ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အဲ့ဒါက ရည္းစားျဖစ္ျပီဆုိတာနဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္ Facebook Password အျပန္အလွန္ ေပးၾကတဲ့ ကိစၥပဲ။ ရည္းစားေတြ ျဖစ္ၾကျပီဆုိတာနဲ႕ ဒီလုိမျဖစ္မေနလုပ္ရမယ္ဆုိတဲ့ အယူမွားၾကီးက ျမန္မာလူငယ္အတြဲေတြထဲမွာ အျမင္ရဆုံး အဆုိးဆုံးကိစၥတစ္ခုျဖစ္ေနသလုိပဲ။ လုံးဝ အဓိပါယ္မရွိပါဘူး။

ရည္းစားထားတယ္ဆုိတာကုိ ျပန္စမ္းစစ္ၾကည့္ရင္ အေရးၾကီးဆုံး အေၾကာင္းျပခ်က္ (၂) ခုပဲရွိတယ္။ တစ္ခုက ေပ်ာ္ခ်င္လုိ႔၊ ေနာက္တစ္ခုက တစ္ဘဝလုံးအတြက္ရည္ရြယ္ျပီး လက္တြဲခ်င္လုိ႔။ တစ္ေယာက္နဲ႕တစ္ေယာက္ အျပန္အလွန္ Password ေတြ ေပးထားၾကတဲ့ စုံတြဲေတြကို ၾကည့္လုိက္ရင္ ေနာက္ထပ္ ေယာက္်ားေလး၊ မိန္းကေလးေတြနဲ႕ စကားမေျပာေစခ်င္လုိ႔ ဆုိတဲ့အေၾကာင္းျပခ်က္ရယ္၊ ေနာက္ျပီး အဓိက အဆုိးရြားဆုံး အယူလြဲမႈကေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ ယုံၾကည္မႈ တည္ေဆာက္ခ်င္လုိ႔ ေပးတယ္လုိ႔ ေျပာၾကတာပဲ။ လုံးဝ အမွားၾကီး။

အဲ့ဒါယုံၾကည္မႈ တည္ေဆာက္တာ မဟုတ္ဘူး။ တစ္ေယာက္နဲ႕တစ္ေယာက္ မယုံၾကည္ဘူးဆုိတာကုိ အခ်က္ျပလုိက္တာပဲ။

ျပန္စဥ္းစားၾကည့္ေလ။ ကြယ္ရာမွာ ေနာက္တစ္ေယာက္နဲ႕ ေဖာက္ျပန္ေနမလား မသိဘူးဆုိတဲ့ မယုံၾကည္တဲ့ စိတ္ေၾကာင့္ ရည္းစားစ ျဖစ္တာနဲ႕ ဒီ Social Media password ကုိ ေတာင္းေတာ့တာေပါ့။ အဲ့ေလာက္ထိ ကုိယ့္တစ္ေယာက္တည္းကိုမွ ခ်စ္နုိင္ပါ့မလား မေသခ်ာတဲ့၊ မယုံရတဲ့ လူတစ္ေယာက္ကုိ ဘာလုိ႔ ရည္းစားေတာ္ ေတာ့မလဲ။ ရွင္းေနတာကုိ။

တစ္ဘဝလုံးအတြက္ မေျပာနဲ႕။ အခုကတည္းက တျခားမိန္းကေလး၊ တျခားေယာက္်ားေလးနဲ႕ စကားေျပာျပီး ပါသြားမွာ ေၾကာက္လုိ႔ ဆုိရင္ အခုကတည္းက လမ္းသာခြဲပလုိက္ေတာ့။ ကုိယ့္ကုိ ခ်စ္ပါတယ္လုိ႔ ေျပာထားတဲ့ ေယာက္်ားက ေနာက္ထပ္ မိန္းကေလးနဲ႕ စကားေျပာလုိက္တာနဲ႕ ပါသြားမယ့္လူလုိ႔ ထင္ေနရင္ အစ ကတည္းက တြဲမေနနဲ႕ေပါ့။ ကုိယ္နဲ႕ မထုိက္တဲ့လူ၊ ကုိယ့္အဆင့္ကို မမွီတဲ့သူလုိ႔ စိတ္ထဲမွတ္ျပီး ေစာေစာစီးစီးလႊတ္ေပးလုိက္။ ေနာက္တစ္ေယာက္ရွာဖုိ႔ေတာင္ အခ်ိန္ရေသး။

ကုိယ့္ဘဲကုိေတာ့ ယုံပါရဲ႕။ သူ႕နားက စနုိက္ေၾကာ္မ ေတြကို ေၾကာက္လုိ႔ Password ေတာင္းတာဆုိရင္လည္း ကုိယ့္ဘဲက လြယ္လြယ္သာယာတတ္တဲ့ ေစာက္သုံးမက်တဲ့ေကာင္လုိ႔ ေျပာလုိက္တာနဲ႕ အတူတူပါပဲ။ ကုိယ့္ဘက္ ျပန္ၾကည့္ရင္လည္း ဒီေယာက္်ားကိုမွ မရရင္ ဘဝဆုံးေတာ့မွာ မုိ႔လို႔ အတင္းတြယ္ကပ္ေနမွ ျဖစ္မွာမုိ႔လုိ႔ပါလုိ႔ ဝန္ခံလုိက္တဲ့ သေဘာျဖစ္မသြားဘူးလား။ ႏွစ္ေယာက္စလုံးက ေစာက္သုံးမက်တဲ့လူေတြပါလုိ႔ ဝန္ခံလုိက္တဲ့သေဘာ ျဖစ္သြားတာပါပဲ

