ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ေျမြကိုက္ခံရတဲ့အခါ ေျမြကိုသတ္ၿပီး ေဆးရံုကိုတစ္ပါတည္း ယူလာျပဖို႔ သူမ်ားေတြေျပာၾကတာ ၾကားဖူးမွာပါ။ ဒါမွ ဆရာ၀န္ေတြက ကိုက္တဲ့ေျမြကို ခြဲျခားသိၿပီး သက္ဆိုင္ရာ ေျမြဆိပ္ေျဖေဆးနဲ႔ ျမန္ျမန္ဆန္ဆန္ အသက္ကယ္ႏုိင္မယ္လို႔ ဆိုၾကပါတယ္။ ဒါေပမယ့္ တရုတ္ႏုိင္ငံက အမ်ိဳးသမီးတစ္ဦးကေတာ့ ေပါက္ေပါက္ရွာရွာပဲ သူမကိုေပါက္ခဲ့တဲ့ေျမြအရွင္ကို လက္မွာပတ္ၿပီး ေဆးရံုေခၚလာခဲ့ပါတယ္။

ယင္းအျဖစ္ဟာ ဇူလိုင္လ(၂၉)ရက္တုန္းက တရုတ္ႏုိင္ငံ ဇီက်န္းျပည္နယ္မွာ ျဖစ္ပြားခဲ့တာပါ။ အသက္(၂၀)၀န္းက်င္ရွိတဲ့ အမ်ိဳးသမီးတစ္ဦးဟာ တစ္ညမွာ အိမ္ျပင္လမ္းေလွ်ာက္ထြက္ရင္း သူမရဲ႕ဖုန္းက ခ်ံဳပုတ္ေတြထဲ မေတာ္တဆ က်သြားခဲ့ပါတယ္။ ခ်ံဳပုတ္ေတြထဲ ဖုန္းရွာေနတုန္းမွာပဲ ခ်ံဳထဲပုန္းေနတဲ့ ေျမြတစ္ေကာင္က သူမရဲ႕ ညာလက္မကို ဆတ္ခနဲလွမ္းကိုက္လိုက္ပါတယ္။

ဒဏ္ရာကၾကီးၾကီးမားမားမဟုတ္ေပမယ့္ ထိုအမ်ိဳးသမီးဟာ ေဆးကုသမႈခံယူဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ဒါေၾကာင့္ ေျမြကို သူမရဲ႕လက္နဲ႔ ကိုယ္တိုင္ဖမ္းၿပီး ဘယ္ဘက္လက္ေကာက္၀တ္မွာ ပတ္ကာ အေရးေပၚဌာနကို အေရာက္သြားခဲ့ပါတယ္။ ေဆးရံုက ဆရာ၀န္ေတြနဲ႔ သူနာျပဳေတြကေတာ့ ထိုအမ်ိဳးသမီးရဲ႕သတိၱေကာင္းပံုကို အမ်ားၾကီး အံ့ၾသခဲ့ၾကပါတယ္။ မ်ားေသာအားျဖင့္ ေျမြကိုက္ခံရတဲ့ လူနာေတြေရာက္လာရင္ ေျမြကိုသတ္ၿပီးမွ ယူလာၾကေၾကာင္း ဆရာ၀န္တစ္ဦးက ဆိုပါတယ္။ ထိုအမ်ိဳးသမီးက ေျမြက တျခားသူေတြကို ထပ္မကိုက္ေအာင္လို႔ ဆိုၿပီး ေျမြေခါင္းကို ပုလင္းတစ္လံုးစြပ္လာပါေသးတယ္။

ဒါေပမယ့္ သူမက ကံေကာင္းပါတယ္။ သူမကို ကိုက္တဲ့ေျမြက အဆိပ္ရွိတဲ့ေျမြ မဟုတ္ပါဘူး။ သူမရဲ႕ အနာကို ေသခ်ာသန္႔ရွင္းၿပီး ဆရာ၀န္ေတြက ေဆးထိုးအၿပီးမွာေတာ့ ထိုသတိၱခဲဟာ စိတ္ခ်လက္ခ်နဲ႔ အိမ္ျပန္သြားခဲ့ပါတယ္။ အခုအခ်ိန္ထိေတာ့ ေဆးရံုကို ေျမြအရွင္ၾကီး ေခၚလာၿပီး ေအးေအးေဆးေဆးနဲ႔ လူနာမွတ္တမ္းပံုစံကိုျဖည့္ေနတဲ့ အမ်ိဳးသမီးကေတာ့ ၾကံဳဖူးသမွ်ထဲမွာ အထူးဆန္းဆံုးအမ်ိဳးသမီးလို႔ ဆိုရမွာပါပဲ။

