ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ကမၻာေပၚက အႀကီးက်ယ္အခမ္းနားဆံုးအသင္းေတြထဲက တစ္သင္းျဖစ္တယ္လုိ႔ ယူဆျခင္းခံထားရပါတယ္။ သမုိင္းအစဥ္အလာႀကီးမားၿပီး ကမၻာေပၚမွာ ပရိသတ္အမ်ားဆံုးအားေပးတဲ့အသင္းတစ္သင္းျဖစ္တာနဲ႔အညီ စပိန္လာလီဂါထိပ္သီးအသင္းႀကီးေတြျဖစ္တဲ့ ဘာစီလုိနာ၊ ရီးရဲမက္ဒရစ္တို႔နဲ႔အတူ ထိပ္သီးအသင္းႀကီးအျဖစ္ မွတ္ယူခံထားရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းကို ၂၆ ႏွစ္ၾကာနည္းျပခဲ့ၿပီး အသင္းရဲ႕ဆုဖလားဗီဒိုကို ေအာင္ျမင္မႈေတြ ျပည့္ႏွက္ေစခဲ့တဲ့ ဂႏၱဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ဟာ ကမၻာ့အေကာင္းဆံုးနည္းျပေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံထားရသူျဖစ္ပါတယ္။ ဖာဂူဆန္ဟာ အသင္းအတြက္ အမွန္တကယ္လိုအပ္တဲ့ကစားသမားေတြကို ဝယ္ယူခဲ့ၿပီး အသင္းရဲ႕ကစားသမားအခ်ိဳ႕ကိုလည္း အျခားအသင္းေတြကို ေရာင္းသင့္တဲ့အခ်ိန္မွာ ေရာင္းထုတ္ခဲ့ပါတယ္။ အဲဒီလိုလုပ္ရပ္ေတြကပဲ ဖာဂူဆန္ကို ပရီးမီးယားလိဂ္ဖလား ၁၃ ႀကိမ္၊ အက္ဖ္ေအဖလား ၅ ႀကိမ္၊ ဥေရာပခ်န္ပီယံလိဂ္ ၂ ႀကိမ္ အပါအဝင္ စုစုေပါင္းဆုဖလား ၃၈ လံုးအထိ ကိုင္ေျမွာက္ႏုိင္ေစခဲ့ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ မေရမတြက္ႏုိင္ေလာက္ေအာင္ ဂႏၱဝင္ကစားသမားေတြကို ေမြးထုတ္ေပးခဲ့တဲ့အသင္းျဖစ္ၿပီး ရိုင္ယန္ဂစ္၊ ေပါလ္စခုိး၊ ေဒးဗစ္ဘက္ခမ္းစတဲ့ ကမၻာ့ထိပ္တန္းအဆင့္ကစားသမားေတြကို ေမြးထုတ္ေပးႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ ဘယ္သူကမွ ၿပီးျပည့္စံုမႈမရွိဘူးဆိုတဲ့ စကားအတုိင္းပဲ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ဂႏၱဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ဟာ မေရာင္းသင့္တဲ့ကစားသမားေတြကို ေရာင္းထုတ္မိတဲ့အတြက္ ေနာင္တရခဲ့ပါတယ္။

