ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

အဆုိအမိန္႕ေတြဟာ လူေတြရဲ႕ စိတ္ေနသေဘာထားနဲ႔အျပဳအမူေတြကုိ အလြယ္ကူဆုံး ျပဳျပင္သင္ၾကားေပးႏိုင္ပါတယ္။ သမိုင္းမွာ ကမၻာမွာ ေက်ာ္ၾကားေအာင္ျမင္ေနတဲ႔ သူရဲေကာင္းမ်ားနဲ႔ ေခါင္းေဆာင္တို႔ရဲ႕အဆိုအမိန္႔မ်ားဟာ လူသားတိုင္းအတြက္ေတာ့ အားတစ္ရပ္ပါပဲ။

သင္စိတ္ဓာတ္က်ေနတိုင္း လမ္းေပ်ာက္ေနတိုင္း စိတ္ရွဳပ္ေထြးေနမိတိုင္း ဖတ္ၾကည့္သင့္တဲ႔ နာမည္ၾကီးေခါင္းေဆာင္အခ်ိဳ႕ရဲ႕ အေကာင္းဆုံးေသာ အဆုိအမိန္႔ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ “မေစာင့္ပါနဲ႔၊ အခ်ိန္ဟာ ဘယ္ေတာ႔မွာ ရပ္တန္႔မေနပါ။ ကုိယ္ေရာက္ေနတဲ႔ ေနရာကေန အလုပ္ကုိ အစျပဳပါ။ ကုိယ္မွာ ရွိျပီးသား ပစၥည္းေတြ၊ အစြမ္းအစေတြနဲ႔ စလုပ္လုိက္ပါ။ လုပ္ရင္းကုိင္ရင္းနဲ႔ သင့္အတြက္ အေကာင္းဆုံးေသာ အလုပ္ကုိ ေတြ႔လာပါလိမ့္မယ္။” (နပုိလီယံဟီး)

နပုိလီယံဟီး – The Law of Success (ေအာင္ျမင္ျခင္း၏ နိယာမ) စာအုပ္ျဖင့္ အေကာင္းဆံုးစာအုပ္ဆုကိုရရွိခဲ႔ေသာ နာမည္ၾကီးစာေရးဆရာ

၂။ “မွန္ကန္တဲ႔အလုပ္ကုိ ရဲရဲဝံ႔ဝံ႔လုပ္ေဆာင္တဲ႔လူဟာ သူ႕တစ္ဘဝလုံးစာအတြက္ အခြင့္အလမ္းေကာင္းေတြကုိ လက္ဆုပ္လက္ကုိင္ ဖမ္းဆုပ္ထားသူျဖစ္တယ္” (ဂ်င္ရြန္)

ဂ်င္ရြန္ –  အေမရိကန္စြန္ဦးတီထြင္သူေခါင္းေဆာင္ႏွင့္စာေရးဆရာ

၃။ “ဦးစာ သင့္ကုိယ္သင္ ဘာျဖစ္ခ်င္သလဲဆုိတာကုိ ေမးပါ၊ ျပီးေတာ႔မွ လုပ္စရာရွိတာကုိ မျဖစ္မေနလုပ္ပါ” (အီပီတီတပ္)

အီပီတီတပ္ – ဂရိနာမည္ၾကီးအေတြးအေခၚပညာရွင္

၄။ “အသက္ရွင္ေနရတဲ႔ ရည္ရြယ္ခ်က္က ဘဝကုိ ရွင္သန္ရပ္တည္ေနဖုိ႔ျဖစ္တယ္။ တတ္စြမ္းသေလာက္ အေတြ႕အၾကံဳသစ္ေတြကုိ ရွာေဖြခံစားပါ၊ အသစ္အသစ္ေသာ အေတြ႕အၾကံဳေတြကုိ ကုိယ္ေတြ႕ရွာေဖြေဖာ္ထုတ္တာဟာ အင္မတန္ေကာင္းတဲ႔ အရသာျဖစ္ပါတယ္။” (အယ္လယ္နာ ရုိ(စ္)ဗက္)