Ref: worldofbuzz

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
မြွေကိုက်ခံရတဲ့အခါ မြွေကိုသတ်ပြီး ဆေးရုံကိုတစ်ပါတည်း ယူလာပြဖို့ သူများတွေပြောကြတာ ကြားဖူးမှာပါ။ ဒါမှ ဆရာဝန်တွေက ကိုက်တဲ့မြွေကို ခွဲခြားသိပြီး သက်ဆိုင်ရာ မြွေဆိပ်ဖြေဆေးနဲ့ မြန်မြန်ဆန်ဆန် အသက်ကယ်နိုင်မယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးကတော့ ပေါက်ပေါက်ရှာရှာပဲ သူမကိုပေါက်ခဲ့တဲ့မြွေအရှင်ကို လက်မှာပတ်ပြီး ဆေးရုံခေါ်လာခဲ့ပါတယ်။

ယင်းအဖြစ်ဟာ ဇူလိုင်လ(၂၉)ရက်တုန်းက တရုတ်နိုင်ငံ ဇီကျန်းပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ အသက်(၂၀)ဝန်းကျင်ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ တစ်ညမှာ အိမ်ပြင်လမ်းလျှောက်ထွက်ရင်း သူမရဲ့ဖုန်းက ချုံပုတ်တွေထဲ မတော်တဆ ကျသွားခဲ့ပါတယ်။ ချုံပုတ်တွေထဲ ဖုန်းရှာနေတုန်းမှာပဲ ချုံထဲပုန်းနေတဲ့ မြွေတစ်ကောင်က သူမရဲ့ ညာလက်မကို ဆတ်ခနဲလှမ်းကိုက်လိုက်ပါတယ်။

ဒဏ်ရာကကြီးကြီးမားမားမဟုတ်ပေမယ့် ထိုအမျိုးသမီးဟာ ဆေးကုသမှုခံယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် မြွေကို သူမရဲ့လက်နဲ့ ကိုယ်တိုင်ဖမ်းပြီး ဘယ်ဘက်လက်ကောက်ဝတ်မှာ ပတ်ကာ အရေးပေါ်ဌာနကို အရောက်သွားခဲ့ပါတယ်။ ဆေးရုံက ဆရာဝန်တွေနဲ့ သူနာပြုတွေကတော့ ထိုအမျိုးသမီးရဲ့သတ္တိကောင်းပုံကို အများကြီး အံ့သြခဲ့ကြပါတယ်။ များသောအားဖြင့် မြွေကိုက်ခံရတဲ့ လူနာတွေရောက်လာရင် မြွေကိုသတ်ပြီးမှ ယူလာကြကြောင်း ဆရာဝန်တစ်ဦးက ဆိုပါတယ်။ ထိုအမျိုးသမီးက မြွေက တခြားသူတွေကို ထပ်မကိုက်အောင်လို့ ဆိုပြီး မြွေခေါင်းကို ပုလင်းတစ်လုံးစွပ်လာပါသေးတယ်။

ဒါပေမယ့် သူမက ကံကောင်းပါတယ်။ သူမကို ကိုက်တဲ့မြွေက အဆိပ်ရှိတဲ့မြွေ မဟုတ်ပါဘူး။ သူမရဲ့ အနာကို သေချာသန့်ရှင်းပြီး ဆရာဝန်တွေက ဆေးထိုးအပြီးမှာတော့ ထိုသတ္တိခဲဟာ စိတ်ချလက်ချနဲ့ အိမ်ပြန်သွားခဲ့ပါတယ်။ အခုအချိန်ထိတော့ ဆေးရုံကို မြွေအရှင်ကြီး ခေါ်လာပြီး အေးအေးဆေးဆေးနဲ့ လူနာမှတ်တမ်းပုံစံကိုဖြည့်နေတဲ့ အမျိုးသမီးကတော့ ကြုံဖူးသမျှထဲမှာ အထူးဆန်းဆုံးအမျိုးသမီးလို့ ဆိုရမှာပါပဲ။

Ref: worldofbuzz

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top