၃။ ဂ်ရတ္ပီေကး

ဂ်ရတ္ပီေကးဟာ ဘာစီလိုနာလူငယ္အကယ္ဒမီကေန မန္ခ်က္စတာယူႏိုက္တက္လူငယ္အကယ္ဒမီကို ၂၀၀၄ ခုႏွစ္မွာ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး လူငယ္အသင္းနဲ႔ပထမအသင္းႀကီး ၂ သင္းစလံုးမွာ ေရြးခ်ယ္ခံခဲ့ရပါတယ္။ အဲဒီအခ်ိန္တုန္းက ပီေကးဟာ ဘယ္ေလာက္အထိ ေအာင္ျမင္ႏုိင္မလဲဆုိတာ ဘယ္သူကမွ ေသေသခ်ာခ်ာမသိခဲ့ၾကပါဘူး။ ၂၀၀၈ ခုႏွစ္မွာေတာ့ အိမ္လြမ္းတဲ့ေဝဒနာခံစားေနရတဲ့ပီေကးဟာ ဘာစီလိုနာအသင္းထံ ျပန္လည္ေျပာင္းေရႊ႕သြားခဲ့ပါတယ္။ ပီေကးဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ဗဟိုခံစစ္ကစားသမားေတြျဖစ္တဲ့ ရီယိုဖာဒီနန္နဲ႔ ဗီဒစ္တိုု႔ကို ယွဥ္ၿပိဳင္ႏုိင္ျခင္းမရွိတာေၾကာင့္ ပြဲထြက္ခြင့္မရခဲ့ဘဲ အသင္းကေန ထြက္ခြာဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

    ေရာ္နယ္ဒိုရဲ႕အားကစားသမားပီသတဲ့စိတ္ဓာတ္ေၾကာင့္ ေက်းဇူးတင္စကားဆုိလုိက္တဲ့ ဆုိရန္တီႏို

ပီေကးဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔အတူရွိေနခဲ့တဲ့ ၄ ႏွစ္တာကာလအတြင္း ၁၂ ပြဲသာ ပါဝင္ကစားခြင့္ရရွိခဲ့ၿပီး ေနာက္ဆံုးရာသီမွာ ဇာရာဂိုဇာအသင္းကို အငွားခ်ခဲ့ရပါတယ္။ ပီေကးကို ေရာင္းထုတ္ဖို႔ ဆံုးျဖတ္ခဲ့တဲ့ နည္းျပႀကီး ဖာဂူဆန္ကို ဘယ္သူကမွ ျပစ္တင္ေဝဖန္ခဲ့ျခင္းမျပဳခဲ့ၾကေပမယ့္ ဘာစီလိုနာအသင္းကို ေရာင္းခ်မိတဲ့အတြက္ မန္ယူပရိသတ္ေတြအေနနဲ႔ ယခုအထိ ေနာင္တရေနဆဲျဖစ္ပါတယ္။

၂။ ေပါ့ဂ္ဘာ


ေပါ့ဂ္ဘာဟာ ဂ်ဴဗင္တပ္အသင္းအတြက္ ကစားေပးရင္း ကမၻာ့အေကာင္းဆံုးကြင္းလယ္ကစားသမားတစ္ေယာက္ ျဖစ္လာခဲ့သူျဖစ္ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ေပါ့ဂ္ဘာကို ျပန္လည္ေခၚယူခ်င္စိတ္ ျပင္းျပခဲ့ၿပီး ေနာက္ဆံုးမွာေတာ့ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေပးၿပီး ေပါ့ဂ္ဘာကို ျပန္လည္ေခၚယူႏုိင္ခဲ့ပါတယ္။ ေပါ့ဂ္ဘာဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ၂၀၀၉ ခုႏွစ္မွာ ေရာက္ရွိလာသူျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ပြဲဦးထြက္ကစားခြင့္ရခဲ့တာကေတာ့ ၂၀၁၂ ခုႏွစ္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ေပါ့ဂ္ဘာဟာ ပြဲကစားခြင့္မ်ားမ်ားမရရွိခဲ့ဘဲ ေနာက္ဆံုးမွာေတာ့ ဂ်ဴဗင္တပ္အသင္းကို ေရာင္းခ်ျခင္းခံခဲ့ရပါတယ္။ ဂ်ဴဗင္တပ္အသင္းဟာ ေပါ့ဂ္ဘာကို ေမြးထုတ္ေပးခဲ့တဲ့ မန္ယူအကယ္ဒမီရဲ႕ကုန္က်စရိတ္အတြက္ ေပါင္ ၈ သိန္း နစ္နာေၾကးေပးၿပီး ေခၚယူခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္အသင္းကို ေပါ့ဂ္ဘာေျပာင္းေရႊ႕ဖုိ႔ အဓိကႀကိဳးကိုင္ခဲ့သူကေတာ့ ေအးဂ်င့္ မိုင္ႏိုရြိဳင္အုိလာျဖစ္ပါတယ္။ ဖာဂူဆန္ကိုယ္တုိင္ေရးသားထုတ္ေဝတဲ့ ၎ရဲ႕အထၳဳပတၱိစာအုပ္ထဲမွာ ယင္းေအးဂ်င့္ကို မႏွစ္သက္ေၾကာင္း ေရးသားထားပါတယ္။


