ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ သကၤန္းညီေနာင္နယ္ေျမရဲစခန္းဝန္း႐ွိ ဝန္ထမ္းလိုင္းခန္း(၆)ခန္းတြဲတြင္ ေနထိုင္ေသာ ရဲတပ္ၾကပ္ လွေအး ၏ ဇနီး ေဒၚဂ်ဴးစတီးနား(၅၂)ႏွစ္အား လိုင္းခန္းတြင္ အိပ္ေနစဥ္ လည္ပင္းကို ဓားျဖင့္ထိုးသတ္ၿပီး ရဲစခန္းဝန္းႏွင့္ ေပ(၁၅၀)ခန္႔အကြာတြင္ အေလာင္းကိုစြန္႔ပစ္ကာ လက္ဝတ္ရတနာမ်ားႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ပါ ယူေဆာင္သြားေသာ လူသတ္တရားခံျဖစ္သည့္ သဃၤန္းညီေနာင္နယ္ေျမရဲစခန္းမွ ရဲတပ္သား ၿဖိဳးလင္းဦး(၃၁)နွစ္ ကို (၁၈.၈.၂၀၁၈)ရက္ေန႔ နံနက္(၅)နာရီအခ်ိန္ခန္႔တြင္ ျမဝတီၿမိဳ႕ အမွတ္(၁)ရပ္ကြက္ ေရလယ္ကြၽန္း၌ အခင္းျဖစ္ေနရာမွ ယူေဆာင္သြားသည့္ လက္ဝတ္ရတနာပစၥည္းမ်ားနွင့္အတူ ျမဝတီခရိုင္မႈခင္းႏွိမ္နင္းေရးအဖြဲ႔မွ ရဲအုပ္မ်ိဳးေက်ာ္အပါအဝင္ ပူးေပါင္းအဖြဲ႔က ဖမ္းဆီးရမိေၾကာင္း သိရပါသည္။

ျဖစ္စဥ္မွာ "(၁၅.၈.၂၀၁၈)ရက္ေန႔ ည(၈)နာရီအခ်ိန္ ရဲတပ္သား ၿဖိဳးလင္းဦး(၃၁)ႏွစ္သည္ သဃၤန္းညီေနာင္ရဲစခန္းတြင္ အခ်ဳပ္ခန္းကင္းအလွည့္တာဝန္ထမ္းေဆာင္ၿပီး ေနထိုင္ရာ ရဲစခန္းအတြင္း႐ွိေနအိမ္လိုင္းခန္းသို႔ ျပန္လာၿပီး မ်က္ႏွာခ်င္းဆိုင္ လိုင္ခန္းမွ ေဒၚဂ်ဴးစတီနားႏွင့္ေတြ႔ဆံု၍ ေငြက်ပ္(၁)ေသာင္းေခ်းမိရာမွ စကားအေခ်အတင္ျဖစ္ၿပီး ေဒၚဂ်ဴးစတီးနားမွ "နင္ အရင္တုန္းက ငါ့ဆီက ယူထားတဲ့ ပိုက္ဆံ (၂)သိန္း(၄)ေသာင္း အခုထိမေပးေသးဘူး ထပ္ျပီးမေခ်းေပးႏိုင္ေၾကာင္း" ေျပာၾကားေသာေၾကာင့္ ၎ဇနီးထံတြင္ ပိုက္ဆံ(၂)ေထာင္က်ပ္ေတာင္းၿပီး အျပင္သို႔သြားကာ အရက္ဝယ္ၿပီး လိုင္းခန္းသို႔ ျပန္လာကာ အရက္ထိုင္ေသာက္ေနခဲ့ပါသည္။


ထိုသို႔ အရက္ထိုင္ေသာက္ၿပီးေနာက္ ည(၁၀)နာရီအခ်ိန္ခန္႔တြင္ ေဒၚဂ်ဴးစတီးနားေနအိမ္လိုင္းခန္းသို႔သြားၿပီး ေငြလိုေနေသာေျကာင့္ ပိုက္ဆံခိုးရန္ ေနအိမ္အေနာက္အေပါက္မွ ဝင္သြားခဲ့ပါသည္။ ထိုသို႔ဝင္သြားခဲ့ၿပီး ေနအိမ္လိုင္းခန္းထဲတြင္ အိပ္ေပ်ာ္ေနေသာ ေဒၚဂ်ဴးစတီးနားမွ ႏိုးလာသျဖင့္ အသံမထြက္ရန္ေျပာဆိုၿပီး ပါစပ္ကိုလက္ျဖင့္ပိတ္ကာ လြယ္အိတ္အတြင္းမွ အသင့္ပါလာေသာ ဓား႐ိုးအျဖဴေရာင္ကို တိပ္အမဲပတ္ထားသည့္ အ႐ိုး/အသြား(၆)လက္မခန္႔႐ွိေသာ ဓားဦးခြၽန္ျဖင့္ လည္ပင္းကို တစ္ခ်က္ထိုးခဲ့ၿပီး ေဒၚဂ်ဴးစတီးနားမွာ ေနရာတြင္ ပြဲခ်င္းၿပီးေသဆံုးသြားခဲ့ပါသည္။

