(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

မိသားစုတစ္စုမွာ ဖခင္နဲ႔ သားေတြဟာ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိတယ္ဆိုရင္ စိတ္ခ်မ္းေျမ့စရာပါ။ မ်ားေသာအားျဖင့္ သားသမီးေတြက ကုိယ္လိုခ်င္တာတစ္ခုခု မိဘေတြကို ပူဆာေတာ့မယ္ဆိုရင္ သမီးေတြက အေဖ၊ သားေတြက အေမကို ကပ္ၾကတာ မ်ားပါတယ္။ အျပင္မွာေတာ့ အရမ္းရင္းႏွီးၿပီး အရမ္းဂရုစိုက္ခ်စ္ၾကတဲ့ သားအဖေတြကိုေတာ့ သိပ္မေတြ႔ရဘူးလို႔ ထင္တာပါပဲ။

အခုေဖာ္ျပေပးမွာကေတာ့ ၾသစေတးလ်က စိတ္၀င္စားစရာလဲေကာင္း၊ ရယ္စရာလဲ ေကာင္းတဲ့ သားအဖ(၂)ဦးရဲ႕ အေၾကာင္းပါ။ ဘာေၾကာင့္လဲဆိုေတာ့ သားျဖစ္သူက အျမဲတမ္းလိုလို ဖခင္ျဖစ္သူရဲ႕ အလစ္ကို ေခ်ာင္းၿပီး တစ္မ်ိဳးမဟုတ္ တစ္မ်ိဳး လိုက္စေနတာပါ။ သူ႔အေနနဲ႔ ဖခင္ၾကီးကို နည္းမ်ိဳးစံုနဲ႔ အေႏွာင့္အယွက္ ေပးေနရတာကိုက အရသာ ေတြ႔ေနပံုလည္း ရပါတယ္။ ဘာပဲေျပာေျပာ သူတို႔ရဲ႕ ဗီဒီယိုေလးကို ၾကည့္မိရင္ သားကဘယ္လုိပဲ ေနာက္ေျပာင္ၿပီး စေနပါေစ၊ စိတ္မဆိုး ေမတၱာမပ်က္ပဲ ရွိေနတဲ့ မိဘေတြရဲ႕ ေႏြးေထြးတဲ့ ေမတၱာကို ကိုယ္ပါခံစားမိပါတယ္။

တခ်ိဳ႕ကလည္း အသက္ၾကီးေနၿပီျဖစ္တဲ့ ဖခင္ကို စေနာက္တာဟာ သားတစ္ေယာက္အေနနဲ႔ မေလးမစားျပဳမူရာေရာက္တယ္လို႔ ေတြးေကာင္းေတြးမိမွာပါ။ ဒါေပမယ့္ သားျဖစ္သူရဲ႕ မူရင္းရည္ရြယ္ခ်က္က ဖခင္ကို တမင္တကာ ဒုကၡေရာက္ေစတာမ်ိဳး မရွိပဲ သူေရာ၊ ဖခင္ၾကီးပါ ေပ်ာ္ရေအာင္၊ ၿပီးေတာ့ ဆိုရွယ္မီဒီယာေပၚက လူေတြလည္း သူတို႔သားအဖကိုၾကည့္ရင္း အေပ်ာ္ကူးစက္ေစေအာင္ ေစတနာထားပံုရတာကို ဗီဒီယိုေလး ၾကည့္ရင္ သိႏိုင္မွာပါ။ ဗီဒီယိုေတြက တကယ္လဲရယ္ရတာမို႔ ေအာက္ဘက္မွာ ၾကည့္ၾကည့္လိုက္ပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hlataw

#Unicode Version#



မိသားစုတစ်စုမှာ ဖခင်နဲ့ သားတွေဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်ဆိုရင် စိတ်ချမ်းမြေ့စရာပါ။ များသောအားဖြင့် သားသမီးတွေက ကိုယ်လိုချင်တာတစ်ခုခု မိဘတွေကို ပူဆာတော့မယ်ဆိုရင် သမီးတွေက အဖေ၊ သားတွေက အမေကို ကပ်ကြတာ များပါတယ်။ အပြင်မှာတော့ အရမ်းရင်းနှီးပြီး အရမ်းဂရုစိုက်ချစ်ကြတဲ့ သားအဖတွေကိုတော့ သိပ်မတွေ့ရဘူးလို့ ထင်တာပါပဲ။

အခုဖော်ပြပေးမှာကတော့ သြစတေးလျက စိတ်ဝင်စားစရာလဲကောင်း၊ ရယ်စရာလဲ ကောင်းတဲ့ သားအဖ(၂)ဦးရဲ့ အကြောင်းပါ။ ဘာကြောင့်လဲဆိုတော့ သားဖြစ်သူက အမြဲတမ်းလိုလို ဖခင်ဖြစ်သူရဲ့ အလစ်ကို ချောင်းပြီး တစ်မျိုးမဟုတ် တစ်မျိုး လိုက်စနေတာပါ။ သူ့အနေနဲ့ ဖခင်ကြီးကို နည်းမျိုးစုံနဲ့ အနှောင့်အယှက် ပေးနေရတာကိုက အရသာ တွေ့နေပုံလည်း ရပါတယ်။ ဘာပဲပြောပြော သူတို့ရဲ့ ဗီဒီယိုလေးကို ကြည့်မိရင် သားကဘယ်လိုပဲ နောက်ပြောင်ပြီး စနေပါစေ၊ စိတ်မဆိုး မေတ္တာမပျက်ပဲ ရှိနေတဲ့ မိဘတွေရဲ့ နွေးထွေးတဲ့ မေတ္တာကို ကိုယ်ပါခံစားမိပါတယ်။

တချို့ကလည်း အသက်ကြီးနေပြီဖြစ်တဲ့ ဖခင်ကို စနောက်တာဟာ သားတစ်ယောက်အနေနဲ့ မလေးမစားပြုမူရာရောက်တယ်လို့ တွေးကောင်းတွေးမိမှာပါ။ ဒါပေမယ့် သားဖြစ်သူရဲ့ မူရင်းရည်ရွယ်ချက်က ဖခင်ကို တမင်တကာ ဒုက္ခရောက်စေတာမျိုး မရှိပဲ သူရော၊ ဖခင်ကြီးပါ ပျော်ရအောင်၊ ပြီးတော့ ဆိုရှယ်မီဒီယာပေါ်က လူတွေလည်း သူတို့သားအဖကိုကြည့်ရင်း အပျော်ကူးစက်စေအောင် စေတနာထားပုံရတာကို ဗီဒီယိုလေး ကြည့်ရင် သိနိုင်မှာပါ။ ဗီဒီယိုတွေက တကယ်လဲရယ်ရတာမို့ အောက်ဘက်မှာ ကြည့်ကြည့်လိုက်ပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit: Hlataw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top