iMyanmarHouse.com - Best Property Website for Myanmar
×

 ၾသဂုတ္လ ၈ ရက္ေန့ ည ၉ နာရီခန့္အခ်ိန္တြင္ ရန္ျဖစ္စကားမ်ားေနေသာ သားႏွစ္ဦးကို ဖခင္ျဖစ္သူက ဝင္ေရာက္တားျမစ္ခ်ိန္ သားၾကီးျဖစ္သူက ဖခင္ကို ဓါးျဖင့္ခုတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္ ။

ျဖစ္စဥ္မွာ ေညာင္၀န္းေက်းရြာတြင္ ေနထုိင္သည့္ ႏုိင္းႏုိင္း(၁၇)ႏွစ္ႏွင့္ အစ္ကုိျဖစ္သူ ေက်ာ္မ်ဳိးသူ(၃၀)ႏွစ္တုိ ့က ညီအစ္ကုိခ်င္း စကားမ်ားရန္ျဖစ္ေနသည္ကုိ ဖခင္ျဖစ္သူ ဦးပါက ၀င္ေရာက္တားျမစ္ေျပာဆုိခဲ့ရာ သားၾကီးျဖစ္သူက ဓါးျဖင့္ ဖခင္ကို ခုတ္ခဲ့သည္ ။

ထိုရာတြင္  ေညာင္ဝန္းေက်းရြာေန ဦးဟန္ထြန္း(၅၈)ႏွစ္က ေညာင္ပင္ေဇာက္ေက်းရြာရွိ ဦးပိုက္တင္၏ နာေရးအိမ္၌ ရွိေနစဥ္ အေရးေပၚလူနာတင္ကားေရာက္ရွိလာၿပီး အစ္ကိုဝမ္းကြဲေတာ္စပ္သူ ဦးပါ (၆၂)ႏွစ္အား ျပတ္ရွဒဏ္ရာ(၁)ခ်က္ျဖင့္ ေတြ႕ရွိရ၍ ေမးျမန္းခဲ့ရာမွ အခင္းျဖစ္စဥ္အေၾကာင္း ေပၚေပါက္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္ျပီး သားၾကီးျဖစ္သူ ေက်ာ္မ်ိဳးသူကို ရဲစခန္းမွ (ပ) ၆၉၁/၂၀၁၈ ရာဇသတ္ၾကီးပုဒ္မ ၃၂၆ ျဖင့္ အေရးယူထားေၾကာင္း သိရသည္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#
 သြဂုတ်လ ၈ ရက်နေ့ ည ၉ နာရီခန့်အချိန်တွင် ရန်ဖြစ်စကားများနေသော သားနှစ်ဦးကို ဖခင်ဖြစ်သူက ဝင်ရောက်တားမြစ်ချိန် သားကြီးဖြစ်သူက ဖခင်ကို ဓါးဖြင့်ခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ ညောင်ဝန်းကျေးရွာတွင် နေထိုင်သည့် နိုင်းနိုင်း(၁၇)နှစ်နှင့် အစ်ကိုဖြစ်သူ ကျော်မျိုးသူ(၃၀)နှစ်တို့က ညီအစ်ကိုချင်း စကားများရန်ဖြစ်နေသည်ကို ဖခင်ဖြစ်သူ ဦးပါက ဝင်ရောက်တားမြစ်ပြောဆိုခဲ့ရာ သားကြီးဖြစ်သူက ဓါးဖြင့် ဖခင်ကို ခုတ်ခဲ့သည် ။

ထိုရာတွင်  ညောင်ဝန်းကျေးရွာနေ ဦးဟန်ထွန်း(၅၈)နှစ်က ညောင်ပင်ဇောက်ကျေးရွာရှိ ဦးပိုက်တင်၏ နာရေးအိမ်၌ ရှိနေစဉ် အရေးပေါ်လူနာတင်ကားရောက်ရှိလာပြီး အစ်ကိုဝမ်းကွဲတော်စပ်သူ ဦးပါ (၆၂)နှစ်အား ပြတ်ရှဒဏ်ရာ(၁)ချက်ဖြင့် တွေ့ရှိရ၍ မေးမြန်းခဲ့ရာမှ အခင်းဖြစ်စဉ်အကြောင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သားကြီးဖြစ်သူ ကျော်မျိုးသူကို ရဲစခန်းမှ (ပ) ၆၉၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အရေးယူထားကြောင်း သိရသည် ။


ဖိုးသူတော် (www.phothutaw.com)
Credit: Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top