အယ္လယ္နာ ရုိ(စ္)ဗက္ – အေမရိကန္အမ်ိဳးသမီးႏိုင္ငံေရးလွဳပ္ရွားမွဳေခါင္းေဆာင္

၅။  “ဘဝမွာ လူေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ ဘာလုပ္ရမယ္ဆုိတာ သိၾကေပမယ္လုိ႔ အနည္းစုကေတာ႔ သိတာကုိပဲ လုပ္ၾကတယ္ဆုိတာ သင္သိျမင္ေနပါလိမ့္မယ္။ တကယ္က သိတယ္ဆုိရုံနဲ႔ လုံေလာက္တာ မဟုတ္ပါဘူး၊ ထုိအသိကုိ အသုံးခ်တတ္ဖုိ႔ကသာ လုိအပ္တာပါ။” (တုိနီေရာ္ဘင္)

တုိနီေရာ္ဘင္ – အေမရိကန္ႏိုင္ငံေက်ာ္စာေရးဆရာႏွင့္ စြန္႔ဦးတီထြင္သူ

၆။ “မနက္မုိးလင္းလုိ႔ အိပ္ရာထျပီဆုိတာနဲ႔ အသက္ရွင္ေနျခင္းဟာ ဘာေကာင္းက်ိဳးေတြျဖစ္ထြန္းေစသလဲဆုိတာကုိ ေတြးၾကည့္လုိက္ေတာ႔ ရွင္သန္ဖုိ႔၊ စဥ္းစားေတြးေခၚဖုိ႔၊ ေပ်ာ္ရြင္ဖုိ႔၊ ျပီးေတာ႔ ခ်စ္ခင္ၾကင္နာဖုိ႔ပဲ ျဖစ္တယ္။”(မားကပ္ေအာ္ရီရီးယပ္စ္)

မားကပ္ေအာ္ရီရီးယပ္စ္ – ေရာမအင္ပါယာကိုၾကီးစိုးတည္ေထာင္သူ

၇။  “ေအာင္ျမင္မႈအေပၚ သင္ထားရွိတဲ႔ သေဘာထားအျမင္ကသာ အျခားေသာအရာေတြထက္ ပုိျပီ အေရးၾကီးပါတယ္။” (ေအဗရာဟန္လင္ကြန္း)

ေအဗရာဟန္လင္ကြန္း- အေမရိကန္၁၆ေယာက္ေျမာက္သမၼတ

၈။  “အတိတ္ကုိ ေတြးျပီးေတာ႔ ေငးငုိင္မေနပါနဲ႔၊ အနာဂတ္ကုိခ်ည္းပဲလဲ စိတ္ကူးယွဥ္ မေနနဲ႔၊ ပစၥဳပၸန္တည့္တည့္မွာ စိတ္ကုိ ထားပါ၊ အာရုံစူးစုိက္ပါ။”

(ဗုဒၶ)

၉။  “တကယ္ေတာ႔ ကြ်န္ေတာ္တုိ႔ ခက္ခဲ႔လုိ႔ မလုပ္ရဲတာမဟုတ္ပါဘူး။ မလုပ္ရဲလုိ႔ကုိ ခက္ခဲေနၾကတာပါ။” (စီနီကာ)

စီနီကာ – ေရာမအေတြးအေခၚပညာရွင္

၁၀။ “ျမင့္ျမတ္တဲ႔စိတ္ဓာတ္ဟာ ကမာၻႀကီးကုိ အလင္းေရာင္ထြန္းညိွလုိက္တာထက္ ပုိပါတယ္။ ဘာမွ မေျပာင္းလဲေသးခင္မွာ သန္႔ရွင္းသပ္ရပ္လွပတဲ႔ အခြင့္အလမ္း၊ အစိတ္အပုိင္းေတြအားလုံနဲ႔ ေမွာ္ဆန္ဆန္ ခ်ိတ္ဆက္ထားေပးသလုိ ထင္းရပါတယ္။” (အား ႏုိက္တင္ေဂး)