၁။ ခရစ္စတီယာႏုိေရာ္နယ္ဒို


ေဘာလံုးသမုိင္းမွာ ႀကီးမားတဲ့သက္ေရာက္မႈရွိခဲ့တဲ့ အေျပာင္းအေရႊ႕ကို ျပပါဆုိရင္ ယင္းအခ်ိန္က ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ရီးရဲမက္ဒရစ္အသင္းကို ေျပာင္းေရႊ႕သြားတဲ့ ခရစ္စတီယာႏုိေရာ္နယ္ဒိုရဲ႕ အေျပာင္းအေရႊ႕ကို ျပရမွာျဖစ္ပါတယ္။ ေပါင္သန္း ၈၀ ဆုိတာ မ်ားျပားလြန္းတဲ့ေငြေၾကးပမာဏျဖစ္ေပမယ့္ ကစားသမားေကာင္းရင္ ေငြမႏွေျမာတတ္တဲ့ ရီးရဲမက္ဒရစ္အသင္းအတြက္ကေတာ့ ေအးေဆးပဲလုိ႔ ေျပာရမယ့္ပမာဏျဖစ္ပါတယ္။ မန္ယူအသင္းရဲ႕နည္းျပႀကီး ဖာဂူဆန္ဟာ ၂၀၀၃ ခုႏွစ္က စပို႔တင္းလစၥဘြန္းကေန ေပါင္ ၁၂ သန္းနဲ႔ ေခၚယူခဲ့တဲ့ ခရစ္စတီယာႏုိေရာ္နယ္ဒိုဆုိတဲ့ လူငယ္ၾကယ္ပြင့္ေလးရဲ႕အေျပာင္းအေရႊ႕ဟာ ေဘာလံုးေလာကကို ေျပာင္းလဲသြားေစခဲ့ပါတယ္။ ခရစ္စတီယာႏုိေရာ္နယ္ဒိုဟာ ကမၻာေပၚက အေကာင္းဆံုးကစားသမားျဖစ္လာခဲ့ၿပီး ရီးရဲမက္ဒရစ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္ ရရွိခဲ့ၿပီး ဘလြန္းဒီေအာ္ဆုကို ၄ ႀကိမ္ ဆြတ္ခူးႏုိင္ခဲ့ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ေရာ္နယ္ဒိုမရွိဘဲ ဆုဖလားေတြ ရယူႏိုင္တယ္ဆုိေပမယ့္ အရင္ကနဲ႔ မတူေတာ့ပါဘူး။ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ေရာ္နယ္ဒိုဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၇ နဲ႔ ထုိက္တန္တဲ့ ကစားသမားကို ရွာေဖြဖုိ႔ လက္ရွိအခ်ိန္အထိ ရုန္းကန္ေနရဆဲျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version #
မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာပေါ်က အကြီးကျယ်အခမ်းနားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တယ်လို့ ယူဆခြင်းခံထားရပါတယ်။ သမိုင်းအစဉ်အလာကြီးမားပြီး ကမ္ဘာပေါ်မှာ ပရိသတ်အများဆုံးအားပေးတဲ့အသင်းတစ်သင်းဖြစ်တာနဲ့အညီ စပိန်လာလီဂါထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရဲမက်ဒရစ်တို့နဲ့အတူ ထိပ်သီးအသင်းကြီးအဖြစ် မှတ်ယူခံထားရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကို ၂၆ နှစ်ကြာနည်းပြခဲ့ပြီး အသင်းရဲ့ဆုဖလားဗီဒိုကို အောင်မြင်မှုတွေ ပြည့်နှက်စေခဲ့တဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဖာဂူဆန်ဟာ အသင်းအတွက် အမှန်တကယ်လိုအပ်တဲ့ကစားသမားတွေကို ဝယ်ယူခဲ့ပြီး အသင်းရဲ့ကစားသမားအချို့ကိုလည်း အခြားအသင်းတွေကို ရောင်းသင့်တဲ့အချိန်မှာ ရောင်းထုတ်ခဲ့ပါတယ်။ အဲဒီလိုလုပ်ရပ်တွေကပဲ ဖာဂူဆန်ကို ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်၊ အက်ဖ်အေဖလား ၅ ကြိမ်၊ ဥရောပချန်ပီယံလိဂ် ၂ ကြိမ် အပါအဝင် စုစုပေါင်းဆုဖလား ၃၈ လုံးအထိ ကိုင်မြှောက်နိုင်စေခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ မရေမတွက်နိုင်လောက်အောင် ဂန္တဝင်ကစားသမားတွေကို မွေးထုတ်ပေးခဲ့တဲ့အသင်းဖြစ်ပြီး ရိုင်ယန်ဂစ်၊ ပေါလ်စခိုး၊ ဒေးဗစ်ဘက်ခမ်းစတဲ့ ကမ္ဘာ့ထိပ်တန်းအဆင့်ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ပြီးပြည့်စုံမှုမရှိဘူးဆိုတဲ့ စကားအတိုင်းပဲ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ မရောင်းသင့်တဲ့ကစားသမားတွေကို ရောင်းထုတ်မိတဲ့အတွက် နောင်တရခဲ့ပါတယ်။

