(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ပဲခူးတုိင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕နယ္ ေတာကြ်ဲအင္း(ခ)ေအာင္ျမင္ နယ္ေျမရဲခန္းက ရဲတပ္ၾကပ္ႀကီးတစ္ဦးဟာ ၾသဂုတ္ ၇ ရက္ မနက္က လမ္းျဖတ္ကူးစဥ္ ကားတုိက္ခံရၿပီး ေနရာမွာပဲ ေသဆုံးသြားတယ္လုိ႔ ေတာကြ်ဲအင္း နယ္ေျမရဲစခန္းက သိရပါတယ္ ။

 ေတာကြ်ဲအင္း (ခ)ေအာင္ျမင္နယ္ေျမ ရဲစခန္းမွာ ကင္းမွဴးတာဝန္ေဆာင္ရြက္ေနတဲ့ ရဲတပ္ၾကပ္ႀကီးဟာ မနက္စာစားဖုိ႔ ကားဂိတ္ကုိအသြား ရန္ကုန္-မႏၲေလး ပုံမွန္ကားလမ္း မုိင္တုိင္ အမွတ္၁၂၆/၆ နဲ႔ ၇ အၾကားမွာ လမ္းျဖတ္ကူးစဥ္ မႏၲေလးဘက္ကေန ရန္ကုန္ဘက္ကုိ (႔ယာဥ္ေမာင္း၊ယာဥ္အမွတ္၊ ယာဥ္အမ်ဳိးအစားစုံစမ္းစိစစ္ဆဲ) ေမာင္းလာတဲ့ကား က ဝင္တုိက္ခ့ဲ တာျဖစ္ပါတယ္။

ယာဥ္ေမာင္းဟာ ယာဥ္နဲ႔ အတူထြက္ေျပးသြားခ့ဲတယ္လုိ႔ သိရပါတယ္။ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေက်ာက္တံခါးၿမိဳ႕နယ္ ေတာကြ်ဲအင္း (ခ)ေအာင္ျမင္ နယ္ေျမရဲစခန္းက ယာဥ္(ပ)၉/၂၀၁၈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ(၃၀၄-က/၂၀၂ ) နဲ႔ အမႈဖြင့္ထားၿပီး ထြက္ေျပးယာဥ္ေမာင္းကုိ ဖမ္းဆီးရမိႏုိင္ဖုိ႔ ရဲစခန္းေတြနဲ႔ ခ်ိတ္ဆက္ေဆာင္ရြက္ေန တယ္လုိ႔ သိရပါတယ္။

သတင္း/ဓာတ္ပံု - ခင္ကုိ(ေက်ာက္တံခါး)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: One News Myanmar
# Unicode Version ျဖင့္ ဖတ္ပါ #
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်း(ခ)အောင်မြင် နယ်မြေရဲခန်းက ရဲတပ်ကြပ်ကြီးတစ်ဦးဟာ သြဂုတ် ၇ ရက် မနက်က လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ တောကျွဲအင်း နယ်မြေရဲစခန်းက သိရပါတယ် ။

 တောကျွဲအင်း (ခ)အောင်မြင်နယ်မြေ ရဲစခန်းမှာ ကင်းမှူးတာဝန်ဆောင်ရွက်နေတဲ့ ရဲတပ်ကြပ်ကြီးဟာ မနက်စာစားဖို့ ကားဂိတ်ကိုအသွား ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်း မိုင်တိုင် အမှတ်၁၂၆/၆ နဲ့ ၇ အကြားမှာ လမ်းဖြတ်ကူးစဉ် မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို (့ယာဉ်မောင်း၊ယာဉ်အမှတ်၊ ယာဉ်အမျိုးအစားစုံစမ်းစိစစ်ဆဲ) မောင်းလာတဲ့ကား က ဝင်တိုက်ခဲ့ တာဖြစ်ပါတယ်။

ယာဉ်မောင်းဟာ ယာဉ်နဲ့ အတူထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်း (ခ)အောင်မြင် နယ်မြေရဲစခန်းက ယာဉ်(ပ)၉/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ(၃၀၄-က/၂၀၂ ) နဲ့ အမှုဖွင့်ထားပြီး ထွက်ပြေးယာဉ်မောင်းကို ဖမ်းဆီးရမိနိုင်ဖို့ ရဲစခန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။

သတင်း/ဓာတ်ပုံ - ခင်ကို(ကျောက်တံခါး)

ဖိုးသူတော် (www.phothutaw.com)
Credit: One News Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top