iMyanmarHouse.com - Best Property Website for Myanmar
×

႐ုရွားႏုိင္ငံမွာ က်င္းပေနတဲ့ ႏိုင္ငံတကာ စစ္ေရးစြမ္းရည္ၿပိဳင္ပြဲ International Army Games-2018 မွာ ျမန္မာ့တပ္မေတာ္ ေဆးတပ္ဖြဲ႔က ႏုိင္ငံအလိုက္အဆင့္ ၆ ေနရာရွိခဲ့တယ္လို႔ တပ္မေတာ္က သတင္းထုတ္ပါတယ္။

ဇူလိုင္ ၂၈ ရက္မွ ၾသဂုတ္ ၁၁ ရက္အထိ က်င္းပတဲ့ ဒီၿပိဳင္ပြဲသုိ႔ ျမန္မာ့တပ္မေတာ္က တင့္တပ္ဖြဲ႔၊ ေဆးတပ္ဖြဲ႔နဲ႔ လက္ေျဖာင့္ေသနတ္ပစ္တပ္ဖြဲ႔အျပင္ ယဥ္ေက်းမႈအဖြဲ႔ကလည္း ပါဝင္ယွဥ္ၿပိဳင္ေနတာပါ။

ၿပဳိင္ပြဲမွာ ျမန္မာ့တပ္မေတာ္ ေဆးတပ္ဖြဲ႔က ၿပဳိင္ပြဲအမ်ိဳးအစား ၁၀ မ်ိဳးမွာ ေဆးမႉး၊ သူနာျပဳနဲ႔ ယာဥ္ေမာင္းအဖြဲ႔ဝင္ ၁၇ ဦးတုိ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာမွာ ၿပိဳင္ပြဲဝင္ႏိုင္ငံ ၉ ႏုိင္ငံ၊ ၿပိဳင္ပြဲဝင္အသင္း ၁၀ သင္းအနက္ ႏုိင္ငံအလိုက္အဆင့္ ၆ ေနရာ ရပ္တည္ႏုိင္ခဲ့ပါတယ္။

ေဆးမႉးအမ်ိဳးသား၊ အမ်ိဳးသမီး အေရးေပၚေဆး႐ုံၿပိဳင္ပြဲမွာ အမ်ိဳးသားေဆးမႉး ဗိုလ္မင္းျမင့္ေက်ာ္ေဇာက ႏုိင္ငံအလိုက္အဆင့္ ၄ ေနရာနဲ႔ အမ်ိဳးသမီးေဆးမႉး ဗိုလ္ေဖြမြန္မ်ိဳးက အဆင့္ ၅ ေနရာမွာ ရပ္တည္ခဲ့တယ္လို႔ တပ္မေတာ္သတင္းအရ သိရပါတယ္။

ျမန္မာ့တပ္မေတာ္တင့္တပ္ဖြဲ႔ကေတာ့ Tank Biathlon တင့္ကားေမာင္းႏွင္ပစ္ခတ္ ၿပိဳင္ပြဲသို႔ အဖြဲ႕၀င္ ၂၁ ဦးနဲ႔ ၀င္ၿပိဳင္ခဲ့ကာ ႏိုင္ငံ ၂၂ ႏုိင္ငံ အနက္ အဆင့္ ၁၆ ေနရာ ရခဲ့ပါတယ္။

ျမန္မာ့တပ္မေတာ္ လက္ေျဖာင့္ေသနတ္ပစ္ တပ္ဖြဲ႔ကေတာ့ အဖြဲ႔ဝင္ ၉ ဦး ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ရာ ႏုိင္ငံ ၁၈ ႏုိင္ငံအနက္ အဆင့္ ၁၁ ေနရာ ရပါတယ္။

ဒီၿပဳိင္ပြဲနဲ႔ ဆက္စပ္ၿပိဳင္ပြဲျဖစ္တဲ့ Creative Competition ၿပိဳင္ပြဲဝင္ ျမန္မာ့တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႔ကေတာ့ ‘သက္ေဝ’ သီခ်င္းကို ျမန္မာ့တူရိယာေစာင္းနဲ႔ သီဆုိတီးခတ္တာ၊ ဦးေရႊ႐ုိးအက၊ ႏွစ္ပါးသြားအက စတာေတြနဲ႔ ဝင္ၿပိဳင္ေနၿပီး ပြဲစဥ္ (၁) ယွဥ္ၿပိဳင္အၿပီး ႏုိင္ငံအလုိက္ အဆင့္ ၂ ေနရာ ရပ္တည္ေနပါတယ္။