ထို႔ေနာက္ ၿဖိဳးလင္းဦးက အေလာင္းအား ပလတ္စတစ္ဖ်ာ၊ေစာင္မ်ားျဖင့္ဖံုးအုပ္ျပီး ရဲစခန္းအေနာက္ဘက္ေပါက္မွ ရဲစခန္းႏွင့္ ေပ(၁၅၀)အကြာ ျခံပုတ္အတြင္း ပစ္ခ်ခဲ့ၿပီး ေဒၚဂ်ဴးစတီးနားဝတ္ဆင္ထားေသာ အေလးခ်ိန္(၁)က်ပ္သားခန္႔႐ွိ သံကြင္းဆက္ ေရႊဆြဲႀကိဳးတစ္ကံုး၊ေရႊကြပ္ထားသည့္ အဝါေရာင္ေက်ာက္ေလာ့ကတ္သီး(၁)ခု၊ ေက်ာက္စီအျဖဴေရာင္ပုလဲ နားကပ္(၁)ရံနွင့္ ေဒၚဂ်ဴးစတီးနားပိုင္ဆိုင္ေသာ အျဖဴေရာင္ViVoအမ်ိဳးအစား လက္ကိုင္ဖုန္း(၁)လံုး၊ ေငြစကၠဴ(၆၁၀၀)က်ပ္ႏွင့္ အျပာေရာင္(ခဲ/မဲ)Wave S အမ်ိဳးအစား ေမာ္ေတာ္ဆိုင္ကယ္(၁)စီးအား ယူေဆာင္၍ ျမဝတီဘက္သို႔ ထြက္ေျပးတိမ္းေ႐ွာင္ေနခဲ့ရာမွ (၁၈.၈.၂၀၁၈)ရက္ေန႔ နံနက္(၅)နာရီအခ်ိန္ခန္႔တြင္ ျမဝတီၿမိဳ႕ အမွတ္(၁)ရပ္ကြက္ ေရလယ္ကြၽန္း၌ ႐ွိေနစဥ္ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ပါသည္။

အဆိုပါ အမႈႏွင့္ပတ္သက္၍ လူသတ္မႈက်ဴးလြန္သူ တရားခံ ရဲတပ္သား ၿဖိဳးလင္းဦး(၃၁)ႏွစ္ကို ျမဝတီခ႐ိုင္ သဃၤန္းညီေနာင္နယ္ေျမရဲစခန္းတြင္ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ ျဖင့္ ဖမ္းဆီးစစ္ေဆး အေရးယူေဆာင္ရြက္ထားေၾကာင္း သိ႐ွိရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေနေနာ္(ျမဝတီ)

#Unicode Version#
ကရင်ပြည်နယ် မြဝတီခရိုင် သင်္ကန်းညီနောင်နယ်မြေရဲစခန်းဝန်းရှိ ဝန်ထမ်းလိုင်းခန်း(၆)ခန်းတွဲတွင် နေထိုင်သော ရဲတပ်ကြပ် လှအေး ၏ ဇနီး ဒေါ်ဂျူးစတီးနား(၅၂)နှစ်အား လိုင်းခန်းတွင် အိပ်နေစဉ် လည်ပင်းကို ဓားဖြင့်ထိုးသတ်ပြီး ရဲစခန်းဝန်းနှင့် ပေ(၁၅၀)ခန့်အကွာတွင် အလောင်းကိုစွန့်ပစ်ကာ လက်ဝတ်ရတနာများနှင့် မော်တော်ဆိုင်ကယ်ပါ ယူဆောင်သွားသော လူသတ်တရားခံဖြစ်သည့် သင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှ ရဲတပ်သား ဖြိုးလင်းဦး(၃၁)နှစ် ကို (၁၈.၈.၂၀၁၈)ရက်နေ့ နံနက်(၅)နာရီအချိန်ခန့်တွင် မြဝတီမြို့ အမှတ်(၁)ရပ်ကွက် ရေလယ်ကျွန်း၌ အခင်းဖြစ်နေရာမှ ယူဆောင်သွားသည့် လက်ဝတ်ရတနာပစ္စည်းများနှင့်အတူ မြဝတီခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်မျိုးကျော်အပါအဝင် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ "(၁၅.၈.၂၀၁၈)ရက်နေ့ ည(၈)နာရီအချိန် ရဲတပ်သား ဖြိုးလင်းဦး(၃၁)နှစ်သည် သင်္ဃန်းညီနောင်ရဲစခန်းတွင် အချုပ်ခန်းကင်းအလှည့်တာဝန်ထမ်းဆောင်ပြီး နေထိုင်ရာ ရဲစခန်းအတွင်းရှိနေအိမ်လိုင်းခန်းသို့ ပြန်လာပြီး မျက်နှာချင်းဆိုင် လိုင်ခန်းမှ ဒေါ်ဂျူးစတီနားနှင့်တွေ့ဆုံ၍ ငွေကျပ်(၁)သောင်းချေးမိရာမှ စကားအချေအတင်ဖြစ်ပြီး ဒေါ်ဂျူးစတီးနားမှ "နင် အရင်တုန်းက ငါ့ဆီက ယူထားတဲ့ ပိုက်ဆံ (၂)သိန်း(၄)သောင်း အခုထိမပေးသေးဘူး ထပ်ပြီးမချေးပေးနိုင်ကြောင်း" ပြောကြားသောကြောင့် ၎င်းဇနီးထံတွင် ပိုက်ဆံ(၂)ထောင်ကျပ်တောင်းပြီး အပြင်သို့သွားကာ အရက်ဝယ်ပြီး လိုင်းခန်းသို့ ပြန်လာကာ အရက်ထိုင်သောက်နေခဲ့ပါသည်။


