခည္ဦးက မ်က္နွာမွာ
Related image
သူမမၾကိဳက္တဲ့အရာေတြကုိ ပုိျပီးလွသြားေအာင္ ပလတ္စတစ္ဆာဂ်ရီလုပ္ပစ္ဖို႔လည္းေနာက္မတြန္႔တတ္သူျဖစ္ပါတယ္။ သူမရဲ႕မၾကာေသးခင္က ခြဲစိတ္လိုက္တဲ့ ရလဒ္ကလည္းစိတ္ေက်နပ္စရာျဖစ္ခဲ့တာမုိ႔ ခ်ီခ်ီက အခုဆိုရင္ အျခားဟာေတြထပ္ျပီးခြဲစိတ္ဖိုွ႔ေတာင္စိတ္ကူးေနပါျပီတဲ့။ ခႏၶာကုိယ္မွာထပ္ျပီးခြဲစိတ္ျပဳျပင္မႈေတြလုပ္ခ်င္ေသးေၾကာင္းနဲ႔ ခြဲစိ္တ္မႈအေပၚမွာသူမထားတဲ့အျမင္ကုိလည္းခ်ီခ်ီက အခရာနဲ႔ အင္တာဗ်ဴးမွာေျဖၾကားထားပါတယ္။

ခ်ိီခ်ီကေနာက္ထပ္ခြဲစိတ္ခ်င္တဲ့အစိတ္အပိုင္းကေတာ့ ရင္သားျဖစ္ေၾကာင္းကုိ “ရင္သားနဲ႔တူတယ္။ ရင္ဘတ္ကနည္းနည္းေသးေတာ့ နည္းနည္းၾကီးရင္ေကာင္းမလားေပါ့ေနာ္။ တကယ္ေတာ့ ရင္ဘတ္ကုိအရင္ခြဲစိတ္ျပဳျပင္မလို႔၊ဒါေပမယ့္ ကုိယ္ကုိယ္တိုင္က Bikini Model လည္းမဟုတ္ဘူးကြာ။ Sports Model လည္းမဟုတ္ဘူး၊ athelete လည္းမဟုတ္ဘူးဆိုေတာ့..ကုိယ့္ရင္ဘတ္ကုိျပလို႔မရဘူး။

အက်ႋီဝတ္လို႔ရွိရင္ေလ.. မိန္းကေလးေတြဆိုပုိနားလည္တယ္။ အဆင္မေျပဘူးသိလား။ ရင္ဘတ္ကေသးေတာ့ေလ။အဲဒီေတာ့ ရင္ဘတ္ကုိေနျခည္ခြဲစိတ္ဖို႔ေတာ့ Plan လုပ္ေနျပီေပါ့ေနာ္။ဘယ္ဆရာဝန္နဲ႔ခြဲရမလဲ။ဘယ္သူနဲ႔လုပ္ရမလဲ၊ဘယ္နုိင္ငံမွာလုပ္ရမလဲ လုပ္ေနပါျပီ”လို႔ ေျပာျပထားပါတယ္။ ခြဲစိတ္မယ္ဆိုရင္ဒီနွစ္ေတာ့မျဖစ္နုိင္ေလာက္ေတာ့ဘူးမို႔ ေနာက္နွစ္မွလုပ္မယ္လို႔လည္းေျပာျပထားပါေသးတယ္။

ခြဲစိတ္ျပီးေတာ့ ရလာတဲ့စိတ္ေက်နပ္မႈအေၾကာင္းေတြကုိလည္း “သိသာတယ္။ေဘးတစ္ေစာင္းၾကည့္ရင္ နွာေခါင္းပဲျမင္ရတယ္။ အရင္ကဆို နဖူးပဲျမင္ရတယ္။အခုေတာ့ နွာေခါင္းေလးျမင္ေနရျပီေပါ့ေနာ္။ ေနျခည္နွာေခါင္းကအရင္ကဆို လံုးတဲ့အထဲမွာပါတယ္။ အခုဆို တန္းျပီးစင္းျပီးအရမ္းကိုလွသြားတယ္လုိ႔ခံစားရတယ္”