ကုိယ့္ရဲ႕ Social Media account ထဲမွာ အေပါင္းအသင္းေတြနဲ႕ တုိင္ပင္ခ်င္၊ ေျပာခ်င္တဲ့စကားေတြရွိမယ္။ Like ႏွိပ္ခ်င္တဲ့ Page ေတြ ရွိရင္ရွိမယ္။ မိသားစုအိမ္တြင္းေရး ကိစၥေတြရွိရင္ရွိမယ္။ အလုံးစုံတုိင္ပင္လုိ႔ရတဲ့ သူငယ္ခ်င္းဆုိတာေတြ ရွိရင္ရွိမယ္။ စိတ္လြတ္ကုိယ္လြတ္ ေဘာ္ဒါေတြနဲ႕ အယုတၱအနတၱေတြ ေျပာခ်င္ရင္ေျပာမယ္။

ရည္းစားျဖစ္သြားျပီဆုိတာနဲ႕ အဲ့ဒီ့ ရည္းစားက ဘက္စုံကိစၥတုိင္းကို ေျဖရွင္းေပးမယ့္ ကုိယ့္အေဖ၊ ကုိယ့္အေမ၊ ကုိယ့္အစ္ကုိ၊ ကုိယ့္သူငယ္ခ်င္း ျဖစ္သြားတာမ်ဴိးမဟုတ္ဘူး။ရည္းစားသည္ စြယ္စုံရ ပုဂၢဳိလ္ မဟုတ္ပါ။

ရည္းစားထားတယ္ဆုိတာ ဘဝမွာ ၾကဳံသမွ် ကိစၥ အၾကီး၊ အေသးတုိင္း ဒီရည္းစားနဲ႕ပဲ တုိင္ပင္ရမယ္လုိ႔ ေခါင္းစဥ္တပ္ေပးလုိက္တာ မဟုတ္ဘူး။ ရည္းစားဆုိတာ ကုိယ့္လက္တြဲေဖာ္လုိ႔ သတ္မွတ္လုိ႔ရေပမယ့္ ကိစၥတုိင္း အဲ့ဒီ့ ရည္းစားက ေျဖရွင္းေပးႏုိင္တာမဟုတ္ဘူး။ တစ္ခ်ဴိ႕ ေယာက္်ားေလးအခ်င္းခ်င္း၊ မိန္းကေလးအခ်င္းခ်င္းပဲ နားလည္တဲ့ ကိစၥမ်ဴိး၊ ကုိယ့္ရည္းစား သိလည္း အက်ဴိးမရွိမယ့္ကိစၥမ်ဴိးေတြ၊ ေယာက္်ားမိန္းမ မတူညီတဲ့ လူမႈေရးအခက္အခဲေတြ၊ ေျပာရရင္ ေခါင္းစဥ္ေတြ ေတ္ာေတာ္မ်ားမ်ား က်န္ဦးမယ္။ အဲ့ကိစၥတုိင္းကုိ ရည္းစားဆုိတဲ့တစ္ေယာက္က ဟပ္ခ်ေလာင္းဆုိျပီး ေျဖရွင္းေပးႏုိင္တာ မဟုတ္သလုိ အဲ့ဒီ့ ရည္းစားပါလာမွ ပိုရႈတ္ကုန္မွာေတြ အမ်ားၾကီး။

အဲ့ကိစၥေတြက Facebook Password နဲ႔ ဘာဆုိင္လုိ႔လည္းလုိ႔ ေမးစရာရွိတယ္။ သိပ္ဆုိင္တာေပါ့။ ျပႆနာအၾကီးအမားဆုိတာေတြ အားလုံးက “အမႈိက္ကစ၊ ျပႆဒ္မီးေလာင္” အေသးအမႊားဆုိတာကေနပဲ စၾကတာ။ အဲ့ဒီ့ အေသးအမႊားဆုိတာကလည္း ဒီဘက္ေခတ္ Social Media အေပၚမွာ ျဖစ္ေနတဲ့ ကိစၥေတြကေနပဲ ျဖစ္ၾကတာခ်ည္းပဲ။

ဒီသူငယ္ခ်င္းနဲ႕ေပါင္းတာ မၾကဳိက္ဘူး။

ဒီလူနဲ႕ စကားေျပာတာ မၾကဳိက္ဘူး။

ဘာလုိ႔ ဒီ Group ထဲ ဝင္ထားတာလဲ။

ရွင့္ညီမက မုန္႔ဖုိးပဲေတာင္းေနတာပဲ။

အဲ့ဒီ့ ဆဲပဲဆဲေနတဲ့ေကာင္ကို ဘေလာ့စမ္းပါ။ မင္းရုံးကေကာင္က ည ၉ နာရီေလာက္လည္း စကားလာေျပာတာပဲလား။ အဲ့ေကာင္ပုိက္ဆံခ်ည္းတဲ့ ကိစၥေျပာေနတာ ဘာေၾကာင့္လဲ။

ဘာမွမဟုတ္တဲ့ ေသးေသးမႊားမႊားေလးေတြက ေစာက္ျပႆနာအၾကီးၾကီးေတြ တက္မယ့္ ေခါင္းစဥ္ေတြခ်ည္းပဲ။ လက္ထပ္ဖုိ႔က ေနာက္ထား၊ ေပ်ာ္ခ်င္လို႔ရည္းစားထားပါတယ္ဆုိတဲ့ အဆင့္မွာကတည္းကတင္ ကုိယ့္ရည္းစားက ဝင္စြက္ဖက္လုိ႔ စိတ္ေတြ မြန္းၾကပ္ျပီး ေပ်ာ္ရႊင္မႈဆုိတာ စတင္ ေပ်ာက္ဆုံးေနရျပီ။

