ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×





Source – Ookyawzin’s fb

Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
သြဂုတ်လ(၉)ရက်နေ့ကတော့ ပြည့်သူ့အချစ်တော် သရုပ်ဆောင် ဖွေးဖွေးရဲ့ အသက်(၃၀)ပြည့်မွေးနေ့လေး ဖြစ်ပါတယ်။ သူမ ဟာ ယခုနှစ်မွေးနေ့မှာတော့ ထူးခြားတဲ့ မွေးနေ့လက်ဆောင်ရခဲ့ပါတယ်။ အဲ့ဒါလေးကတော့ သူမရဲ့ ဖခင်ကိုယ်တိုင် ဒီဇိုင်ရေးဆွဲပြီး ပြုလုပ်ပေးထားတဲ့ နားကပ်လေးကို အဖေနဲ့အမေဖြစ်သူက မွေးနေ့လက်ဆောင်ပေးခဲ့တာလဲ ဖြစ်ပါတယ်။

သူမကို ချစ်တဲ့ ဖန်တွေနဲ့ အတူလဲ မွေးအလှူပြုလုပ်ခဲ့ပါသေးတယ်။ မွေးနေ့ကုသိုလ်အလှူအဖြစ် ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များ နဲ့ မွေးစကလေးငယ် များ ကူညီရေးဖောင်ဒေးရှင်း Mommy Cook ကို အလှူငွေ(၁၁) သိန်း၊ မေရီချက်(ပ်) နားမကြားတဲ့ ကလေးများကျောင်းကိုလဲ အလှူငွေ(၉)သိန်း လှူဒါန်းခဲ့ပြီး ထိပ်စီးပြောင်းတဲ့ မွေးနေ့မှာ ပျော်စရာကောင်းတဲ့ မွေးနေ့ကုသိုလ်လေးကို မွန်မွန်မြတ်မြတ် ရယူခဲ့တာလဲဖြစ်ပါတယ်။

ချစ်ရတဲ့ ဖွေးဖွေးရေ ယခုမွေးနေ့မှသည် နောင် နှစ်ပေါင်းများစွာတိုင် သာယာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေနော်။ ချစ်ရတဲ့ သူတွေနဲ့လဲ ထာဝရပျော်၇ှင်နိုင်ပြီး အကယ်ဒမီ ရွှေစင် ရုပ်ထုတွေလဲ များစွာ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source – Ookyawzin’s fb

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top