မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×





# Unicode Version ဖြင့် ဖတ်ပါ #
တခါတလေကျရင် ငယ်ကချစ်တော့ အနှစ်တစ်ရာဆိုတဲ့အတိုင်း ငယ်ချစ်တွေကို မေ့လို့မရတာ သဘာဝပါ။ အခုလည်း ဘီဘာတစ်ယောက် စက်ဘီးစီးနေတဲ့ပုံတွေကို ဓာတ်ပုံတွေ အမိအရ ရိုက်နိုင်ခဲ့ပြန်ပါပြီ။ ဒီတစ်ခါစက်ဘီးစီးခဲ့တာက ဆလီနာနဲ့မဟုတ်ဘဲ ဟေလီနဲ့ပါ။ ပုံတွေကို ယှဉ်ကြည့်လိုက်ရင် ဘီဘာကြီးတစ်ယောက် ပျော်နေတယ်ဆိုတာ ဟုတ်ရဲ့လားလို့ မေးခွန်းတွေ ထုတ်နေရမှာပါပဲ..

ဘီဘာကြီးတစ်ယောက် ဆလီနာနဲ့ ပြန်အဆင်ပြေချိန်တုန်းက ပျော်ပျော်ရွှင်ရွှင်နဲ့ စက်ဘီးစီးခဲ့တာတွေကို မှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ပုံတွေနဲ့ အခုပုံတွေနဲ့ ပြန်ကြည့်ရင် ဆလီနာနဲ့ကျ ပျော်ရွှင်နေတယ်ထင်ရပြီး ဟေလီနဲ့ကျတော့ မပျော်သလိုဖြစ်နေရတဲ့အတွက် ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေ ပရိသတ်တွေအကြား ပွက်လောရိုက်နေကျပါတယ်။ ဘီဘာ့ ပရိသတ်တွေကတော့ သူဘာလုပ်လုပ် ပျော်နေတာ မြင်ချင်ပါတယ် လို့ပဲပြောနေကြပါတယ်။

ဒီအချိန်မှာ တိုက်ဆိုင်တာလား မပြောတတ်ပေမဲ့ ဆလီနာရဲ့ စာသားလေးတွေကလည်း စောင်မြောင်းသလို ဖြစ်ခဲ့ပါတယ်။ “မင်းဟာ တစ်ယောက်ယောက်နဲ့ ရှိချင်ရှိနေလိမ့်မယ် ဒါမှမဟုတ် မင်းဟာ ငါတို့လုပ်ခဲ့တဲ့ အရာတွေကို တစ်ယောက်ယောက်နဲ့ အတူတူ လုပ်ချင်လုပ်နေလိမ့်မယ်။ ပြီးတော့ မင်းနားလည်လာမှာက အဲဒီအရာတွေဟာ ဘယ်တော့မှ ထပ်တူမကျဘူးဆိုတာပါပဲ။ ငါနဲ့ အမြဲတမ်းမရှိနေဘူးဆိုတာကလည်း မင်းကို တစ်ယောက်တည်း အထီးကျန်နေစေမှာပါပဲ” ဆိုတဲ့ စာသားလေးတွေကို ဆိုရှယ်တွေပေါ် မျှဝေခံစားခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဆလီနာရဲ့ စာသားတွေကို ပရိသတ်တွေက အခုဘီဘာရဲ့ လက်ရှိ ဖြစ်နေတဲ့အခြေအနေတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါမှာတော့ ဘယ်သူ့ကို အပြစ်တင်ရမလဲကို မသိကြတော့ပါဘူးတဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: Aung Bwa - MyanmarNote
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top