ကဲ။ မလြန္ဆန္နုိင္လုိ႔ သူေျပာတဲ့အတုိင္း လုိက္ေလ်ာေပးျပီး Block တာေတြ၊ စကားမေျပာတာေတြ၊ unfriend လုပ္တာေတြ လုပ္ေပးလုိက္ရတယ္ပဲ ဆုိပါစုိ႔။ အဲ့လူက စိတ္ထဲ ေက်နပ္ပါဦးမလား၊ ဘာမဟုတ္တဲ့ ကိစၥေလးနဲ႕ အကုန္လုိက္ေလ်ာေပးေနရတယ္ဆုိျပီး မြန္းၾကပ္လာမွာပဲ။ ေလဗူေပါင္းက ဒီတုိင္းထားလုိ႔ မေပါက္ကြဲဘူး။ တင္းတင္းၾကပ္ၾကပ္ အျဖစ္ညွစ္ခံရေတာ့မွ ေပါက္ကြဲတာမ်ဴိးပဲ။ လူ႔စိတ္ဆုိတာလည္း အဲ့သေဘာပဲ။

ဇယားရႈပ္ခ်င္တဲ့လူက ရႈပ္မွာပဲ။ ကုိယ္ဘယ္ေလာက္ ထိန္းထိန္းအေကာင့္သစ္ဖြင့္ျပီး ေျခရႈပ္မွာပဲ။ ဇယားရွႈပ္မယ့္လူက ဖြဘုတ္တင္မကဘူး၊ အျပင္ေလာကမွာလည္း ဇယားရႈပ္မွာပဲ။ တားလုိ႔ရမွာမဟုတ္ဘူး။ အဲ့လုိ စရုိက္မေကာင္း၊ ဇယားရႈပ္တဲ့ လူမ်ဴိးဆုိရင္ေတာ့ password ကိစၥေတြ အသာထားဦး။ တစ္ဘဝလုံး လက္တြဲမလား။ စဥ္းစားေပါ့။

ေျခမရႈပ္တဲ့လူ ျဖစ္ေနရင္ေတာင္ တစ္ခါတစ္ေလ ကိုယ့္အေကာင့္က တျခားလူ တစ္ေယာက္ ဝင္ၾကည့္နုိင္တယ္ဆုိတာ သိၾကည့္ပါလား။ ဘယ္ေလာက္ေတာင္ မြန္းၾကပ္လိုက္မလဲ။ အေပါင္းအသင္းနဲ႕ စကားေျပာရင္း ကုိယ့္ရည္းစားအေၾကာင္းပါလာရင္ စကားက ဆက္မေျပာရဲေတာ့တာမ်ဴိး၊ မဟုတ္တမ္းတရားေတြ ေျပာရတာမ်ဴိး၊ အဆင္မေျပတဲ့အေၾကာင္းေတြ ရင္ဖြင့္ခ်င္တာမ်ဴိးေတြ မလုပ္ရတဲ့အခါ ဘယ္ေလာက္ေတာင္ မြန္းၾကပ္ လုိက္မလဲ စဥ္းစားၾကည့္ေပါ့။
အဲ့ေတာ့ လြတ္လြတ္လပ္လပ္ ဖြဘုတ္သုံးဖုိ႔ အေကာင့္သစ္ဖြင့္ထားတာကုိသာ ကုိယ့္ရည္းစားက သိၾကည့္ပါလား။ မုိးမီးေလာင္ျပီး ေစာက္ျပႆနာေတြ ပိုေတာင္တက္ကုန္ဦးမယ္။ အရင္တုန္းကေပးထားျပီး အခုဟာကို အသိမေပးေတာ့ဘူးဆုိေတာ့ ေျခရႈတ္တာလားဆုိျပီး သံသယဝင္ ၾက၊ အစြတ္စြဲ ခံရတဲ့ဘက္ကလည္း ငါလည္း ဘာမွမလုပ္ဘဲနဲ႕ ဒီေလာက္ထိျဖစ္ခ်င္တာလား၊ ျပတ္ကြာ ဆုိျပီး ျပတ္ဆဲၾက။ ေစာက္လုပ္ေတြကို ရႈတ္ေနတာပဲ။ တစ္ေန႔တစ္ေန႔ Bus ေပၚေတြမွာ အတြဲေတြ ရန္ျဖစ္လုိ႔ အသံမၾကားလုိက္နဲ႕။ အဲ့ဒီ့ဖြဘုတ္ password ေပးတဲ့ကိစၥနဲ႕၊ password ေျပာင္းတဲ့ကိစၥနဲ႕ ေဘးပတ္ဝန္းက်င္ေတာင္ ဂရုမစုိက္ဘဲ သတ္ေနၾကတာ။ ကုိယ့္အရွက္ကုိယ္ ခြဲေနၾကတာခ်ည္းပဲ။ တကယ္တမ္း ၂ ေယာက္သားရန္ျဖစ္ၾကည့္၊ ၂ ေယာက္စလုံးက စိတ္ေတြ မြန္းၾကပ္ေနရင္ ဘယ္သူ႔ဘက္ကမွ ေလွ်ာ့ၾကေတာ့မွာမဟုတ္ဘူး။ ငါ့တုန္းက ကိစၥတုိင္း လုိက္ေလ်ာ့ေပးထားခဲ့ရတာ၊ ဒီတုန္းကဘယ္လို၊ ဟုိတုန္းက ဘယ္လို၊ သည္းျငီး ခံတာ မ်ားျပီ၊ ဘာညာနဲ႕ ျပတ္ဆဲတဲ့အထိ ေရာက္ကုန္မွာပဲ

