ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

နာမည္ေက်ာ္ ေဘာလုံးသမား ေအာင္သူနဲ႔ မင္းသမီး ပိုးအိအိခန႔္တို႔ ခ်စ္သူေမာင္ႏွံဟာ ပရိသတ္ေတြၾကား စိတ္ဝင္စားမႈရရွိထားတဲ့ ခ်စ္သူစုံတြဲ တစ္တြဲျဖစ္ပါတယ္။

နယ္ပယ္မတူေပ မဲ့ ေအာင္ျမင္ေက်ာ္ၾကာသူႏွစ္ဦးျဖစ္တဲ့အတြက္ သူတို႔ႏွစ္ဦးရဲ႕ relationship ကေတာ့ ေဝဖန္တိုက္ခိုက္မႈေတြလည္း ရွိခဲ့ေပမယ့္ နားလည္မႈေတြနဲ႔ ေရွ႕ဆက္ေနၾကတဲ့ သူတို႔ရဲ႕ အခ်စ္ေရးကေတာ့ တကယ္ကို အားက်စရာပါဘဲ ေနာ္ ။

လတ္တေလာမွာေတာ့ သူမအေနနဲ႔ ဗီဒီယိုေဈးကြက္ပ်က္သြားတဲ့ အေပၚစိတ္ဓာတ္ က်ေပမယ့္လည္း ေက်ာင္းစာတစ္ဖက္ အာ႐ုံစိုက္ေနရေတာ့ ေျဖသာပါေသးတယ္လို႔ ေျပာခဲ့ပါတယ္ ။

သူမရဲ႕ခ်စ္သူေအာင္သူ ကေတာ့ ဒီေန႔မွာ ထိုင္းမွာေဘာလုံးသြားကန္ဖို႔ ျမန္မာႏိုင္ငံကေန ထြက္ခြာသြားေပမယ့္လည္း ကိုယ့္အလုပ္နဲ႔ကိုယ္ ရႈပ္ေနၾကလို႔ ေလဆိပ္ကို လိုက္မပို႔ျဖစ္ခဲ့ဘူးလို႔ သူမကေျပာပါတယ္ ။ အေဝးမွာေရာက္ေနတဲ့ သူမရဲ႕ခ်စ္သူ ေအာင္သူ နဲ႔ပတ္သတ္ၿပီး စိတ္မခ် တာ မယုံၾကည္တာေတာ့မရွိဘူး အျပည့္ဝယုံၾကည္တယ္တဲ့ ။

အခုလို တစ္ေယာက္ကို တစ္ေယာက္ နားလည္မႈ ယုံၾကည္မႈေတြနဲ႔ ေရွ႕ဆက္ေနၾကတဲ့ သူမတို႔ စုံတြဲကေတာ့ ခ်စ္သူသက္တမ္း ၆ လေက်ာ္ခဲ့ၿပီဘဲ ျဖစ္ပါတယ္ ။

ေဝဖန္တိုက္ခိုက္မႈ ေတြရွိခဲ့ေပမယ့္လည္း လက္တြဲမျဖဳတ္ဘဲ အခက္ခဲေတြ အတူတူ ရင္ဆိုင္ျဖတ္ေက်ာ္ခဲ့ၾကတဲ့ သူမတို႔စုံတြဲကေတာ့ တကယ္ကို ေလးစားအားက်ဖို႔ေကာင္းလြန္းပါတယ္ေနာ္ ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: BurmeseAsia

#Unicode Version#
နာမည်ကျော် ဘောလုံးသမား အောင်သူနဲ့ မင်းသမီး ပိုးအိအိခန့်တို့ ချစ်သူမောင်နှံဟာ ပရိသတ်တွေကြား စိတ်ဝင်စားမှုရရှိထားတဲ့ ချစ်သူစုံတွဲ တစ်တွဲဖြစ်ပါတယ်။

နယ်ပယ်မတူပေ မဲ့ အောင်မြင်ကျော်ကြာသူနှစ်ဦးဖြစ်တဲ့အတွက် သူတို့နှစ်ဦးရဲ့ relationship ကတော့ ဝေဖန်တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပေမယ့် နားလည်မှုတွေနဲ့ ရှေ့ဆက်နေကြတဲ့ သူတို့ရဲ့ အချစ်ရေးကတော့ တကယ်ကို အားကျစရာပါဘဲ နော် ။

လတ်တလောမှာတော့ သူမအနေနဲ့ ဗီဒီယိုဈေးကွက်ပျက်သွားတဲ့ အပေါ်စိတ်ဓာတ် ကျပေမယ့်လည်း ကျောင်းစာတစ်ဖက် အာရုံစိုက်နေရတော့ ဖြေသာပါသေးတယ်လို့ ပြောခဲ့ပါတယ် ။

သူမရဲ့ချစ်သူအောင်သူ ကတော့ ဒီနေ့မှာ ထိုင်းမှာဘောလုံးသွားကန်ဖို့ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပေမယ့်လည်း ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြလို့ လေဆိပ်ကို လိုက်မပို့ဖြစ်ခဲ့ဘူးလို့ သူမကပြောပါတယ် ။ အဝေးမှာရောက်နေတဲ့ သူမရဲ့ချစ်သူ အောင်သူ နဲ့ပတ်သတ်ပြီး စိတ်မချ တာ မယုံကြည်တာတော့မရှိဘူး အပြည့်ဝယုံကြည်တယ်တဲ့ ။

အခုလို တစ်ယောက်ကို တစ်ယောက် နားလည်မှု ယုံကြည်မှုတွေနဲ့ ရှေ့ဆက်နေကြတဲ့ သူမတို့ စုံတွဲကတော့ ချစ်သူသက်တမ်း ၆ လကျော်ခဲ့ပြီဘဲ ဖြစ်ပါတယ် ။

ဝေဖန်တိုက်ခိုက်မှု တွေရှိခဲ့ပေမယ့်လည်း လက်တွဲမဖြုတ်ဘဲ အခက်ခဲတွေ အတူတူ ရင်ဆိုင်ဖြတ်ကျော်ခဲ့ကြတဲ့ သူမတို့စုံတွဲကတော့ တကယ်ကို လေးစားအားကျဖို့ကောင်းလွန်းပါတယ်နော် ။

ဖိုးသူတော် (www.phothutaw.com)
Credit: BurmeseAsia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top