ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×




Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
နာမည်ကြီးအနုပညာရှင်နှစ်ဦးရဲ့ သတင်းကတော့ ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်လို့နေပါတယ်။ ရွှေရွှေချင်းထပ် မြတ်တယ်ဆိုတဲ့အတိုင်း နာမည်ကြီး ထိပ်တန်းအနုပညာရှင်နှစ်ဦးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ကတော့ ချစ်သူတွေဖြစ်နေကြောင်းကို သူတို့ရဲ့ လူမှုစာမျက်နှာတွေကဆင့် တရားဝင်ချပြခဲ့ကြပါတယ်။

ယခုလတ်တလောမှာတော့ ပူပူနွေးနွေးချစ်သူဖြစ်ထားတဲ့ သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတွေပျံ့နှံ့လို့နေတာကိုလည်း တွေ့ရပါတယ်။ ချစ်သူနှစ်ယောက်အတူ အပြင်ထွက်ပြီး မုန့်စားနေတဲ့ ဓာတ်ပုံတွေထွက်ပေါ်နေတာကိုလည်း တွေ့ရပြီး ပရိသတ်တွေကြားမှာတော့ သူတို့နှစ်ဦးရဲ့ အချစ်ရေးဟာ အထူးစိတ်ဝင်စားစရာ ဖြစ်လို့နေတာတွေ့ရပါတယ်။

လက်ရှိမှာတော့ သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေလည်းရှိနေသလို ဝိုင်းဝန်းထောက်ခံနေကြသူတွေလည်း ရှိပါတယ်။ ရွှေမှုန်ရတီကတော့ သူမကို ဆက်လက်စောင့်ကြည့်ပေးဖို့အတွက် ပြောဆိုထားတာတွေ့ရပြီး ချစ်ရတဲ့ပရိသတ်တွေအတွက် သူမရဲ့အနုပညာအလုပ်တွေကိုတော့ အားစိုက်ပြီး တစိုက်မတ်မတ်လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။ အဆိုတော် ရွှေထူးကတော့ မကြာခင်ထွက်ရှိမဲ့ သီချင်းတွေအတွက် ကြိုးစားပြင်ဆင်လို့ နေပါတယ် ပရိသတ်ကြီးရေ……

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top