ေယာက္်ားျဖစ္ျဖစ္၊ မိန္းမျဖစ္ျဖစ္။

Personal ဆုိတာ ရွိတယ္။ Privacy ဆုိတာ ရွိတယ္။ Personal နဲ႕ Love က ဘာမွ အကန္႔ေရာစရာကို မရွိတာ။ တကယ္ခ်စ္ရင္ ကုိယ့္ဘက္က လုပ္ေပးရမွာေတြ အမ်ားၾကီး။ ကုိယ့္ရဲ႕ Personal ကုိမွ ေပးျပီး ကုိယ့္စိတ္ကုိယ္ကုိ မြန္းၾကပ္ေအာင္ လုပ္ျခင္းက ၂ ေယာက္စလုံးအတြက္ ေရရွည္မွာ ေရႊထြက္လာမွာ မဟုတ္ဘူး။တစ္သက္လုံး အတူေနလာတဲ့ ကုိယ့္မိသားစု၊ ကုိယ့္ညီအစ္ကို ေမာင္ႏွမေတာင္ ေပးမသိတဲ့ ကိစၥကို အခုမွ ဘဝထဲ ဝင္လာတဲ့သူတစ္ေယာက္ကုိ ဘာလုိ႔ ေပးသိရမွာတုန္း။

မေဟာ္သဓာေတာင္ မိမိရဲ႕ လွဴိ႕ဝွက္တဲ့အေၾကာင္းကုိ ဘယ္သူ႔ကို တုိင္ပင္သင့္လဲဆုိတာကို ဘယ္လုိေျဖရွင္းခဲ့သလဲၾကည့္။ သိန္း၊ ေဒမိန္း၊ ကာဝိန္း၊ ပဂုဒ္ အမတ္ၾကီး (၄) ေယာက္၊ မိမိအေၾကာင္း သူမ်ားသိေတာ့ ဘာအက်ဴိးအျမတ္မွ မရွိဘဲ ေသာက္ရွက္ကြဲတာပဲ အဖက္တင္ခဲ့သလုိေပါ့။ မိမိရဲ႕ Personal, မိမိရဲ႕ Privacy ကုိ ဒီရည္းစားဆုိတဲ့ ေခါင္းစဥ္ေၾကာင့္ အကုန္ခ်ျပစရာကို မလုိတာဗ်ာ။ ေပးသိျပီး ေရႊထြက္ေနရင္ေတာ့ တစ္မ်ဴိးေပါ့။ ေပးသိလုိက္ျပီးမွ စိတ္မြန္းၾကပ္တာေတြ၊ မလြတ္လပ္တာေတြ၊ ျပႆနာတက္မွာေတြပဲ ရမယ့္ ဒီကိစၥမ်ဴိးက ေစာေစာစီးစီးကတည္းက အျပတ္ျဖတ္ထားရမွာ။ ရည္းစားျဖစ္ရင္ Password အလဲအလွယ္ လုပ္ရမယ့္ဆုိတဲ့ အယူမွားၾကီးကုိ ရည္းစားမျဖစ္ခင္ကတည္းက အျပတ္ရွင္းထားရမွာ။

ကုိယ္ေတြ အတြဲကေတာ့ရွင္းတယ္။ ရည္းစားျဖစ္ျပီး တစ္ႏွစ္ခြဲေက်ာ္ျပီးတဲ့အျပင္ ဒီႏွစ္ထဲမွာ အိမ္ေထာင္ျပဳဖုိ႔ေတာင္ စီစဥ္ျပီးျပီ။ အခုထိ တစ္ေယာက္ဖြဘုတ္ password ေပးဖုိ႔မေျပာနဲ႕၊ အနားလာျပီး သူ႔အေကာင့္ဖြင့္သုံးေနရင္ေတာင္ မ်က္စိေလးေစြျပီး မၾကည့္ဘူး။ သူက ၾကည့္ပါဦးဆုိျပီး လာျပရင္ေတာ့ ၾကည့္ေပးလုိက္တယ္။ သူလည္း ကုိယ့္အေပၚထားတဲ့ သေဘာထားက အဲ့အတုိင္းပဲ။ ကုိယ့္အခန္းထဲ ဖြဘုတ္အေကာင့္ ဖြင့္ထားျပီး အိမ္ထဲ ေလွ်ာက္သြားေနရင္ေတာင္ ေယာင္လုိ႔ တစ္ခ်က္ ဝင္မစပ္စုဘူး။ အဲ့ေတာ့ ဘာျဖစ္လဲ။

သူနဲ႕ကုိယ့္မွာ စစ္မွန္တဲ့ ယုံၾကည္မႈဆုိတာကို တည္ေဆာက္ျပီးသား ျဖစ္သြားတာပဲ။ အျပန္အလွန္ ယုံၾကည္လုိ႔ရပါလား ဆုိတဲ့ စိတ္ခံစားခ်က္ အျပည့္ရသြားတာပဲ။ တကယ္လုိအပ္လာရင္၊ တုိင္ပင္ခ်င္လာရင္ ေျပာျပမွာပဲ။ ကုိယ္က အတင္းအၾကပ္ၾကီး သြားျပီး လုၾကည့္ေနစရာကို မလုိတာ။

တကယ့္ Life မွာ လူႏွစ္ေယာက္ေပါင္းဖက္တဲ့အခါ အဲ့ထက္ၾကီးတဲ့ ျပႆနာေတြ အခက္အခဲေပါင္း ေသာင္းေျခာက္ေထာင္ ၾကဳံရဦးမွာ။ စားဝတ္ေနေရး၊ လူမႈေရး၊ စီးပြားေရး၊ ႏွစ္ဖက္မိသားစုအေရး၊ သားေရးသမီးေရး၊ အဲ့လုိ အေရးအရာေပါင္းမ်ားစြာကုိ ဒီႏွစ္ေယာက္ကပဲ အတူတူ ရင္ဆုိင္ေျဖရွင္းရမွာ။ အဲ့လုိ ေရရွည္သြားမယ့္သူက အခုအခ်ိန္ကတည္းက မယုံၾကည္ရရင္၊ ဇယားရႈတ္မွာ ေၾကာက္ေနရရင္၊ ေနာက္လူေနာက္ လြယ္လြယ္ပါသြားမွာ ေၾကာက္ေနရရင္၊ ကုိယ့္ Privacy ကုိ အခုကတည္းက အတင္းအၾကပ္ဆြက္ဖက္မယ့္လူျဖစ္ေနရင္ ကုိယ္နဲ႕မထိုက္တန္တဲ့သူ လုိ႔သာေတြးျပီး ေစာေစာစီးစီးသာ ဇာတ္လမ္းျဖတ္လုိက္ၾကပါေတာ့။ ဒီေလာက္ေလးေတာင္ ခံႏုိင္ရည္ မရွိရင္ ေလာကဒဏ္ကုိ ႏွစ္ေယာက္အတူ ဘယ္လုိ ရင္ဆုိင္ၾကမတုန္း။