အား ႏုိက္တင္ေဂး – လူမွဳဖြ႔ံျဖိဳးတိုးတက္မွဳဦးေဆာင္ေဟာေျပာသူ

မိမိဘ၀တြင္ ေအာင္ျမင္ေက်ာ္ၾကားလိုေသာသူတိုင္း အမွားလုပ္မိသူ၊တခါတေလ လမ္းေပ်ာက္သလိုခံစားရတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ေရွ႕တြင္ ၾကိဳးစားခဲ႔ေသာ လမ္းျပမ်ားရဲ႕အဆိုအမိန္႕မ်ားကို လိုက္နာျခင္းျဖင့္ ဘ၀တိုးတက္ေရးကို အေထာက္အကူျပဳႏိုင္မည္ဟု ယံုၾကည္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mystyle

#Unicode Version#
အဆိုအမိန့်တွေဟာ လူတွေရဲ့ စိတ်နေသဘောထားနဲ့အပြုအမူတွေကို အလွယ်ကူဆုံး ပြုပြင်သင်ကြားပေးနိုင်ပါတယ်။ သမိုင်းမှာ ကမ္ဘာမှာ ကျော်ကြားအောင်မြင်နေတဲ့ သူရဲကောင်းများနဲ့ ခေါင်းဆောင်တို့ရဲ့အဆိုအမိန့်များဟာ လူသားတိုင်းအတွက်တော့ အားတစ်ရပ်ပါပဲ။

သင်စိတ်ဓာတ်ကျနေတိုင်း လမ်းပျောက်နေတိုင်း စိတ်ရှုပ်ထွေးနေမိတိုင်း ဖတ်ကြည့်သင့်တဲ့ နာမည်ကြီးခေါင်းဆောင်အချို့ရဲ့ အကောင်းဆုံးသော အဆိုအမိန့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ “မစောင့်ပါနဲ့၊ အချိန်ဟာ ဘယ်တော့မှာ ရပ်တန့်မနေပါ။ ကိုယ်ရောက်နေတဲ့ နေရာကနေ အလုပ်ကို အစပြုပါ။ ကိုယ်မှာ ရှိပြီးသား ပစ္စည်းတွေ၊ အစွမ်းအစတွေနဲ့ စလုပ်လိုက်ပါ။ လုပ်ရင်းကိုင်ရင်းနဲ့ သင့်အတွက် အကောင်းဆုံးသော အလုပ်ကို တွေ့လာပါလိမ့်မယ်။” (နပိုလီယံဟီး)

နပိုလီယံဟီး – The Law of Success (အောင်မြင်ခြင်း၏ နိယာမ) စာအုပ်ဖြင့် အကောင်းဆုံးစာအုပ်ဆုကိုရရှိခဲ့သော နာမည်ကြီးစာရေးဆရာ

၂။ “မှန်ကန်တဲ့အလုပ်ကို ရဲရဲဝံ့ဝံ့လုပ်ဆောင်တဲ့လူဟာ သူ့တစ်ဘဝလုံးစာအတွက် အခွင့်အလမ်းကောင်းတွေကို လက်ဆုပ်လက်ကိုင် ဖမ်းဆုပ်ထားသူဖြစ်တယ်” (ဂျင်ရွန်)

ဂျင်ရွန် –  အမေရိကန်စွန်ဦးတီထွင်သူခေါင်းဆောင်နှင့်စာရေးဆရာ

၃။ “ဦးစာ သင့်ကိုယ်သင် ဘာဖြစ်ချင်သလဲဆိုတာကို မေးပါ၊ ပြီးတော့မှ လုပ်စရာရှိတာကို မဖြစ်မနေလုပ်ပါ” (အီပီတီတပ်)

အီပီတီတပ် – ဂရိနာမည်ကြီးအတွေးအခေါ်ပညာရှင်

၄။ “အသက်ရှင်နေရတဲ့ ရည်ရွယ်ချက်က ဘဝကို ရှင်သန်ရပ်တည်နေဖို့ဖြစ်တယ်။ တတ်စွမ်းသလောက် အတွေ့အကြုံသစ်တွေကို ရှာဖွေခံစားပါ၊ အသစ်အသစ်သော အတွေ့အကြုံတွေကို ကိုယ်တွေ့ရှာဖွေဖော်ထုတ်တာဟာ အင်မတန်ကောင်းတဲ့ အရသာဖြစ်ပါတယ်။” (အယ်လယ်နာ ရို(စ်)ဗက်)