၃။ ဂျရတ်ပီကေး

ဂျရတ်ပီကေးဟာ ဘာစီလိုနာလူငယ်အကယ်ဒမီကနေ မန်ချက်စတာယူနိုက်တက်လူငယ်အကယ်ဒမီကို ၂၀၀၄ ခုနှစ်မှာ ရောက်ရှိလာခဲ့သူဖြစ်ပြီး လူငယ်အသင်းနဲ့ပထမအသင်းကြီး ၂ သင်းစလုံးမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ပီကေးဟာ ဘယ်လောက်အထိ အောင်မြင်နိုင်မလဲဆိုတာ ဘယ်သူကမှ သေသေချာချာမသိခဲ့ကြပါဘူး။ ၂၀၀၈ ခုနှစ်မှာတော့ အိမ်လွမ်းတဲ့ဝေဒနာခံစားနေရတဲ့ပီကေးဟာ ဘာစီလိုနာအသင်းထံ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။ ပီကေးဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ ရီယိုဖာဒီနန်နဲ့ ဗီဒစ်တိုု့ကို ယှဉ်ပြိုင်နိုင်ခြင်းမရှိတာကြောင့် ပွဲထွက်ခွင့်မရခဲ့ဘဲ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

    ရော်နယ်ဒိုရဲ့အားကစားသမားပီသတဲ့စိတ်ဓာတ်ကြောင့် ကျေးဇူးတင်စကားဆိုလိုက်တဲ့ ဆိုရန်တီနို

ပီကေးဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူရှိနေခဲ့တဲ့ ၄ နှစ်တာကာလအတွင်း ၁၂ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး နောက်ဆုံးရာသီမှာ ဇာရာဂိုဇာအသင်းကို အငှားချခဲ့ရပါတယ်။ ပီကေးကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နည်းပြကြီး ဖာဂူဆန်ကို ဘယ်သူကမှ ပြစ်တင်ဝေဖန်ခဲ့ခြင်းမပြုခဲ့ကြပေမယ့် ဘာစီလိုနာအသင်းကို ရောင်းချမိတဲ့အတွက် မန်ယူပရိသတ်တွေအနေနဲ့ ယခုအထိ နောင်တရနေဆဲဖြစ်ပါတယ်။

၂။ ပေါ့ဂ်ဘာ


ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်အသင်းအတွက် ကစားပေးရင်း ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ယောက် ဖြစ်လာခဲ့သူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူချင်စိတ် ပြင်းပြခဲ့ပြီး နောက်ဆုံးမှာတော့ စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၀၉ ခုနှစ်မှာ ရောက်ရှိလာသူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ပွဲဦးထွက်ကစားခွင့်ရခဲ့တာကတော့ ၂၀၁၂ ခုနှစ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ပေါ့ဂ်ဘာဟာ ပွဲကစားခွင့်များများမရရှိခဲ့ဘဲ နောက်ဆုံးမှာတော့ ဂျူဗင်တပ်အသင်းကို ရောင်းချခြင်းခံခဲ့ရပါတယ်။ ဂျူဗင်တပ်အသင်းဟာ ပေါ့ဂ်ဘာကို မွေးထုတ်ပေးခဲ့တဲ့ မန်ယူအကယ်ဒမီရဲ့ကုန်ကျစရိတ်အတွက် ပေါင် ၈ သိန်း နစ်နာကြေးပေးပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းကို ပေါ့ဂ်ဘာပြောင်းရွှေ့ဖို့ အဓိကကြိုးကိုင်ခဲ့သူကတော့ အေးဂျင့် မိုင်နိုရွိုင်အိုလာဖြစ်ပါတယ်။ ဖာဂူဆန်ကိုယ်တိုင်ရေးသားထုတ်ဝေတဲ့ ၎င်းရဲ့အထ္ထုပတ္တိစာအုပ်ထဲမှာ ယင်းအေးဂျင့်ကို မနှစ်သက်ကြောင်း ရေးသားထားပါတယ်။


၁။ ခရစ်စတီယာနိုရော်နယ်ဒို


ဘောလုံးသမိုင်းမှာ ကြီးမားတဲ့သက်ရောက်မှုရှိခဲ့တဲ့ အပြောင်းအရွှေ့ကို ပြပါဆိုရင် ယင်းအချိန်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားတဲ့ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကို ပြရမှာဖြစ်ပါတယ်။ ပေါင်သန်း ၈၀ ဆိုတာ များပြားလွန်းတဲ့ငွေကြေးပမာဏဖြစ်ပေမယ့် ကစားသမားကောင်းရင် ငွေမနှမြောတတ်တဲ့ ရီးရဲမက်ဒရစ်အသင်းအတွက်ကတော့ အေးဆေးပဲလို့ ပြောရမယ့်ပမာဏဖြစ်ပါတယ်။ မန်ယူအသင်းရဲ့နည်းပြကြီး ဖာဂူဆန်ဟာ ၂၀၀၃ ခုနှစ်က စပို့တင်းလစ္စဘွန်းကနေ ပေါင် ၁၂ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဆိုတဲ့ လူငယ်ကြယ်ပွင့်လေးရဲ့အပြောင်းအရွှေ့ဟာ ဘောလုံးလောကကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဖြစ်လာခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ရရှိခဲ့ပြီး ဘလွန်းဒီအော်ဆုကို ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုမရှိဘဲ ဆုဖလားတွေ ရယူနိုင်တယ်ဆိုပေမယ့် အရင်ကနဲ့ မတူတော့ပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ရ နဲ့ ထိုက်တန်တဲ့ ကစားသမားကို ရှာဖွေဖို့ လက်ရှိအချိန်အထိ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top