Personal ကုိ စြက္ဖက္တဲ့ Love ဆုိရင္ေတာ့ အစစ္၊ ဟုတ္မဟုတ္၊ ကုိယ့္ဘာသာျပန္သုံးသပ္ၾကည့္ၾကပါေလာ့။

Personal နဲ႕ Love ခြဲျခားႏုိင္ၾကပါေစဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer
# Unicode Version ျဖင့္ ဖတ္ပါ #
အဲ့ဒါက ရည်းစားဖြစ်ပြီဆိုတာနဲ့ တစ်ယောက်နဲ့တစ်ယောက် Facebook Password အပြန်အလှန် ပေးကြတဲ့ ကိစ္စပဲ။ ရည်းစားတွေ ဖြစ်ကြပြီဆိုတာနဲ့ ဒီလိုမဖြစ်မနေလုပ်ရမယ်ဆိုတဲ့ အယူမှားကြီးက မြန်မာလူငယ်အတွဲတွေထဲမှာ အမြင်ရဆုံး အဆိုးဆုံးကိစ္စတစ်ခုဖြစ်နေသလိုပဲ။ လုံးဝ အဓိပါယ်မရှိပါဘူး။

ရည်းစားထားတယ်ဆိုတာကို ပြန်စမ်းစစ်ကြည့်ရင် အရေးကြီးဆုံး အကြောင်းပြချက် (၂) ခုပဲရှိတယ်။ တစ်ခုက ပျော်ချင်လို့၊ နောက်တစ်ခုက တစ်ဘဝလုံးအတွက်ရည်ရွယ်ပြီး လက်တွဲချင်လို့။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် Password တွေ ပေးထားကြတဲ့ စုံတွဲတွေကို ကြည့်လိုက်ရင် နောက်ထပ် ယောက်ျားလေး၊ မိန်းကလေးတွေနဲ့ စကားမပြောစေချင်လို့ ဆိုတဲ့အကြောင်းပြချက်ရယ်၊ နောက်ပြီး အဓိက အဆိုးရွားဆုံး အယူလွဲမှုကတော့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု တည်ဆောက်ချင်လို့ ပေးတယ်လို့ ပြောကြတာပဲ။ လုံးဝ အမှားကြီး။

အဲ့ဒါယုံကြည်မှု တည်ဆောက်တာ မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ဘူးဆိုတာကို အချက်ပြလိုက်တာပဲ။

ပြန်စဉ်းစားကြည့်လေ။ ကွယ်ရာမှာ နောက်တစ်ယောက်နဲ့ ဖောက်ပြန်နေမလား မသိဘူးဆိုတဲ့ မယုံကြည်တဲ့ စိတ်ကြောင့် ရည်းစားစ ဖြစ်တာနဲ့ ဒီ Social Media password ကို တောင်းတော့တာပေါ့။ အဲ့လောက်ထိ ကိုယ့်တစ်ယောက်တည်းကိုမှ ချစ်နိုင်ပါ့မလား မသေချာတဲ့၊ မယုံရတဲ့ လူတစ်ယောက်ကို ဘာလို့ ရည်းစားတော် တော့မလဲ။ ရှင်းနေတာကို။

တစ်ဘဝလုံးအတွက် မပြောနဲ့။ အခုကတည်းက တခြားမိန်းကလေး၊ တခြားယောက်ျားလေးနဲ့ စကားပြောပြီး ပါသွားမှာ ကြောက်လို့ ဆိုရင် အခုကတည်းက လမ်းသာခွဲပလိုက်တော့။ ကိုယ့်ကို ချစ်ပါတယ်လို့ ပြောထားတဲ့ ယောက်ျားက နောက်ထပ် မိန်းကလေးနဲ့ စကားပြောလိုက်တာနဲ့ ပါသွားမယ့်လူလို့ ထင်နေရင် အစ ကတည်းက တွဲမနေနဲ့ပေါ့။ ကိုယ်နဲ့ မထိုက်တဲ့လူ၊ ကိုယ့်အဆင့်ကို မမှီတဲ့သူလို့ စိတ်ထဲမှတ်ပြီး စောစောစီးစီးလွှတ်ပေးလိုက်။ နောက်တစ်ယောက်ရှာဖို့တောင် အချိန်ရသေး။

ကိုယ့်ဘဲကိုတော့ ယုံပါရဲ့။ သူ့နားက စနိုက်ကြော်မ တွေကို ကြောက်လို့ Password တောင်းတာဆိုရင်လည်း ကိုယ့်ဘဲက လွယ်လွယ်သာယာတတ်တဲ့ စောက်သုံးမကျတဲ့ကောင်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ ကိုယ့်ဘက် ပြန်ကြည့်ရင်လည်း ဒီယောက်ျားကိုမှ မရရင် ဘဝဆုံးတော့မှာ မို့လို့ အတင်းတွယ်ကပ်နေမှ ဖြစ်မှာမို့လို့ပါလို့ ဝန်ခံလိုက်တဲ့ သဘောဖြစ်မသွားဘူးလား။ နှစ်ယောက်စလုံးက စောက်သုံးမကျတဲ့လူတွေပါလို့ ဝန်ခံလိုက်တဲ့သဘော ဖြစ်သွားတာပါပဲ

