အိႏၵိယႏုိင္ငံ၊ အေရွ႕ေျမာက္ပုိင္း အန္ဒဟာရာပရာဒက္ရွ္ျပည္နယ္၊ ကာႏုိးခ႐ုိင္၊ ပန္ဒီကယ္ေက်းရြာမွာ ဖုန္းေပါက္ကြဲမႈျဖစ္ပြားၿပီး ကေလးငယ္တစ္ဦး လက္ေခ်ာင္းသုံးေခ်ာင္း ဆုံး႐ႈံးသည္အထိ ျဖစ္ခဲ့ရပါတယ္။ အဆုိပါကေလးငယ္ဟာ တ႐ုတ္ႏုိင္ငံလုပ္ ဖခင္ရဲ႕ဖုန္းကိုအသုံးျပဳၿပီး သီခ်င္းနားေထာင္ေနစဥ္ ဖုန္းက ႐ုတ္တရက္ ေပါက္ကြဲခဲ့တာလုိ႔ သိရပါတယ္။

ကေလးရဲ႕အမည္ကေတာ့ ဂ်ာဂန္အာခ်ရီျဖစ္ၿပီး ဖုန္းေပါက္ကြဲတဲ့ အရွိန္က ျပင္းထန္တဲ့အတြက္ လက္ေခ်ာင္း(၃)ေခ်ာင္းဟာ မူလလက္ဆစ္မွ ျပဳတ္ထြက္သည္အထိ ဒဏ္ရာျပင္းထန္ခဲ့ပါတယ္။ ကေလးရဲ႕ေအာ္ငုိသံကုိ ဖခင္ျဖစ္သူက ေနအိမ္အေပၚထပ္မွ ၾကားလုိက္ရၿပီး ေအာက္ကုိ ေျပးဆင္းခဲ့ရာ စိတ္မေကာင္းဖြယ္ ျမင္ကြင္းကို ေတြ႕လုိက္ရတယ္လုိ႔ ဆုိပါတယ္။

ေဒသခံမီဒီယာရဲ႕ေဖာ္ျပခ်က္မွာေတာ့ ကေလးဟာ အားသြင္းထားဆဲဖုန္းကို အသုံးျပဳၿပီး သီခ်င္းနားေထာင္ေနခဲ့တာ ျဖစ္ၾကာင္း၊ ဖုန္းဟာ အပူခ်ိန္လြန္ကဲၿပီး ေပါက္ကြဲခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ဖခင္ မက္ဒီလီတီအာခ်ရီဟာ သားျဖစ္သူကုိ ခ်က္ခ်င္းေဆး႐ုံပုိ႔ခဲ့ၿပီး ကုသမႈ ခံယူေစခဲ့တယ္လုိ႔ သိရပါတယ္။

ကေလးရဲ႕အေျပာအရ သူဟာ အိပ္ယာထဲမွာ လဲေလ်ာင္းေနရင္း အားသြင္းထားတဲ့ ဖခင္ရဲ႕ဖုန္းကို ယူၿပီး သီခ်င္းဖြင့္ခဲ့ေၾကာင္း၊ ဖုန္းကို လက္နဲ႔ကုိင္ထားမိတာျဖစ္တဲ့အတြက္ ေပါက္ကြဲတဲ့အခါမွာ အခုလုိ ဆုိးရြားတဲ့အျဖစ္အပ်က္ကုိ ႀကဳံေတြ႕ခဲ့ရတာျဖစ္ေၾကာင္း ေဒါက္တာေတြထံ ျပန္လည္ေျပာျပခဲ့ပါတယ္။

ေဒါက္တာေတြကေတာ့ ကေလးရဲ႕ ျပတ္ေတာက္သြားတဲ့ လက္ေခ်ာင္း(၃)ေခ်ာင္းကို မူလေနရာအတုိင္း ျပန္ဆက္ထားေပမယ့္ ကံေသကံမ အေကာင္းအတုိင္း ျပန္ရႏုိင္ဖုိ႔ေတာ့ မေသခ်ာေၾကာင္း သိရပါတယ္။ ေပါက္ကြဲခဲ့တဲ့ ဖုန္းအမ်ိဳးအစားနဲ႔ ေမာ္ဒယ္ကိုေတာ့ သတင္းမွာ ေဖာ္ျပမထားပါဘူး။

source : thesun.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်း အန်ဒဟာရာပရာဒက်ရှ်ပြည်နယ်၊ ကာနိုးခရိုင်၊ ပန်ဒီကယ်ကျေးရွာမှာ ဖုန်းပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ်တစ်ဦး လက်ချောင်းသုံးချောင်း ဆုံးရှုံးသည်အထိ ဖြစ်ခဲ့ရပါတယ်။ အဆိုပါကလေးငယ်ဟာ တရုတ်နိုင်ငံလုပ် ဖခင်ရဲ့ဖုန်းကိုအသုံးပြုပြီး သီချင်းနားထောင်နေစဉ် ဖုန်းက ရုတ်တရက် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

ကလေးရဲ့အမည်ကတော့ ဂျာဂန်အာချရီဖြစ်ပြီး ဖုန်းပေါက်ကွဲတဲ့ အရှိန်က ပြင်းထန်တဲ့အတွက် လက်ချောင်း(၃)ချောင်းဟာ မူလလက်ဆစ်မှ ပြုတ်ထွက်သည်အထိ ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ ကလေးရဲ့အော်ငိုသံကို ဖခင်ဖြစ်သူက နေအိမ်အပေါ်ထပ်မှ ကြားလိုက်ရပြီး အောက်ကို ပြေးဆင်းခဲ့ရာ စိတ်မကောင်းဖွယ် မြင်ကွင်းကို တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။

ဒေသခံမီဒီယာရဲ့ဖော်ပြချက်မှာတော့ ကလေးဟာ အားသွင်းထားဆဲဖုန်းကို အသုံးပြုပြီး သီချင်းနားထောင်နေခဲ့တာ ဖြစ်ကြာင်း၊ ဖုန်းဟာ အပူချိန်လွန်ကဲပြီး ပေါက်ကွဲခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖခင် မက်ဒီလီတီအာချရီဟာ သားဖြစ်သူကို ချက်ချင်းဆေးရုံပို့ခဲ့ပြီး ကုသမှု ခံယူစေခဲ့တယ်လို့ သိရပါတယ်။

ကလေးရဲ့အပြောအရ သူဟာ အိပ်ယာထဲမှာ လဲလျောင်းနေရင်း အားသွင်းထားတဲ့ ဖခင်ရဲ့ဖုန်းကို ယူပြီး သီချင်းဖွင့်ခဲ့ကြောင်း၊ ဖုန်းကို လက်နဲ့ကိုင်ထားမိတာဖြစ်တဲ့အတွက် ပေါက်ကွဲတဲ့အခါမှာ အခုလို ဆိုးရွားတဲ့အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရတာဖြစ်ကြောင်း ဒေါက်တာတွေထံ ပြန်လည်ပြောပြခဲ့ပါတယ်။

ဒေါက်တာတွေကတော့ ကလေးရဲ့ ပြတ်တောက်သွားတဲ့ လက်ချောင်း(၃)ချောင်းကို မူလနေရာအတိုင်း ပြန်ဆက်ထားပေမယ့် ကံသေကံမ အကောင်းအတိုင်း ပြန်ရနိုင်ဖို့တော့ မသေချာကြောင်း သိရပါတယ်။ ပေါက်ကွဲခဲ့တဲ့ ဖုန်းအမျိုးအစားနဲ့ မော်ဒယ်ကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top