ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အဆိုေတာ္အစၥဏီနဲ႔ စူးရွထက္အမွုမွာ တရားရံုးေျပာင္းေလ်ွာက္ထားမွုကို ပယ္ခ်လိုက္တာနဲ႔ပတ္သက္ျပီး အစၥဏီရဲ႕ ေရွ႕ေနျဖစ္သူက

စူးရွထက္ရဲ႕ ရုံးေျပာင္းေလ်ွာက္ထားမွုအေပၚ ခရိုင္တရားရံုးက မူလတာေမြျမိဳ႕နယ္တရားရံုးကို ျပန္လည္ခ်ေပးပါတယ္။ ရံုးေျပာင္းျခင္းမရွိပါဘူး။ စူးရွထက္ရဲ႕ ေလ်ွာက္ထားမွုကို ပယ္ခဲ့ပါတယ္။ သူေလ်ွာက္ထားတာေတြအားလံုး မမွန္ေၾကာင္းသံုးသပ္ျပီးေတာ့ပယ္လိုက္ပါတယ္။

အမွုကေတာ့ ဘာမွတိုးတက္ရာ တိုးတက္ေၾကာင္း ဆက္လက္ေဆာင္ရြက္ႏိုင္ျခင္း မရွိေသးပါဘူး။ ဘာလို႔လဲဆိုေတာ့ တရားလိုဘက္က ဘာေတြတက္ထားလဲဆိုေတာ့ အားလံုးသိတဲ့အတုိင္း Cele 7 ဟာကို ခရိုင္တရားရံုးကိုတက္တယ္။ ခရုိင္တရားရံုးက အက်ဥ္းနည္းနဲ႔ ပလွပ္တယ္ အဲဒါကို မေက်နပ္လို႔ တိုင္းေဒသၾကီးတရားလႊတ္ေတာ္ကို တက္ေရာက္ထားတယ္။

တိုင္းေဒသၾကီးက ယခုအမွုတြဲကိုေတာင္းေခၚယူထားတဲ့အတြက္ အမွုဆက္လက္စစ္ေဆးဖုိ႔ မျဖစ္ႏုိင္ပါဘူး။ အမွုကေတာ့ ဒီလိုပဲဆက္သြားေနမယ္။ အမွုကေတာ့ အခ်ဳပ္နဲ႔ပဲ က်န္းမာေရးဆိုးဆိုးရြားရြားနဲ႔ပဲ ဆက္ရင္ဆိုင္ရမယ္ဆိုတဲ့ အေနအထားပဲေေပၚေပါက္မွာပါ

အစၥဏီဟာ အခ်ဳပ္ထဲမွာ က်န္းမာေရးမေကာင္းျဖစ္လ်ွက္ရွိပါတယ္။ နွလံုးအဆို႔ရွင္က်ယ္ေနတဲ့အစၥဏီအတြက္ ေဆးဝါးကုသမွုကိုေတာ့ အခ်ဳပ္ထဲမွာပဲ ခံယူရမွာျဖစ္ျပီးယခုလက္ရွိအမွုကို ဆက္လက္ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။ ယခုလို အမွုၾကန္႔ၾကာမွုေတြျဖစ္ေနျခင္းဟာ က်န္းမာေရးမေကာင္းတဲ့ အစၥဏီအတြက္ ပိုမိုဆိုးရြားမွုေတြကိုျဖစ္ေစတာပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Interview From Cele Yatkwat & We love cele

#Unicode Version#
အဆိုတော်အစ္စဏီနဲ့ စူးရှထက်အမှုမှာ တရားရုံးပြောင်းလျှောက်ထားမှုကို ပယ်ချလိုက်တာနဲ့ပတ်သက်ပြီး အစ္စဏီရဲ့ ရှေ့နေဖြစ်သူက

စူးရှထက်ရဲ့ ရုံးပြောင်းလျှောက်ထားမှုအပေါ် ခရိုင်တရားရုံးက မူလတာမွေမြို့နယ်တရားရုံးကို ပြန်လည်ချပေးပါတယ်။ ရုံးပြောင်းခြင်းမရှိပါဘူး။ စူးရှထက်ရဲ့ လျှောက်ထားမှုကို ပယ်ခဲ့ပါတယ်။ သူလျှောက်ထားတာတွေအားလုံး မမှန်ကြောင်းသုံးသပ်ပြီးတော့ပယ်လိုက်ပါတယ်။

အမှုကတော့ ဘာမှတိုးတက်ရာ တိုးတက်ကြောင်း ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ တရားလိုဘက်က ဘာတွေတက်ထားလဲဆိုတော့ အားလုံးသိတဲ့အတိုင်း Cele 7 ဟာကို ခရိုင်တရားရုံးကိုတက်တယ်။ ခရိုင်တရားရုံးက အကျဉ်းနည်းနဲ့ ပလှပ်တယ် အဲဒါကို မကျေနပ်လို့ တိုင်းဒေသကြီးတရားလွှတ်တော်ကို တက်ရောက်ထားတယ်။

တိုင်းဒေသကြီးက ယခုအမှုတွဲကိုတောင်းခေါ်ယူထားတဲ့အတွက် အမှုဆက်လက်စစ်ဆေးဖို့ မဖြစ်နိုင်ပါဘူး။ အမှုကတော့ ဒီလိုပဲဆက်သွားနေမယ်။ အမှုကတော့ အချုပ်နဲ့ပဲ ကျန်းမာရေးဆိုးဆိုးရွားရွားနဲ့ပဲ ဆက်ရင်ဆိုင်ရမယ်ဆိုတဲ့ အနေအထားပဲေပေါ်ပေါက်မှာပါ

အစ္စဏီဟာ အချုပ်ထဲမှာ ကျန်းမာရေးမကောင်းဖြစ်လျှက်ရှိပါတယ်။ နှလုံးအဆို့ရှင်ကျယ်နေတဲ့အစ္စဏီအတွက် ဆေးဝါးကုသမှုကိုတော့ အချုပ်ထဲမှာပဲ ခံယူရမှာဖြစ်ပြီးယခုလက်ရှိအမှုကို ဆက်လက်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ယခုလို အမှုကြန့်ကြာမှုတွေဖြစ်နေခြင်းဟာ ကျန်းမာရေးမကောင်းတဲ့ အစ္စဏီအတွက် ပိုမိုဆိုးရွားမှုတွေကိုဖြစ်စေတာပဲဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Interview From Cele Yatkwat & We love cele
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top