ကိုယ့်ရဲ့ Social Media account ထဲမှာ အပေါင်းအသင်းတွေနဲ့ တိုင်ပင်ချင်၊ ပြောချင်တဲ့စကားတွေရှိမယ်။ Like နှိပ်ချင်တဲ့ Page တွေ ရှိရင်ရှိမယ်။ မိသားစုအိမ်တွင်းရေး ကိစ္စတွေရှိရင်ရှိမယ်။ အလုံးစုံတိုင်ပင်လို့ရတဲ့ သူငယ်ချင်းဆိုတာတွေ ရှိရင်ရှိမယ်။ စိတ်လွတ်ကိုယ်လွတ် ဘော်ဒါတွေနဲ့ အယုတ္တအနတ္တတွေ ပြောချင်ရင်ပြောမယ်။

ရည်းစားဖြစ်သွားပြီဆိုတာနဲ့ အဲ့ဒီ့ ရည်းစားက ဘက်စုံကိစ္စတိုင်းကို ဖြေရှင်းပေးမယ့် ကိုယ့်အဖေ၊ ကိုယ့်အမေ၊ ကိုယ့်အစ်ကို၊ ကိုယ့်သူငယ်ချင်း ဖြစ်သွားတာမျိူးမဟုတ်ဘူး။ရည်းစားသည် စွယ်စုံရ ပုဂ္ဂိုလ် မဟုတ်ပါ။

ရည်းစားထားတယ်ဆိုတာ ဘဝမှာ ကြုံသမျှ ကိစ္စ အကြီး၊ အသေးတိုင်း ဒီရည်းစားနဲ့ပဲ တိုင်ပင်ရမယ်လို့ ခေါင်းစဉ်တပ်ပေးလိုက်တာ မဟုတ်ဘူး။ ရည်းစားဆိုတာ ကိုယ့်လက်တွဲဖော်လို့ သတ်မှတ်လို့ရပေမယ့် ကိစ္စတိုင်း အဲ့ဒီ့ ရည်းစားက ဖြေရှင်းပေးနိုင်တာမဟုတ်ဘူး။ တစ်ချိူ့ ယောက်ျားလေးအချင်းချင်း၊ မိန်းကလေးအချင်းချင်းပဲ နားလည်တဲ့ ကိစ္စမျိူး၊ ကိုယ့်ရည်းစား သိလည်း အကျိူးမရှိမယ့်ကိစ္စမျိူးတွေ၊ ယောက်ျားမိန်းမ မတူညီတဲ့ လူမှုရေးအခက်အခဲတွေ၊ ပြောရရင် ခေါင်းစဉ်တွေ တေ်ာတော်များများ ကျန်ဦးမယ်။ အဲ့ကိစ္စတိုင်းကို ရည်းစားဆိုတဲ့တစ်ယောက်က ဟပ်ချလောင်းဆိုပြီး ဖြေရှင်းပေးနိုင်တာ မဟုတ်သလို အဲ့ဒီ့ ရည်းစားပါလာမှ ပိုရှုတ်ကုန်မှာတွေ အများကြီး။

အဲ့ကိစ္စတွေက Facebook Password နဲ့ ဘာဆိုင်လို့လည်းလို့ မေးစရာရှိတယ်။ သိပ်ဆိုင်တာပေါ့။ ပြဿနာအကြီးအမားဆိုတာတွေ အားလုံးက “အမှိုက်ကစ၊ ပြဿဒ်မီးလောင်” အသေးအမွှားဆိုတာကနေပဲ စကြတာ။ အဲ့ဒီ့ အသေးအမွှားဆိုတာကလည်း ဒီဘက်ခေတ် Social Media အပေါ်မှာ ဖြစ်နေတဲ့ ကိစ္စတွေကနေပဲ ဖြစ်ကြတာချည်းပဲ။

ဒီသူငယ်ချင်းနဲ့ပေါင်းတာ မကြိုက်ဘူး။

ဒီလူနဲ့ စကားပြောတာ မကြိုက်ဘူး။

ဘာလို့ ဒီ Group ထဲ ဝင်ထားတာလဲ။

ရှင့်ညီမက မုန့်ဖိုးပဲတောင်းနေတာပဲ။

အဲ့ဒီ့ ဆဲပဲဆဲနေတဲ့ကောင်ကို ဘလော့စမ်းပါ။ မင်းရုံးကကောင်က ည ၉ နာရီလောက်လည်း စကားလာပြောတာပဲလား။ အဲ့ကောင်ပိုက်ဆံချည်းတဲ့ ကိစ္စပြောနေတာ ဘာကြောင့်လဲ။

ဘာမှမဟုတ်တဲ့ သေးသေးမွှားမွှားလေးတွေက စောက်ပြဿနာအကြီးကြီးတွေ တက်မယ့် ခေါင်းစဉ်တွေချည်းပဲ။ လက်ထပ်ဖို့က နောက်ထား၊ ပျော်ချင်လို့ရည်းစားထားပါတယ်ဆိုတဲ့ အဆင့်မှာကတည်းကတင် ကိုယ့်ရည်းစားက ဝင်စွက်ဖက်လို့ စိတ်တွေ မွန်းကြပ်ပြီး ပျော်ရွှင်မှုဆိုတာ စတင် ပျောက်ဆုံးနေရပြီ။