အခုႏွစ္ ႏိုင္ငံတကာ စစ္ေရးစြမ္းရည္ၿပဳိင္ပြဲမွာ ႏုိင္ငံေပါင္း ၃၃ ႏုိင္ငံက ၿပိဳင္ပြဲအမ်ိဳးအစား ၂၈ မ်ိဳးကို ႐ုရွား၊ တ႐ုတ္၊ အဇာဘုိင္ဂ်န္၊ အာေမးနီးယား၊ ဘီလာ႐ုစ္၊ အီရန္၊ ကာဇက္စတန္ႏိုင္ငံေတြမွာ ေနရာခြဲ က်င္းပေနတာျဖစ္ၿပီး ျမန္မာအေနနဲ႔ ပထမဆုံးအႀကိမ္ ဝင္ၿပဳိင္တာ ျဖစ္ပါတယ္။

ဓာတ္ပံု-CINCDS
ဖိုးသူေတာ္ (www.phothutaw.com)
Credit: BurmeseAsia

#Unicode Version#
ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ စစ်ရေးစွမ်းရည်ပြိုင်ပွဲ International Army Games-2018 မှာ မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့က နိုင်ငံအလိုက်အဆင့် ၆ နေရာရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။

ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၁၁ ရက်အထိ ကျင်းပတဲ့ ဒီပြိုင်ပွဲသို့ မြန်မာ့တပ်မတော်က တင့်တပ်ဖွဲ့၊ ဆေးတပ်ဖွဲ့နဲ့ လက်ဖြောင့်သေနတ်ပစ်တပ်ဖွဲ့အပြင် ယဉ်ကျေးမှုအဖွဲ့ကလည်း ပါဝင်ယှဉ်ပြိုင်နေတာပါ။

ပြိုင်ပွဲမှာ မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့က ပြိုင်ပွဲအမျိုးအစား ၁၀ မျိုးမှာ ဆေးမှူး၊ သူနာပြုနဲ့ ယာဉ်မောင်းအဖွဲ့ဝင် ၁၇ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ပြိုင်ပွဲဝင်နိုင်ငံ ၉ နိုင်ငံ၊ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းအနက် နိုင်ငံအလိုက်အဆင့် ၆ နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဆေးမှူးအမျိုးသား၊ အမျိုးသမီး အရေးပေါ်ဆေးရုံပြိုင်ပွဲမှာ အမျိုးသားဆေးမှူး ဗိုလ်မင်းမြင့်ကျော်ဇောက နိုင်ငံအလိုက်အဆင့် ၄ နေရာနဲ့ အမျိုးသမီးဆေးမှူး ဗိုလ်ဖွေမွန်မျိုးက အဆင့် ၅ နေရာမှာ ရပ်တည်ခဲ့တယ်လို့ တပ်မတော်သတင်းအရ သိရပါတယ်။

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ကတော့ Tank Biathlon တင့်ကားမောင်းနှင်ပစ်ခတ် ပြိုင်ပွဲသို့ အဖွဲ့ဝင် ၂၁ ဦးနဲ့ ဝင်ပြိုင်ခဲ့ကာ နိုင်ငံ ၂၂ နိုင်ငံ အနက် အဆင့် ၁၆ နေရာ ရခဲ့ပါတယ်။

မြန်မာ့တပ်မတော် လက်ဖြောင့်သေနတ်ပစ် တပ်ဖွဲ့ကတော့ အဖွဲ့ဝင် ၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံ ၁၈ နိုင်ငံအနက် အဆင့် ၁၁ နေရာ ရပါတယ်။

ဒီပြိုင်ပွဲနဲ့ ဆက်စပ်ပြိုင်ပွဲဖြစ်တဲ့ Creative Competition ပြိုင်ပွဲဝင် မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ကတော့ ‘သက်ဝေ’ သီချင်းကို မြန်မာ့တူရိယာစောင်းနဲ့ သီဆိုတီးခတ်တာ၊ ဦးရွှေရိုးအက၊ နှစ်ပါးသွားအက စတာတွေနဲ့ ဝင်ပြိုင်နေပြီး ပွဲစဉ် (၁) ယှဉ်ပြိုင်အပြီး နိုင်ငံအလိုက် အဆင့် ၂ နေရာ ရပ်တည်နေပါတယ်။

အခုနှစ် နိုင်ငံတကာ စစ်ရေးစွမ်းရည်ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၃၃ နိုင်ငံက ပြိုင်ပွဲအမျိုးအစား ၂၈ မျိုးကို ရုရှား၊ တရုတ်၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဘီလာရုစ်၊ အီရန်၊ ကာဇက်စတန်နိုင်ငံတွေမှာ နေရာခွဲ ကျင်းပနေတာဖြစ်ပြီး မြန်မာအနေနဲ့ ပထမဆုံးအကြိမ် ဝင်ပြိုင်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ-CINCDS

ဖိုးသူတော် (www.phothutaw.com)
Credit: BurmeseAsia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top