လို႔ စိတ္ခ်မ္းသာေနတဲ့ပံုေလးနဲ႔ေျပာျပထားျပီး မ်က္ရစ္ခြဲတဲ့အေၾကာင္းကုိလည္း “မ်က္ရစ္ဆိုလည္း တစ္ဖက္နဲ႔တစ္ဖက္ကအရင္ကဆိုမညီဘူး။ အရင္ကတည္းက ေနျခည္က မ်က္ရစ္ရွိတာပါ။ဒါေပမယ့္ အခုက်ေတာ့ ပုိျပီးညီသြားတယ္လို႔ခံစားရတယ္။ ကုိယ္လိုခ်င္တဲ့ပံုစံေလးရသြားတယ္ကြာသိလား။ အရမ္းၾကီးလည္းေျပာင္းလဲသြားတာမ်ိဳးမဟုတ္ဘူး။” လို႔ေဝမွ်ထားပါတယ္။

ကုိယ့္ခႏၶာကုိယ္ထဲမွာ ျပင္ပကပစၥည္းကိုထည့္ထားရတဲ့ခံစားခ်က္ကုိလည္းေနျခည္က “တစ္ခုခုမ်ားျဖစ္ခဲ့ရင္ေသြးမတိိတ္တာတို႔ တစ္ခုခုအထဲမွာ Infection ဝင္သြားတာမ်ိဳးျဖစ္မွာ နည္းနည္းေလးေတာ့ေၾကာက္တယ္။”လို႔ ေျပာျပထားပါတယ္။

ပရိသတ္ၾကီးေရာ ေနျခည့္လိုရဲရဲရင့္ရင့္ခြဲစိတ္ျပဳျပင္ပစ္လိုက္ခ်င္တဲ့ စိတ္မ်ိဳးေတြျဖစ္ေပၚလာဖူးလား။ ေနျခည့္အေပၚမွာေရာ ဘယ္လိုျမင္လဲ..ေျပာခဲ့ၾကဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say

Unicode Version
Cosmetics တွေကို Honest Review တွေပေးတတ်ပြီး ကိုယ်ဝင်တဲ့နယ်ပယ်မှာကိုယ် ကျွမ်းကျင်ပိုင်နိုင်မှုအပြည့်ရှိတဲ့အပြင် ချစ်စဖွယ်ဟန်ပန်အမူအရာလေးတွေနဲ့ပွင့်လင်းရိုးသားမှုလေးတွေကြောင့် ပရိသတ်တွေရဲ့အချစ်ကို အချိန်တိုလေးအတွင်းမှာ အပိုင်သိမ်းလိုက်နိုင်တဲ့ နေခြည်ဦးဆိုတဲ့ Beauty Blogger လေးဟာ အခုဆိုရင် ရုပ်ရှင်နယ်ပယ်ကိုပါခြေချလာခဲ့ပါပြီ။ သရုပ်ဆောင်တွေမှာ မျက်နှာအလှတရားကအရေးပါတဲ့အရာဖြစ်တဲ့အတိုင်း နေခြည်ဦးက မျက်နှာမှာ

သူမမကြိုက်တဲ့အရာတွေကို ပိုပြီးလှသွားအောင် ပလတ်စတစ်ဆာဂျရီလုပ်ပစ်ဖို့လည်းနောက်မတွန့်တတ်သူဖြစ်ပါတယ်။ သူမရဲ့မကြာသေးခင်က ခွဲစိတ်လိုက်တဲ့ ရလဒ်ကလည်းစိတ်ကျေနပ်စရာဖြစ်ခဲ့တာမို့ ချီချီက အခုဆိုရင် အခြားဟာတွေထပ်ပြီးခွဲစိတ်ဖိုှ့တောင်စိတ်ကူးနေပါပြီတဲ့။ ခန္ဓာကိုယ်မှာထပ်ပြီးခွဲစိတ်ပြုပြင်မှုတွေလုပ်ချင်သေးကြောင်းနဲ့ ခွဲစိတ်မှုအပေါ်မှာသူမထားတဲ့အမြင်ကိုလည်းချီချီက အခရာနဲ့ အင်တာဗျူးမှာဖြေကြားထားပါတယ်။

