ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ခက္ခဲပင္ပန္းမႈေတြေၾကာင့္ သူတို႕ရဲ႕ေပ်ာ္ရႊင္စရာေကာင္းတဲ့ အခ်စ္ေတြကို အထိခိုက္ခံခြင့္ မေပးႏိုင္ဘူးလို႕ေျပာလာသူေတြက အသက္ (၉၂) ႏွစ္အရြယ္ ဘိုးဘိုးလီဗန္ဆို နဲ႕ အသက္(၈၅) ႏွစ္အရြယ္ ဘြားဘြားငုယင္သီလြိဳင္ဆို႕ျဖစ္ပါတယ္။ ဘိုးဘိုးနဲ႕ဘြားဘြား ဟာ ဗီယက္နမ္ႏိုင္ငံရဲ႕ နာမည္ေက်ာ္စိုက္ပ်ိဳးေရး ျပည္နယ္တစ္ခုျဖစ္တဲ့ Hoi An ရဲ႕ Tra Que ေက်းရြာက ေအာ္ဂဲနစ္ စိုက္ပ်ိဳးေရးၿခံမွာ ေနတာျဖစ္ပါတယ္။

ဘိုးဘိုး လြိဳင္ဟာ သူတို႕(၁၉၄၉) ခုႏွစ္က ဘြားဘြား နဲ႕လက္ထပ္ခဲ့တာက လြဲၿပီး သူတို႕ရဲ႕ အိမ္ေထာင္သက္ ဘယ္ေလာက္ရွိၿပီးလဲ မမွတ္မိရွာေတာ့ပါဘူး။ ဘိုးဘိုး ဟာ ျပင္သစ္ ကိုလိုနီအစိုးရဆန္႕က်င္မႈနဲ႕ ႏွစ္ေပါင္းမ်ားစြာ ေထာင္က်ေနခဲ့တာျဖစ္ၿပီး ျပင္သစ္ေတြ စစ္ရံႈးေတာ့မွ ေထာင္ကလြတ္ေျမာက္လာတာျဖစ္ပါတယ္။ ခ်စ္ဇနီးနဲ႕ ခြဲခြာေနရတဲ့ ကာလအတြက္ အခုခ်ိန္မွာ ပိုအတိုးခ် ခ်စ္သြားမယ္လို႕ သူကေျပာလာပါတယ္။

ဘိုးဘိုး တို႕ဇနီးေမာင္ႏွံမွာ သားသမီးငါးေယာက္ရွိေပမယ့္ သူတို႕နဲ႕အတူမေနပါဘူး။ သူတို႕နဲ႕အတူေနတာက ေခြးေလးတစ္ေကာင္ ျဖစ္ပါတယ္။ ေန႕စဥ္ေန႕တိုင္း သူတို႕ရဲ႕ ဟင္းသီးဟင္းရြက္ စိုက္ခင္းမွာ အလုပ္လုပ္ေနၾကတဲ့ ဘိုးဘိုး နဲ႕ဘြားဘြား ဟာ ရြာရဲ႕စံျပဇနီးေမာင္ႏွံပါပဲ။ စိုက္ခင္းကိုလာတဲ့ ခရီးသြားေတြကို ေရသယ္ပံုေတြ ျပသေလ့ရွိၿပီး သြားေတြမရွိေတာ့တဲ့အလွဆံုးအၿပံဳးပိုင္ရွင္ ဘိုးဘိုး နဲ႕ဘြားဘြားဟာ လာသမွ် ဧည့္သည္ေတြကို အၿမဲႀကိဳဆိုေန တက္ပါတယ္။