ကဲ။ မလွန်ဆန်နိုင်လို့ သူပြောတဲ့အတိုင်း လိုက်လျောပေးပြီး Block တာတွေ၊ စကားမပြောတာတွေ၊ unfriend လုပ်တာတွေ လုပ်ပေးလိုက်ရတယ်ပဲ ဆိုပါစို့။ အဲ့လူက စိတ်ထဲ ကျေနပ်ပါဦးမလား၊ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ အကုန်လိုက်လျောပေးနေရတယ်ဆိုပြီး မွန်းကြပ်လာမှာပဲ။ လေဗူပေါင်းက ဒီတိုင်းထားလို့ မပေါက်ကွဲဘူး။ တင်းတင်းကြပ်ကြပ် အဖြစ်ညှစ်ခံရတော့မှ ပေါက်ကွဲတာမျိူးပဲ။ လူ့စိတ်ဆိုတာလည်း အဲ့သဘောပဲ။

ဇယားရှုပ်ချင်တဲ့လူက ရှုပ်မှာပဲ။ ကိုယ်ဘယ်လောက် ထိန်းထိန်းအကောင့်သစ်ဖွင့်ပြီး ခြေရှုပ်မှာပဲ။ ဇယားရှှုပ်မယ့်လူက ဖွဘုတ်တင်မကဘူး၊ အပြင်လောကမှာလည်း ဇယားရှုပ်မှာပဲ။ တားလို့ရမှာမဟုတ်ဘူး။ အဲ့လို စရိုက်မကောင်း၊ ဇယားရှုပ်တဲ့ လူမျိူးဆိုရင်တော့ password ကိစ္စတွေ အသာထားဦး။ တစ်ဘဝလုံး လက်တွဲမလား။ စဉ်းစားပေါ့။

ခြေမရှုပ်တဲ့လူ ဖြစ်နေရင်တောင် တစ်ခါတစ်လေ ကိုယ့်အကောင့်က တခြားလူ တစ်ယောက် ဝင်ကြည့်နိုင်တယ်ဆိုတာ သိကြည့်ပါလား။ ဘယ်လောက်တောင် မွန်းကြပ်လိုက်မလဲ။ အပေါင်းအသင်းနဲ့ စကားပြောရင်း ကိုယ့်ရည်းစားအကြောင်းပါလာရင် စကားက ဆက်မပြောရဲတော့တာမျိူး၊ မဟုတ်တမ်းတရားတွေ ပြောရတာမျိူး၊ အဆင်မပြေတဲ့အကြောင်းတွေ ရင်ဖွင့်ချင်တာမျိူးတွေ မလုပ်ရတဲ့အခါ ဘယ်လောက်တောင် မွန်းကြပ် လိုက်မလဲ စဉ်းစားကြည့်ပေါ့။
အဲ့တော့ လွတ်လွတ်လပ်လပ် ဖွဘုတ်သုံးဖို့ အကောင့်သစ်ဖွင့်ထားတာကိုသာ ကိုယ့်ရည်းစားက သိကြည့်ပါလား။ မိုးမီးလောင်ပြီး စောက်ပြဿနာတွေ ပိုတောင်တက်ကုန်ဦးမယ်။ အရင်တုန်းကပေးထားပြီး အခုဟာကို အသိမပေးတော့ဘူးဆိုတော့ ခြေရှုတ်တာလားဆိုပြီး သံသယဝင် ကြ၊ အစွတ်စွဲ ခံရတဲ့ဘက်ကလည်း ငါလည်း ဘာမှမလုပ်ဘဲနဲ့ ဒီလောက်ထိဖြစ်ချင်တာလား၊ ပြတ်ကွာ ဆိုပြီး ပြတ်ဆဲကြ။ စောက်လုပ်တွေကို ရှုတ်နေတာပဲ။ တစ်နေ့တစ်နေ့ Bus ပေါ်တွေမှာ အတွဲတွေ ရန်ဖြစ်လို့ အသံမကြားလိုက်နဲ့။ အဲ့ဒီ့ဖွဘုတ် password ပေးတဲ့ကိစ္စနဲ့၊ password ပြောင်းတဲ့ကိစ္စနဲ့ ဘေးပတ်ဝန်းကျင်တောင် ဂရုမစိုက်ဘဲ သတ်နေကြတာ။ ကိုယ့်အရှက်ကိုယ် ခွဲနေကြတာချည်းပဲ။ တကယ်တမ်း ၂ ယောက်သားရန်ဖြစ်ကြည့်၊ ၂ ယောက်စလုံးက စိတ်တွေ မွန်းကြပ်နေရင် ဘယ်သူ့ဘက်ကမှ လျှော့ကြတော့မှာမဟုတ်ဘူး။ ငါ့တုန်းက ကိစ္စတိုင်း လိုက်လျော့ပေးထားခဲ့ရတာ၊ ဒီတုန်းကဘယ်လို၊ ဟိုတုန်းက ဘယ်လို၊ သည်းငြီး ခံတာ များပြီ၊ ဘာညာနဲ့ ပြတ်ဆဲတဲ့အထိ ရောက်ကုန်မှာပဲ

ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်။

Personal ဆိုတာ ရှိတယ်။ Privacy ဆိုတာ ရှိတယ်။ Personal နဲ့ Love က ဘာမှ အကန့်ရောစရာကို မရှိတာ။ တကယ်ချစ်ရင် ကိုယ့်ဘက်က လုပ်ပေးရမှာတွေ အများကြီး။ ကိုယ့်ရဲ့ Personal ကိုမှ ပေးပြီး ကိုယ့်စိတ်ကိုယ်ကို မွန်းကြပ်အောင် လုပ်ခြင်းက ၂ ယောက်စလုံးအတွက် ရေရှည်မှာ ရွှေထွက်လာမှာ မဟုတ်ဘူး။တစ်သက်လုံး အတူနေလာတဲ့ ကိုယ့်မိသားစု၊ ကိုယ့်ညီအစ်ကို မောင်နှမတောင် ပေးမသိတဲ့ ကိစ္စကို အခုမှ ဘဝထဲ ဝင်လာတဲ့သူတစ်ယောက်ကို ဘာလို့ ပေးသိရမှာတုန်း။

