iMyanmarHouse.com - Best Property Website for Myanmar
×
Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
ပရိသတ်ကြီးရေ အကယ်ဒမီဆုများရှင် မို့မို့မြင့်အောင်ကတော့ ငယ်ရွယ်တဲ့ဆယ်ကျော်သက် အနုပညာရှင်မင်းသမီးဘဝထဲက သရုပ်ဆောင်ကောင်းတာကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်ဝန်းရံအားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ ဒါ့အပြင် အဖြူအမဲရုပ်ရှင်ခေတ်ထဲက မမို့ရဲ့ဖက်ရှင်တွေကလည်း ယနေ့ခေတ်ဖက်ရှင်တွေ မယှဉ်နိုင်လောက်အောင် ခေတ်မှီခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ဖက်ရှင်ဘုရင်မလို့ တင်စားခေါ်ဝေါ်ခြင်း ခံရသူလည်း ဖြစ်ပါတယ်။
ယနေ့အချိန်ထိ ဆယ်ကျော်သက်အနုပညာရှင်တွေကို အမှီလိုက်နိုင်တဲ့သူမက အံ့အားသင့်စရာကောင်းလောက်တဲ့ လန်းဆန်းနုပျိုမှုတွေကို ပိုင်ဆိုင်ထားပါသေးတယ်။ လတ်တလောမှာ သူမက ရုပ်ရှင်ကားတွေလည်း ရိုက်ကူးနေပြီး မြန်မာနိုင်ငံရဲ့ စိတ်ဝင်စားမှုအများဆုံး ရရှိထားတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Myanmar Got Talent ပြိုင်ပွဲကြီးမှာလည်း ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တစ်ပတ်နဲ့တစ်ပတ်မတူညီတဲ့ ပြိုင်ပွဲဝင်တွေရဲ့ Talent တွေအပြင် မမို့ရဲ့ အမိုက်စားဖက်ရှင်တွေကိုလည်း မြင်တွေ့ရပါတယ်။
အခုလည်း မမို့က “Myanmar Got Talent Semi Final Fourth week” မှာ နတ်သမီးလေးတစ်ပါးလို ရွှေအဆင်းနဲ့လှပနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ မိတ်ကပ်မထက်ရဲ့ ပြင်ဆင်ခြယ်သမှုနဲ့ မမို့ရဲ့ပင်ကိုယ်နုပျိုတဲ့အလှတို့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ပရိသတ်တွေရဲ့အသည်းတစ်ခုလုံး ကြွေဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း ဖက်ရှင်ဘုရင်မ မို့မို့မြင်ေ့အာင်ရဲ့အလှတရားတွေကို ရှုစားဖို့ ဝေမျှပေးလိုက်ပါတယ်နော်။
Source: Ma Htet & May Thu Htun;
ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top