ထိုသို့ အရက်ထိုင်သောက်ပြီးနောက် ည(၁၀)နာရီအချိန်ခန့်တွင် ဒေါ်ဂျူးစတီးနားနေအိမ်လိုင်းခန်းသို့သွားပြီး ငွေလိုနေသောကြောင့် ပိုက်ဆံခိုးရန် နေအိမ်အနောက်အပေါက်မှ ဝင်သွားခဲ့ပါသည်။ ထိုသို့ဝင်သွားခဲ့ပြီး နေအိမ်လိုင်းခန်းထဲတွင် အိပ်ပျော်နေသော ဒေါ်ဂျူးစတီးနားမှ နိုးလာသဖြင့် အသံမထွက်ရန်ပြောဆိုပြီး ပါစပ်ကိုလက်ဖြင့်ပိတ်ကာ လွယ်အိတ်အတွင်းမှ အသင့်ပါလာသော ဓားရိုးအဖြူရောင်ကို တိပ်အမဲပတ်ထားသည့် အရိုး/အသွား(၆)လက်မခန့်ရှိသော ဓားဦးချွန်ဖြင့် လည်ပင်းကို တစ်ချက်ထိုးခဲ့ပြီး ဒေါ်ဂျူးစတီးနားမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပါသည်။

ထို့နောက် ဖြိုးလင်းဦးက အလောင်းအား ပလတ်စတစ်ဖျာ၊စောင်များဖြင့်ဖုံးအုပ်ပြီး ရဲစခန်းအနောက်ဘက်ပေါက်မှ ရဲစခန်းနှင့် ပေ(၁၅၀)အကွာ ခြံပုတ်အတွင်း ပစ်ချခဲ့ပြီး ဒေါ်ဂျူးစတီးနားဝတ်ဆင်ထားသော အလေးချိန်(၁)ကျပ်သားခန့်ရှိ သံကွင်းဆက် ရွှေဆွဲကြိုးတစ်ကုံး၊ရွှေကွပ်ထားသည့် အဝါရောင်ကျောက်လော့ကတ်သီး(၁)ခု၊ ကျောက်စီအဖြူရောင်ပုလဲ နားကပ်(၁)ရံနှင့် ဒေါ်ဂျူးစတီးနားပိုင်ဆိုင်သော အဖြူရောင်ViVoအမျိုးအစား လက်ကိုင်ဖုန်း(၁)လုံး၊ ငွေစက္ကူ(၆၁၀၀)ကျပ်နှင့် အပြာရောင်(ခဲ/မဲ)Wave S အမျိုးအစား မော်တော်ဆိုင်ကယ်(၁)စီးအား ယူဆောင်၍ မြဝတီဘက်သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရာမှ (၁၈.၈.၂၀၁၈)ရက်နေ့ နံနက်(၅)နာရီအချိန်ခန့်တွင် မြဝတီမြို့ အမှတ်(၁)ရပ်ကွက် ရေလယ်ကျွန်း၌ ရှိနေစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ လူသတ်မှုကျူးလွန်သူ တရားခံ ရဲတပ်သား ဖြိုးလင်းဦး(၃၁)နှစ်ကို မြဝတီခရိုင် သင်္ဃန်းညီနောင်နယ်မြေရဲစခန်းတွင်ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးစစ်ဆေး အရေးယူဆောင်ရွက်ထားကြောင်း သိရှိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: နေနော်(မြဝတီ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top