မဟော်သဓာတောင် မိမိရဲ့ လှိူ့ဝှက်တဲ့အကြောင်းကို ဘယ်သူ့ကို တိုင်ပင်သင့်လဲဆိုတာကို ဘယ်လိုဖြေရှင်းခဲ့သလဲကြည့်။ သိန်း၊ ဒေမိန်း၊ ကာဝိန်း၊ ပဂုဒ် အမတ်ကြီး (၄) ယောက်၊ မိမိအကြောင်း သူများသိတော့ ဘာအကျိူးအမြတ်မှ မရှိဘဲ သောက်ရှက်ကွဲတာပဲ အဖက်တင်ခဲ့သလိုပေါ့။ မိမိရဲ့ Personal, မိမိရဲ့ Privacy ကို ဒီရည်းစားဆိုတဲ့ ခေါင်းစဉ်ကြောင့် အကုန်ချပြစရာကို မလိုတာဗျာ။ ပေးသိပြီး ရွှေထွက်နေရင်တော့ တစ်မျိူးပေါ့။ ပေးသိလိုက်ပြီးမှ စိတ်မွန်းကြပ်တာတွေ၊ မလွတ်လပ်တာတွေ၊ ပြဿနာတက်မှာတွေပဲ ရမယ့် ဒီကိစ္စမျိူးက စောစောစီးစီးကတည်းက အပြတ်ဖြတ်ထားရမှာ။ ရည်းစားဖြစ်ရင် Password အလဲအလှယ် လုပ်ရမယ့်ဆိုတဲ့ အယူမှားကြီးကို ရည်းစားမဖြစ်ခင်ကတည်းက အပြတ်ရှင်းထားရမှာ။

ကိုယ်တွေ အတွဲကတော့ရှင်းတယ်။ ရည်းစားဖြစ်ပြီး တစ်နှစ်ခွဲကျော်ပြီးတဲ့အပြင် ဒီနှစ်ထဲမှာ အိမ်ထောင်ပြုဖို့တောင် စီစဉ်ပြီးပြီ။ အခုထိ တစ်ယောက်ဖွဘုတ် password ပေးဖို့မပြောနဲ့၊ အနားလာပြီး သူ့အကောင့်ဖွင့်သုံးနေရင်တောင် မျက်စိလေးစွေပြီး မကြည့်ဘူး။ သူက ကြည့်ပါဦးဆိုပြီး လာပြရင်တော့ ကြည့်ပေးလိုက်တယ်။ သူလည်း ကိုယ့်အပေါ်ထားတဲ့ သဘောထားက အဲ့အတိုင်းပဲ။ ကိုယ့်အခန်းထဲ ဖွဘုတ်အကောင့် ဖွင့်ထားပြီး အိမ်ထဲ လျှောက်သွားနေရင်တောင် ယောင်လို့ တစ်ချက် ဝင်မစပ်စုဘူး။ အဲ့တော့ ဘာဖြစ်လဲ။

သူနဲ့ကိုယ့်မှာ စစ်မှန်တဲ့ ယုံကြည်မှုဆိုတာကို တည်ဆောက်ပြီးသား ဖြစ်သွားတာပဲ။ အပြန်အလှန် ယုံကြည်လို့ရပါလား ဆိုတဲ့ စိတ်ခံစားချက် အပြည့်ရသွားတာပဲ။ တကယ်လိုအပ်လာရင်၊ တိုင်ပင်ချင်လာရင် ပြောပြမှာပဲ။ ကိုယ်က အတင်းအကြပ်ကြီး သွားပြီး လုကြည့်နေစရာကို မလိုတာ။

တကယ့် Life မှာ လူနှစ်ယောက်ပေါင်းဖက်တဲ့အခါ အဲ့ထက်ကြီးတဲ့ ပြဿနာတွေ အခက်အခဲပေါင်း သောင်းခြောက်ထောင် ကြုံရဦးမှာ။ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ နှစ်ဖက်မိသားစုအရေး၊ သားရေးသမီးရေး၊ အဲ့လို အရေးအရာပေါင်းများစွာကို ဒီနှစ်ယောက်ကပဲ အတူတူ ရင်ဆိုင်ဖြေရှင်းရမှာ။ အဲ့လို ရေရှည်သွားမယ့်သူက အခုအချိန်ကတည်းက မယုံကြည်ရရင်၊ ဇယားရှုတ်မှာ ကြောက်နေရရင်၊ နောက်လူနောက် လွယ်လွယ်ပါသွားမှာ ကြောက်နေရရင်၊ ကိုယ့် Privacy ကို အခုကတည်းက အတင်းအကြပ်ဆွက်ဖက်မယ့်လူဖြစ်နေရင် ကိုယ်နဲ့မထိုက်တန်တဲ့သူ လို့သာတွေးပြီး စောစောစီးစီးသာ ဇာတ်လမ်းဖြတ်လိုက်ကြပါတော့။ ဒီလောက်လေးတောင် ခံနိုင်ရည် မရှိရင် လောကဒဏ်ကို နှစ်ယောက်အတူ ဘယ်လို ရင်ဆိုင်ကြမတုန်း။

Personal ကို စွက်ဖက်တဲ့ Love ဆိုရင်တော့ အစစ်၊ ဟုတ်မဟုတ်၊ ကိုယ့်ဘာသာပြန်သုံးသပ်ကြည့်ကြပါလော့။

Personal နဲ့ Love ခွဲခြားနိုင်ကြပါစေဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top