ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

 ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ျပည္တြင္းပုဂၢလိက ဘဏ္မ်ားကို ေဒၚလာေရာင္းခ်ေပးလ်က္ရွိၿပီး ေရာင္းခ်ေပးသည့္ ေဒၚလာပမာဏမွာ တစ္ရက္လွ်င္ တစ္သိန္းဝန္းက်င္ရွိကာ ဇူလိုင္ ၂၇ ရက္မွ ယေန႔အထိ အေမရိကန္ေဒၚလာ ရွစ္သိန္း ေရာင္းခ်ေပးၿပီး ျဖစ္ေၾကာင္း သိရသည္။

ကေမၺာဇဘဏ္မွ အႀကီးတန္းအႀကံေပး ဦးသန္းလြင္က “ေဒၚလာေစ်းက နုိင္ငံတကာမွာလည္း တက္ေနတာ ျဖစ္တဲ႔အတြက္ ဗဟိုဘဏ္ရဲ ႔လုပ္ေဆာင္ခ်က္ကို ျပည္သူေတြ ခဏေတာ႔ ေစာင္႔ၾကည္႔ေစခ်င္ပါတယ္။’’ ဟုဆင္ဟြာကိုေျပာသည္။

ေဒၚလာေစ်းကြက္ကိုေစာင္႔ၾကည္႔ေလ႔လာသူ ဦးစန္းဝင္းက “ေဒၚလာက ေစ်းကြက္ မွာ ဝယ္လိုအားကမ်ားေနတုန္း ပဲ ရွိေသးတယ္။လက္ရွိေဒၚလာေစ်းႏႈန္းက  မွန္းရခက္တဲ႔ အေနအထား ပဲ ရွိတယ္။ အတက္ၾကမ္းသလို အက်လည္း ၾကမ္းနိုင္တယ္။’’ ဟုဆင္ဟြာကိုေျပာသည္။

ၾသဂုတ္လ ၈ ရက္ေန႔ တြင္ ဗဟိုဘဏ္မွ ထုတ္ျပန္သည္႔ တစ္ေဒၚလာေပါက္ေစ်းသည္ ၁၄၃၈က်ပ္ ရွိၿပီး၊ ျပင္ပေစ်းကြက္ တြင္ တစ္ေဒၚလာ ၁၄၇၁ က်ပ္ ရွိၿပီး ပို႔ကုန္ဝင္ေငြ သည္ တစ္ေဒၚလာ ၁၄၇၄ က်ပ္ေပါက္ေစ်းရွိေၾကာင္း သိရသည္။

ဆက္လက္၍ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က ျပည္တြင္းပုဂၢလိကဘဏ္မ်ားကို အေမရိကန္ ေဒၚလာမ်ား ပိုမိုျမႇင့္တင္ေရာင္းခ်ေပးသြားရန္ အစီအစဥ္ ရွိေၾကာင္း၊  ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ ႏိုင္ငံျခား ေငြေစ်းကြက္၏ အေနအထားကို ပုံမွန္ေစာင့္ၾကည့္စစ္ေဆး ေနၿပီး ေစ်းကြက္အတြင္း ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း မတည္မၿငိမ္ျဖစ္ေစမည့္ ေစ်းကစားမႈမ်ားကို ၾကပ္မတ္ ကြပ္ကဲလ်က္ရွိေၾကာင္း၊ ထို႔ျပင္ ဗဟိုဘဏ္၏ ရည္ၫႊန္း ေငြလဲလွယ္ႏႈန္းသည္ ဘဏ္အခ်င္းခ်င္းအၾကား အေရာင္း အဝယ္ရွိမႈအေပၚ အဓိကမူတည္သတ္မွတ္ ေနျခင္းေၾကာင့္ ေစ်းကြက္ႏွင့္ အနီးစပ္ဆုံးျဖစ္သည့္ ေစ်းႏႈန္းတစ္ရပ္ ျဖစ္ေစရန္ ႀကိဳးပမ္းေဆာင္ရြက္ လ်က္ရွိေၾကာင္း ေၾကးမံုသတင္းတြင္ပါရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: (Xinhua)
# Unicode Version ျဖင့္ ဖတ္ပါ #
 မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိက ဘဏ်များကို ဒေါ်လာရောင်းချပေးလျက်ရှိပြီး ရောင်းချပေးသည့် ဒေါ်လာပမာဏမှာ တစ်ရက်လျှင် တစ်သိန်းဝန်းကျင်ရှိကာ ဇူလိုင် ၂၇ ရက်မှ ယနေ့အထိ အမေရိကန်ဒေါ်လာ ရှစ်သိန်း ရောင်းချပေးပြီး ဖြစ်ကြောင်း သိရသည်။

ကမ္ဗောဇဘဏ်မှ အကြီးတန်းအကြံပေး ဦးသန်းလွင်က “ဒေါ်လာဈေးက နိုင်ငံတကာမှာလည်း တက်နေတာ ဖြစ်တဲ့အတွက် ဗဟိုဘဏ်ရဲ့လုပ်ဆောင်ချက်ကို ပြည်သူတွေ ခဏတော့ စောင့်ကြည့်စေချင်ပါတယ်။’’ ဟုဆင်ဟွာကိုပြောသည်။

ဒေါ်လာဈေးကွက်ကိုစောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက “ဒေါ်လာက ဈေးကွက် မှာ ဝယ်လိုအားကများနေတုန်း ပဲ ရှိသေးတယ်။လက်ရှိဒေါ်လာဈေးနှုန်းက  မှန်းရခက်တဲ့ အနေအထား ပဲ ရှိတယ်။ အတက်ကြမ်းသလို အကျလည်း ကြမ်းနိုင်တယ်။’’ ဟုဆင်ဟွာကိုပြောသည်။

သြဂုတ်လ ၈ ရက်နေ့ တွင် ဗဟိုဘဏ်မှ ထုတ်ပြန်သည့် တစ်ဒေါ်လာပေါက်ဈေးသည် ၁၄၃၈ကျပ် ရှိပြီး၊ ပြင်ပဈေးကွက် တွင် တစ်ဒေါ်လာ ၁၄၇၁ ကျပ် ရှိပြီး ပို့ကုန်ဝင်ငွေ သည် တစ်ဒေါ်လာ ၁၄၇၄ ကျပ်ပေါက်ဈေးရှိကြောင်း သိရသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များကို အမေရိကန် ဒေါ်လာများ ပိုမိုမြှင့်တင်ရောင်းချပေးသွားရန် အစီအစဉ် ရှိကြောင်း၊  မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြား ငွေဈေးကွက်၏ အနေအထားကို ပုံမှန်စောင့်ကြည့်စစ်ဆေး နေပြီး ဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေမည့် ဈေးကစားမှုများကို ကြပ်မတ် ကွပ်ကဲလျက်ရှိကြောင်း၊ ထို့ပြင် ဗဟိုဘဏ်၏ ရည်ညွှန်း ငွေလဲလှယ်နှုန်းသည် ဘဏ်အချင်းချင်းအကြား အရောင်း အဝယ်ရှိမှုအပေါ် အဓိကမူတည်သတ်မှတ် နေခြင်းကြောင့် ဈေးကွက်နှင့် အနီးစပ်ဆုံးဖြစ်သည့် ဈေးနှုန်းတစ်ရပ် ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: (Xinhua)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top