ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မႏၲေလးၿမိဳ႕က က်ဴရွင္စာသင္ေဆာင္တစ္ခုမွာ ျခင္ေဆးေခြကုိ ေအာက္ခံမီးခံျပားမပါဘဲ စာအုပ္ပုံအနီး ထြန္းညႇိထားရာကေန မီးေလာင္မႈျဖစ္ပြားခဲ့လုိ႔ ေနအိမ္ ၇ လုံး မီးေလာင္ကၽြမ္းသြားခဲ့တယ္လုိ႔ မႏၱေလးတုိင္းေဒသၾကီးမီးသတ္တပ္ဖြဲ႔ကသိရပါတယ္။

ၾသဂုတ္လ ၈ နက္ေန႔ မနက္ ၄ နာရီေလာက္မွာ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (စ) ရပ္ကြက္ ၊ ဘုရင့္ေနာင္လမ္းႏွင့္ က်န္စစ္သားလမ္းၾကား၊ ၅၄×၅၅ လမ္းၾကား၊ အကြက္အမွတ္ (ထထ-၁၃/၇၅) ရွိ ျပည္စိုးဟိန္း က်ဴရွင္မွာ ထြန္းထားတဲ့ ျခင္ေဆးေထြကေန စာအုပ္ပုံကုိ မီးကူးစက္ေလာင္ကၽြမ္းရာကေန တဆင့္ ေနအိမ္ေတြကုိပါ ဆက္ျပီးေလာင္ခဲ့တာပါ။

အဆိုပါ မီးေလာင္ရကုိ  မီးၿငိႇမ္းသတ္ယာဥ္ (၅၀) စီး၊ ေရသယ္ယာဥ္ (၅) စီး၊ အုပ္ခ်ဳပ္မႈယာဥ္ (၂) စီးနဲ႔ ရပ္ကြက္ေနျပည္သူေတြ ၀ိုင္း၀န္းၿငိႇမ္းသတ္ေပမယ့္ နာရီ၀က္ေလာက္အၾကာ ျငိွမ္းသတ္ခဲ့ရျပီး မီးျငိမ္းခဲ့တယ္လုိ႔သိရပါတယ္။

မီးေလာင္မႈေၾကာင့္ သြပ္မိုးထရံကာ (၁) ထပ္ေနအိမ္ (၅) လုံး၊ သြပ္မိုးပ်ဥ္ကာ (၂) ထပ္ေနအိမ္ (၁) လုံး၊ အုတ္နံကပ္ (၁) ထပ္ေနအိမ္ (၁) လုံး၊ စုစုေပါင္း ေနအိမ္ (၇) လုံးမီးေလာင္ဆုံးရႈံးခဲ့ၿပီး မီးေဘးသင့္ အိမ္ေထာင္စုေတြကုိ (စ)ရပ္ကြက္ရွိ ရတနာကိုးသြယ္ ဓမၼာရုံမွာ ယာယီ ကယ္ဆယ္ေရး စခန္းဖြင့္လွစ္ထားတယ္လုိ႔သိရပါတယ္။

မီးစတင္ေလာင္ကၽြမ္းတဲ့ေနအိမ္က မီးေပါ့ဆစြာ သုံးစြဲသူ ေဒၚျဖဴျဖဴသင္းကုိေတာ့ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ စက္မႈနယ္ေျမရဲစခန္းကအမႈဖြင့္အေရးယူ ေဆာင္ရြက္လ်က္ရွိတယ္လုိ႔ မီးသတ္တပ္ဖြဲ႔ကသိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
မန္တလေးမြို့က ကျူရှင်စာသင်ဆောင်တစ်ခုမှာ ခြင်ဆေးခွေကို အောက်ခံမီးခံပြားမပါဘဲ စာအုပ်ပုံအနီး ထွန်းညှိထားရာကနေ မီးလောင်မှုဖြစ်ပွားခဲ့လို့ နေအိမ် ၇ လုံး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ကသိရပါတယ်။

သြဂုတ်လ ၈ နက်နေ့ မနက် ၄ နာရီလောက်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက် ၊ ဘုရင့်နောင်လမ်းနှင့် ကျန်စစ်သားလမ်းကြား၊ ၅၄×၅၅ လမ်းကြား၊ အကွက်အမှတ် (ထထ-၁၃/၇၅) ရှိ ပြည်စိုးဟိန်း ကျူရှင်မှာ ထွန်းထားတဲ့ ခြင်ဆေးထွေကနေ စာအုပ်ပုံကို မီးကူးစက်လောင်ကျွမ်းရာကနေ တဆင့် နေအိမ်တွေကိုပါ ဆက်ပြီးလောင်ခဲ့တာပါ။

အဆိုပါ မီးလောင်ရကို  မီးငြှိမ်းသတ်ယာဉ် (၅၀) စီး၊ ရေသယ်ယာဉ် (၅) စီး၊ အုပ်ချုပ်မှုယာဉ် (၂) စီးနဲ့ ရပ်ကွက်နေပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ပေမယ့် နာရီဝက်လောက်အကြာ ငြှိမ်းသတ်ခဲ့ရပြီး မီးငြိမ်းခဲ့တယ်လို့သိရပါတယ်။

မီးလောင်မှုကြောင့် သွပ်မိုးထရံကာ (၁) ထပ်နေအိမ် (၅) လုံး၊ သွပ်မိုးပျဉ်ကာ (၂) ထပ်နေအိမ် (၁) လုံး၊ အုတ်နံကပ် (၁) ထပ်နေအိမ် (၁) လုံး၊ စုစုပေါင်း နေအိမ် (၇) လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့် အိမ်ထောင်စုတွေကို (စ)ရပ်ကွက်ရှိ ရတနာကိုးသွယ် ဓမ္မာရုံမှာ ယာယီ ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားတယ်လို့သိရပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့နေအိမ်က မီးပေါ့ဆစွာ သုံးစွဲသူ ဒေါ်ဖြူဖြူသင်းကိုတော့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းကအမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ မီးသတ်တပ်ဖွဲ့ကသိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top