ချီချီကနောက်ထပ်ခွဲစိတ်ချင်တဲ့အစိတ်အပိုင်းကတော့ ရင်သားဖြစ်ကြောင်းကို “ရင်သားနဲ့တူတယ်။ ရင်ဘတ်ကနည်းနည်းသေးတော့ နည်းနည်းကြီးရင်ကောင်းမလားပေါ့နော်။ တကယ်တော့ ရင်ဘတ်ကိုအရင်ခွဲစိတ်ပြုပြင်မလို့၊ဒါပေမယ့် ကိုယ်ကိုယ်တိုင်က Bikini Model လည်းမဟုတ်ဘူးကွာ။ Sports Model လည်းမဟုတ်ဘူး၊ athelete လည်းမဟုတ်ဘူးဆိုတော့..ကိုယ့်ရင်ဘတ်ကိုပြလို့မရဘူး။

အင်္ကျီဝတ်လို့ရှိရင်လေ.. မိန်းကလေးတွေဆိုပိုနားလည်တယ်။ အဆင်မပြေဘူးသိလား။ ရင်ဘတ်ကသေးတော့လေ။အဲဒီတော့ ရင်ဘတ်ကိုနေခြည်ခွဲစိတ်ဖို့တော့ Plan လုပ်နေပြီပေါ့နော်။ဘယ်ဆရာဝန်နဲ့ခွဲရမလဲ။ဘယ်သူနဲ့လုပ်ရမလဲ၊ဘယ်နိုင်ငံမှာလုပ်ရမလဲ လုပ်နေပါပြီ”လို့ ပြောပြထားပါတယ်။ ခွဲစိတ်မယ်ဆိုရင်ဒီနှစ်တော့မဖြစ်နိုင်လောက်တော့ဘူးမို့ နောက်နှစ်မှလုပ်မယ်လို့လည်းပြောပြထားပါသေးတယ်။

ခွဲစိတ်ပြီးတော့ ရလာတဲ့စိတ်ကျေနပ်မှုအကြောင်းတွေကိုလည်း “သိသာတယ်။ဘေးတစ်စောင်းကြည့်ရင် နှာခေါင်းပဲမြင်ရတယ်။ အရင်ကဆို နဖူးပဲမြင်ရတယ်။အခုတော့ နှာခေါင်းလေးမြင်နေရပြီပေါ့နော်။ နေခြည်နှာခေါင်းကအရင်ကဆို လုံးတဲ့အထဲမှာပါတယ်။ အခုဆို တန်းပြီးစင်းပြီးအရမ်းကိုလှသွားတယ်လို့ခံစားရတယ်”

လို့ စိတ်ချမ်းသာနေတဲ့ပုံလေးနဲ့ပြောပြထားပြီး မျက်ရစ်ခွဲတဲ့အကြောင်းကိုလည်း “မျက်ရစ်ဆိုလည်း တစ်ဖက်နဲ့တစ်ဖက်ကအရင်ကဆိုမညီဘူး။ အရင်ကတည်းက နေခြည်က မျက်ရစ်ရှိတာပါ။ဒါပေမယ့် အခုကျတော့ ပိုပြီးညီသွားတယ်လို့ခံစားရတယ်။ ကိုယ်လိုချင်တဲ့ပုံစံလေးရသွားတယ်ကွာသိလား။ အရမ်းကြီးလည်းပြောင်းလဲသွားတာမျိုးမဟုတ်ဘူး။” လို့ဝေမျှထားပါတယ်။

ကိုယ့်ခန္ဓာကိုယ်ထဲမှာ ပြင်ပကပစ္စည်းကိုထည့်ထားရတဲ့ခံစားချက်ကိုလည်းနေခြည်က “တစ်ခုခုများဖြစ်ခဲ့ရင်သွေးမတိတ်တာတို့ တစ်ခုခုအထဲမှာ Infection ဝင်သွားတာမျိုးဖြစ်မှာ နည်းနည်းလေးတော့ကြောက်တယ်။”လို့ ပြောပြထားပါတယ်။

ပရိသတ်ကြီးရော နေခြည့်လိုရဲရဲရင့်ရင့်ခွဲစိတ်ပြုပြင်ပစ်လိုက်ချင်တဲ့ စိတ်မျိုးတွေဖြစ်ပေါ်လာဖူးလား။ နေခြည့်အပေါ်မှာရော ဘယ်လိုမြင်လဲ..ပြောခဲ့ကြဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top