ေနာက္ၿပီး ခ်စ္စရာအၿပံဳးေတြနဲ႕ ‘ဟယ္လို’ ေျပာၿပီးႏူတ္ဆက္ေလ့ရွိပါတယ္။ သူတို႕ဟာ ၀ါးျခင္းေတြလည္း ကိုယ္တိုင္ရက္လုပ္တက္ၿပီး တစ္ေယာက္စကားတစ္ေယာက္ အၿမဲနားေထာင္ေပးတတ္ပါတယ္။ ‘ ငါတို႕က တစ္ေယာက္ကိုတစ္ေယာက္ ေပ်ာ္ေအာင္ထားတယ္။ အလုုပ္ကိုလည္း အၿမဲလုပ္တယ္ ဒါေၾကာင့္လည္း အသက္ရွည္ၾကတာ’ လုိ႕သူတို႕ကေျပာပါတယ္။ အခါအခြင့္သင့္လို႕ ဗီယက္နမ္သာေရာက္ခဲ့ရင္ စံျပဘိုးဘိုး ဘြားဘြား ကို သြားေတြ႕ဖို႕ မေမ့ၾကနဲ႕ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မိုးစက္ေလး /MyanmarNote
# Unicode Version ျဖင့္ ဖတ္ပါ #
ခက်ခဲပင်ပန်းမှုတွေကြောင့် သူတို့ရဲ့ပျော်ရွှင်စရာကောင်းတဲ့ အချစ်တွေကို အထိခိုက်ခံခွင့် မပေးနိုင်ဘူးလို့ပြောလာသူတွေက အသက် (၉၂) နှစ်အရွယ် ဘိုးဘိုးလီဗန်ဆို နဲ့ အသက်(၈၅) နှစ်အရွယ် ဘွားဘွားငုယင်သီလွိုင်ဆို့ဖြစ်ပါတယ်။ ဘိုးဘိုးနဲ့ဘွားဘွား ဟာ ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကျော်စိုက်ပျိုးရေး ပြည်နယ်တစ်ခုဖြစ်တဲ့ Hoi An ရဲ့ Tra Que ကျေးရွာက အော်ဂဲနစ် စိုက်ပျိုးရေးခြံမှာ နေတာဖြစ်ပါတယ်။

ဘိုးဘိုး လွိုင်ဟာ သူတို့(၁၉၄၉) ခုနှစ်က ဘွားဘွား နဲ့လက်ထပ်ခဲ့တာက လွဲပြီး သူတို့ရဲ့ အိမ်ထောင်သက် ဘယ်လောက်ရှိပြီးလဲ မမှတ်မိရှာတော့ပါဘူး။ ဘိုးဘိုး ဟာ ပြင်သစ် ကိုလိုနီအစိုးရဆန့်ကျင်မှုနဲ့ နှစ်ပေါင်းများစွာ ထောင်ကျနေခဲ့တာဖြစ်ပြီး ပြင်သစ်တွေ စစ်ရှုံးတော့မှ ထောင်ကလွတ်မြောက်လာတာဖြစ်ပါတယ်။ ချစ်ဇနီးနဲ့ ခွဲခွာနေရတဲ့ ကာလအတွက် အခုချိန်မှာ ပိုအတိုးချ ချစ်သွားမယ်လို့ သူကပြောလာပါတယ်။

ဘိုးဘိုး တို့ဇနီးမောင်နှံမှာ သားသမီးငါးယောက်ရှိပေမယ့် သူတို့နဲ့အတူမနေပါဘူး။ သူတို့နဲ့အတူနေတာက ခွေးလေးတစ်ကောင် ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း သူတို့ရဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းမှာ အလုပ်လုပ်နေကြတဲ့ ဘိုးဘိုး နဲ့ဘွားဘွား ဟာ ရွာရဲ့စံပြဇနီးမောင်နှံပါပဲ။ စိုက်ခင်းကိုလာတဲ့ ခရီးသွားတွေကို ရေသယ်ပုံတွေ ပြသလေ့ရှိပြီး သွားတွေမရှိတော့တဲ့အလှဆုံးအပြုံးပိုင်ရှင် ဘိုးဘိုး နဲ့ဘွားဘွားဟာ လာသမျှ ဧည့်သည်တွေကို အမြဲကြိုဆိုနေ တက်ပါတယ်။

နောက်ပြီး ချစ်စရာအပြုံးတွေနဲ့ ‘ဟယ်လို’ ပြောပြီးနူတ်ဆက်လေ့ရှိပါတယ်။ သူတို့ဟာ ဝါးခြင်းတွေလည်း ကိုယ်တိုင်ရက်လုပ်တက်ပြီး တစ်ယောက်စကားတစ်ယောက် အမြဲနားထောင်ပေးတတ်ပါတယ်။ ‘ ငါတို့က တစ်ယောက်ကိုတစ်ယောက် ပျော်အောင်ထားတယ်။ အလုပ်ကိုလည်း အမြဲလုပ်တယ် ဒါကြောင့်လည်း အသက်ရှည်ကြတာ’ လို့သူတို့ကပြောပါတယ်။ အခါအခွင့်သင့်လို့ ဗီယက်နမ်သာရောက်ခဲ့ရင် စံပြဘိုးဘိုး ဘွားဘွား ကို သွားတွေ့ဖို့ မမေ့ကြနဲ့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: မိုးစက်လေး /MyanmarNote
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top