အယ်လယ်နာ ရို(စ်)ဗက် – အမေရိကန်အမျိုးသမီးနိုင်ငံရေးလှုပ်ရှားမှုခေါင်းဆောင်

၅။  “ဘဝမှာ လူတော်တော်များများဟာ သူတို့ ဘာလုပ်ရမယ်ဆိုတာ သိကြပေမယ်လို့ အနည်းစုကတော့ သိတာကိုပဲ လုပ်ကြတယ်ဆိုတာ သင်သိမြင်နေပါလိမ့်မယ်။ တကယ်က သိတယ်ဆိုရုံနဲ့ လုံလောက်တာ မဟုတ်ပါဘူး၊ ထိုအသိကို အသုံးချတတ်ဖို့ကသာ လိုအပ်တာပါ။” (တိုနီရော်ဘင်)

တိုနီရော်ဘင် – အမေရိကန်နိုင်ငံကျော်စာရေးဆရာနှင့် စွန့်ဦးတီထွင်သူ

၆။ “မနက်မိုးလင်းလို့ အိပ်ရာထပြီဆိုတာနဲ့ အသက်ရှင်နေခြင်းဟာ ဘာကောင်းကျိုးတွေဖြစ်ထွန်းစေသလဲဆိုတာကို တွေးကြည့်လိုက်တော့ ရှင်သန်ဖို့၊ စဉ်းစားတွေးခေါ်ဖို့၊ ပျော်ရွင်ဖို့၊ ပြီးတော့ ချစ်ခင်ကြင်နာဖို့ပဲ ဖြစ်တယ်။”(မားကပ်အော်ရီရီးယပ်စ်)

မားကပ်အော်ရီရီးယပ်စ် – ရောမအင်ပါယာကိုကြီးစိုးတည်ထောင်သူ

၇။  “အောင်မြင်မှုအပေါ် သင်ထားရှိတဲ့ သဘောထားအမြင်ကသာ အခြားသောအရာတွေထက် ပိုပြီ အရေးကြီးပါတယ်။” (အေဗရာဟန်လင်ကွန်း)

အေဗရာဟန်လင်ကွန်း- အမေရိကန်၁၆ယောက်မြောက်သမ္မတ

၈။  “အတိတ်ကို တွေးပြီးတော့ ငေးငိုင်မနေပါနဲ့၊ အနာဂတ်ကိုချည်းပဲလဲ စိတ်ကူးယှဉ် မနေနဲ့၊ ပစ္စုပ္ပန်တည့်တည့်မှာ စိတ်ကို ထားပါ၊ အာရုံစူးစိုက်ပါ။”

(ဗုဒ္ဓ)

၉။  “တကယ်တော့ ကျွန်တော်တို့ ခက်ခဲ့လို့ မလုပ်ရဲတာမဟုတ်ပါဘူး။ မလုပ်ရဲလို့ကို ခက်ခဲနေကြတာပါ။” (စီနီကာ)

စီနီကာ – ရောမအတွေးအခေါ်ပညာရှင်

၁၀။ “မြင့်မြတ်တဲ့စိတ်ဓာတ်ဟာ ကမ္ဘာကြီးကို အလင်းရောင်ထွန်းညှိလိုက်တာထက် ပိုပါတယ်။ ဘာမှ မပြောင်းလဲသေးခင်မှာ သန့်ရှင်းသပ်ရပ်လှပတဲ့ အခွင့်အလမ်း၊ အစိတ်အပိုင်းတွေအားလုံနဲ့ မှော်ဆန်ဆန် ချိတ်ဆက်ထားပေးသလို ထင်းရပါတယ်။” (အား နိုက်တင်ဂေး)

အား နိုက်တင်ဂေး – လူမှုဖွံ့ဖြိုးတိုးတက်မှုဦးဆောင်ဟောပြောသူ

မိမိဘဝတွင် အောင်မြင်ကျော်ကြားလိုသောသူတိုင်း အမှားလုပ်မိသူ၊တခါတလေ လမ်းပျောက်သလိုခံစားရတာမျိုးဖြစ်နိုင်ပါတယ်။ ရှေ့တွင် ကြိုးစားခဲ့သော လမ်းပြများရဲ့အဆိုအမိန့်များကို လိုက်နာခြင်းဖြင့် ဘဝတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top