iMyanmarHouse.com - Best Property Website for Myanmar
×




Credit: မြတ်ထွဋ် (မြိတ်)
# Unicode Version ဖြင့် ဖတ်ပါ #
မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာ အ.ထ.က ကျောင်း အနီးတွင် သြဂုတ်လ ၁၃ ရက်၊ နံနက် ၇ နာရီခွဲ ခန့်က ကုန်တင်မှန်လုံကား ၁ စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်းသိရပါတယ်။

တနင်္သာရီမြို့နယ် တကူကျေးရွာဘက်မှ မြိတ်ဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် TIN P/------၊ကုန်တင်မှန်လုံယာဉ်သည် အင်္ဂမော် အ.ထ.က ကျောင်းကုန်းဆင်းအနီး ထန်းပင်ကွေ့အရောက်တွင် လမ်းချော်၍ တိမ်းမှောက်ခဲ့ကြောင်းသိရပါတယ်။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်ပါလာသည့်ဆရာဆရာမ(၄)ဦး၊ အရပ်သား ၁ ဦး၊ ယာဉ်မောင်း ၁ ဦး နှင့် စပယ်ယာ ၁ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြတ်ထွဋ် (မြိတ်)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top